နာကော်သည် ကချင်ဘာသာ စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သည့် လားဟူ တိုင်းရင်းသူ ဖြစ်ပြီး ကချင်တိုင်းရင်းသား Mahkau Brang Nan (ဘရန်နန်) နှင့် အိမ်ထောင်ကျပြီး နောက်မှာလည်း ကချင်စကားကိုပင် အဓိက ပြောကြပြီး ဘာသာတူ၊ လူမျိုး မတူသည့် သူတို့နှစ်ဦးသည် ချစ်ချစ်ခင်ခင် နေထိုင်ကြသည်။
သူတို့နှစ်ဦးတွင် နောက်ထပ် တူသည့် အချက် တစ်ချက်မှာ နှစ်ဦးစလုံး အမြင်အာရုံ ချို့ယွင်းနေကြခြင်းဖြစ်ပြီး ငယ်စဉ်ကပင် အမြင်အာရုံ ကွယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ဦးတွင် သားသမီး နှစ်ဦး ရှိပြီး သူတို့မိသားစုသည် ခဝဲခြံ မျက်မမြင်ကျောင်းတွင် နေထိုင်ကြခြင်း ဖြစ်သည်။
အသက် ၄၅ နှစ်ရှိပြီ ဖြစ်သည့် နာကော်သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနှိုင်းကျေးရွာမှ ဖြစ်ပြီး အသက် ၅ နှစ် အရွယ်ခန့် ကစပြီး ၁၉၇၉ ခုနှစ်တွင် ရန်ကုန်မျက်မမြင်ကျောင်း ကို ရောက်ရှိခဲ့ပြီး ပညာသင်ကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အချိန်တွင်တော့ နာကော်သည် အမြင်အာရုံချို့တဲ့သူများ စာသင်ကြားရန် အတွက် လိုအပ်သည့် စာရွက် စာတမ်းများကို တည်းဖြတ်စစ်ဆေးသည့် တာဝန်ကို ခဝဲခြံမျက်မမြင်ကျောင်းတွင် လုပ်ကိုင်နေခြင်း ဖြစ်ပြီး ဘရန်နန်သည် မျက်မမြင်ကျောင်းသားများကို ပညာသင်ကြားနေသူ ဖြစ်သည်။
သားတစ်ယောက် သမီးတစ်ယောက် သူတို့နှစ်ဦးတွင် ရှိပြီး သားသည် ခဝဲခြံ မျက်မမြင်ကျောင်းတွင် ကားမောင်းနေပြီး သမီးအငယ်သည် တက္ကသိုလ်ဝင်တန်း ဖြစ်သည်။
သူတို့ နှစ်ဦးသည် တက္ကသိုလ်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နှစ်ဦးစလုံး ဘွဲ့ရပြီးနောက် ခဝဲခြံ မျက်မမြင်ကျောင်းတွင် အလုပ်လုပ်နေကြခြင်း ဖြစ်သည်။
ရန်ကုန်မျက်မမြင်ကျောင်း ခဝဲခြံသည် စတင်တည်ထောင် ခဲ့စဉ်က ခရစ်ယာန် သာသနာပြု အဖွဲ့အစည်းက တည်ထောင်ခဲ့သောကြောင့် ခရစ်ယာန် သာသနာပြုကျောင်းအမည်တွင်နေသော်လည်း မျက်မမြင်များ ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းကြောင့် ဘာသာမရွေး၊ လူမျိုးမရွေး တန်းတူလက်ခံသင်ကြားပေးထားကြောင်း ရန်ကုန်မျက်မမြင်ကျောင်း ခဝဲခြံ၏ တွဲဘက်အထွေထွေ အတွင်းရေးမှူး စောသောင်းကြည် က ရှင်းပြသည်။
အဆိုပါကျောင်းသည် ၁၉၇၅ မှ ယခုအချိန်အထိ ဘွဲ့ရမျက်မမြင် ၅၀ ကျော်၊ တက္ကသိုလ်ဝင်တန်းအောင် ၉၀ နီးပါး နှင့် မျက်မမြင် ၁၀၀၀ ကျော် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီဖြစ်သည်။
၁၉၇၅ သြဂုတ်လ ၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် ရန်ကုန်မျက်မမြင်ကျောင်း ခဝဲခြံသည် နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်သည်။
သူမမျက်မမြင်ကျောင်းရောက်ပြီးနောက် နှစ်အနည်းငယ်ကြာသော် သူမ၏ မိဘများသေဆုံးခဲ့ပြီးနောက် ခိုးကိုးရာမဲ့ မိဘမဲ့ဘဝသို့ရောက်ရှိ ခဲ့ပြီးနောက် အိမ်နှင့်အဆက်အသွယ်ပြတ်သွားခဲ့သည်။
