Published
Thursday, March 14, 2019
ကရင်ဘာသာ အစီအစဉ် (မတ်လ ၁၃၊ ၂၀၁၉)
၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ မြန်မာနိုင်ငံ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်က မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ၄ ကျောင်းက ကျောင်းသူ၊ ကျောင်းသား ၁၄၆ ယောက် ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။
- ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ နို့ဖိုးဒုက္ခသည်စခန်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၅ဝ ကျော် မီးလောင်ပျက်စီးခဲ့သလို ထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။
- နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အခက်အခဲအမျိုးမျိုးကြားက ရှေးရိုးစွဲအယူအဆတွေကို ထိုးဖောက်ကျော်လွှာနိုင်ခဲ့တဲ့ ကေအဲန်ယူ တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။