ရက္ခိုင့်တပ်မတော်(AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် အင်တာဗျူး

ရက္ခိုင့်တပ်မတော်(AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် အင်တာဗျူး

" ဗမာစစ်တပ်က ပလက်ဝမြို့နယ်ကို အခြေခံပြီးတော့ တိုက်နေတယ်ဆိုရင် ကျနော်တို့လည်း ခုခံတိုက်ရမှာပေါ့"

မေး။ ။ AA ရဲ့ လှုပ်ရှားမှုက ပလက်ဝမြို့ပေါ်နဲ့ ပိုပိုနီးလာနေတယ်။ အဲဒါဘာကြောင့်လဲ?

ဖြေ ။ ။ ဒါကတော့ ကျနော်တို့ရဲ့ စစ်ရေးလိုအပ်ချက် အပေါ်အခြေခံ တာပေါ့။

မေး။ ။ ကင်းတလင်းကျေးရွာသားတွေကို ဖမ်းစီးထားတာကော ဘယ်တော့ပြန်လွှတ်ပေးမှာလဲ?

ဖြေ။ ။ ကျနော်တို့ဆီမှာ ဖမ်းစီးထားတဲ့ရွာသား တစ်ယောက်မှမရှိဘူးဗျ၊ အခုသတင်းထွက်နေတဲ့ ၅၂ယောက် ပျောက်နေတယ်ဆိုတာတော့ ကျနော်တို့မသိဘူး၊ ကျနော်တို့ဆီမှာရှိတာက ဖေဖော်ဝါရီလပိုင်းလောက်က ရွာလေးရွာကနေ တပ်မတော်ဘက်က အမြောက်ကြီးနဲ့ပစ်လို့ဆိုပြီး လူဦးရေ ၁၂၄ယောက်က ရွာမှာမနေရဲလို့ ကျနော်တို့တပ်ဘက်က ကူပြီးခေါ်ထားတာရှိတယ်၊ သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နေရာချထားပေးတယ်။အခုလောလောဆယ် သူတို့အဆင်ပြေတဲ့ဟာ လုပ်ကိုင်စားသောက်နေကြပါတယ်။

မေး။ ။ AA အနေနဲ့ အခုလက်ရှိ ချင်းပြည်နယ်အတွင်းမှာ လှုပ်ရှားမှုအပေါ် ချင်းအမျိုးသားတပ်ဦး (CNF) က ဘာပြောတာရှိလဲ။ ပြောဆိုညှိနှိုင်းတာတွေရှိလား?

ဖြေ။ ။ ကျနော်သိသလောက်ပြောရရင်တော့ ခုချိန်ထိ အဲလိုမျိုးမရှိသေးဘူးဗျ၊ ဒီကိစ္စတွေကလည်း ဌာနချုပ်နဲ့ ပိုဆိုင်တာဆိုတော့ ကျနော်လည်းမသိဘူးဗျ။

မေး ။ ။ AAရဲ့ အောက်ခြေတပ်သားတွေက ပလက်ဝဟာ ရခိုင်ပြည်နယ်ဖြစ်တယ်ဆိုပြီး ပြောဆိုတာမျိုးရှိတယ်လို့ ရွာသားတွေဆီက သိရတာတွေရှိတယ်။ AAရဲ့ သဘောထားက ဘာဖြစ်မလဲ။

ဖြေ။ ။ အဲဒါတွေကတော့ သွားပုတ်လေလွင့်ပြောနေတာတွေဘဲဖြစ်မယ်၊ ကျနော်တို့မှာက အဲလိုမျိုးညွှန်ကြားချက် ဘာမှမရှိဘူး၊ ကျနော်တို့မှာက စစ်ရေးလိုအပ်ချက်အရ လှုပ်ရှားတာတွေဘဲရှိတယ်၊ အဲဒီကိစ္စတွေ ညွှန်ကြားတာတွေ ဘာမှမရှိဘူးဗျ။

မေး ။ ။ စစ်ပွဲကြောင့် အစိုးရ ဝန်ထမ်းတွေလည်း တာဝန်ကျရာ မသွားရဲတော့ဘူး၊ စစ်ဘေးရှောင်တွေလည်း များလာတယ် အဲဒီအပေါ်မှာရော ဘာပြောချင်လဲဗျ?

ဖြေ။ ။ တိုက်ပွဲပြင်းထန်တဲ့နေရာတွေမှာတော့ စစ်ရှောင်တွေကတော့ရှိတယ်၊ ကျနော်တို့ ရခိုင်ပြည်ထဲမှာလည်း စစ်ရှောင်တွေ အများကြီးရှိနေတယ်၊ အခုဆိုရာဂဏန်းလောက်တောင်ရှိနေလောက်တယ်၊ စစ်ဖြစ်နေတဲ့နေရာမှာ စစ်ရှောင်စခန်းရှိတာတော့ ဖြစ်ရိုးဖြစ်စဉ်လိုဖြစ်နေတာပေါ့နော်။

မေး။ ။ ပလက်ဝမြို့နယ်အတွင်းမှာ AA အနေနဲ့ လှုပ်ရှားမှုတွေ ဘယ်တော့အဆုံးသတ်နိုင်မလဲ။

ဖြေ။ ။ ပလက်ဝမြို့နယ်မှာ ကျနော်တို့ လှုပ်ရှားနေတယ်ဆိုတာက စစ်ရေးအခြေအနေအရကြောင့်ပေါ့၊ တစ်ကယ်လို့ ပလက်ဝမြို့နယ်မှာ ဗမာစစ်တပ်က ဆုတ်သွားတယ်ဆိုလို့ရှိရင် ကျနော်တို့လည်း လှုပ်ရှားချင်မှလှုပ်ရှားမှာပေါ့၊ ဗမာစစ်တပ်က ပလက်ဝမြို့နယ်ကို အခြေခံပြီးတော့ တိုက်နေတယ်ဆိုရင် ကျနော်တို့လည်း ခုခံတိုက်ရမှာပေါ့လေ။

December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 12, 2024
မိုင်မိုင်မန်းထာ — တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဟာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက်...
December 6, 2024
ဒီဇင်ဘာလကနေစပြီး ကလေးမြို့ နှင့် တီးတိန်မြို့ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်ခုဖြစ်တဲ့ Shalom...
December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...