“ယောက်ကျားယူမှ ယောက်ကျားကိုအားကိုးရမယ်ပေါ့၊ အသက်ကြီးလာရင်လည်းကိုယ့်ကိုပြုစု စောင့်ရှောက်မဲ့ သားသမီးလည်းလိုခြင်တယ် ဒါကြောင့်အိမ်ထောင်ပြုခဲ့တယ်။” လို့ နာကော်က ပြောသည်။
သူတို့နှစ်ဦးသည် လူမျိုး မတူသော်လည်း နားလည်မှုရှိစွာဖြင့် ယနေ့တိုင် နေထိုင်နိုင်ခြင်း ဖြစ်သည်။ ဘရန်နန်က သူတို့နှစ်ဦး နားလည်မှုရှိစွာ နေထိုင်နိုင်ခြင်းကို ‘ကချင်မဟုတ်သော်လည်းကချင်စကားတတ်တယ်။ တစ်ယောက်အကြောင်းတစ်ယောက်လေ့လာတယ်။ တစ်ယောက်ရဲ့ အကြောင်းတစ်ယောက်ပြောပြကျတယ်။ အဓိကတော့ နှစ်ယောက်ကြားမှာနားလည်မှုပါပဲ။ နှစ်ယောက်စလုံးဝန်ထမ်းဖြစ်တယ်။ ရတဲ့လစာကိုခြွေတာပြီးစားတယ်။ရတဲ့လစာနှင့်ကလေးတွေကိုကျောင်း ထားကျွေးမွှေးတယ်။” ဟု ဆိုသည်။
ဘရန်နန် နှင့်ချစ်ကြိုက်ပြီး မျက်မမြင်ကျောင်း မှ ဆရာများက လက်ထပ်ပေးခဲ့ခြင်း ဖြစ်သည်။
လူမျိုးမတူ၊ ဘဝခြင်တူဖြစ်တဲ့ နာကော် နှင့် ဘရန်နန်ဟာ မျက်မမြင်ဘဝနှင့် အခက်အခဲပေါင်းများစွာကို အတူကျော်ဖြတ်ရင်း ယခုတူတို့ နှစ်ယောက်မျှော်မှန်းထားတဲ့အတိုင် သားသမီးနှစ်ယောက်ထွန်းကားပြီ သူတို့ ရဲ့မျှော်မှန်းချက်တွေ ဖြစ်ပေါ်လာနေပြီဖြစ်သည်။
“ကျွန်တော်တို့နှစ်ယောက်မျက်မမြင်ပေမဲ့ တူညီသောမေတ္တာတွေရှိပါတယ်။ ဒီလိုနှင့်တစ်ယေက်နှင့် တစ်ယောက်နားလည်မှုရှိကြပါတယ်။”
သူမ၏ခင်ပွန့်သည်လည်း သူမလိုမျက်မမြင်ဘဝနှင့်သာ သည်ကျောင်းကိုရောက်ရှိလာခဲ့ပြီး ပညာသင်ကြားရင်း သူတို့နှင့်ရောက် ဘဝခြင်းတူ၊မျော်မှန်းချက်ခြင်းတူ နှစ်ယောက်သဘာဝ အတူသာယာသော အိမ်ထောင်ဖြင့်တည်ဆောက်ခဲ့သည်။
သူမ၏ခင်ပွန်းအကြောင်းကိုလည်း နာကော်က ယခုလိုပြောပြသည်။
“တစ်အိမ်လုံးမှာဘွဲ့ရတယ်ဆိုဒါလည်းသူမျက်မမြင်တစ်ယေက်ထဲရှိတယ်။ ဒီလိုမျက်မမြင်ဖြစ်ရဒါလည်းဘုရားသခင်ကျေးဇူးတော်ပါပဲလို့ သူကကျွန်မကိုပြောပြတယ်။”
ဘရန်နန်သည်လည်း ဂီတ ဝါသနာပါသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအနှံ့သာမက နိုင်ငံခြား တိုင်းပြည်များသို့ပါ သွားရောက် ဖျော်ဖြေခဲ့သည်။
ယခုလိုမသန်စွမ်းပေမဲ့ သာယာသောခရစ်ယာန်အိမ်ထောင် ကိုနှစ်ဘဝပျော်ရွှင်စွာဖြတ်သန်း နေပြီဖြစ်ပြီး နာကော သည်လည်း မျက်မြင်များရေးထားသောမျက်မမြင်စာအမျိုးမျိုးကို ကွန်ပျူတာ ဖြင့်ပြန်လည်စီစစ်သော အလုပ်ကိုလုပ်ကိုင်နေပြီး သူ့ဘဝလိုမျက်မမြင်သောသူများအတွက်အကျိုးပြုလုပ်ဆောင်နေသလို ဘရန်နန်သည်လည်း မျက်မမြင်ကျောင်းသားများကို ကွန်ပျူတာ သင်ပေးရင်း ပျော်ရွင်စွာ နေထိုင်ကြခြင်းဖြစ်သည်။
လူမျိုး မတူသော်လည်း သူတို့နှစ်ဦး နားလည်မှု ရှိစွာ ချစ်ချစ်ခင်ခင် နေနိုင်သည်ဟု ဘရန်နန်က ဆိုသည်။
“သည်ကျောင်းမှာကအားလုံးကိုလက်ခံတယ်ဆိုတော့ မခွဲခြားပဲ အားလုံးကိုတန်းတူသင်ပေးတယ်” ဟု ဘရန်နန်က ဆိုသည်။