အောက်ခြေအဆင့် မွန်ပါတီ ပေါင်းစည်းရေး ရေချိန်

အောက်ခြေအဆင့် မွန်ပါတီ ပေါင်းစည်းရေး ရေချိန်

ပေါင်းစည်းထားသော မွန်ညီညွှတ်ရေးပါတီသည်အောက်ခြေအဆင့်ဖြစ်သော မြို့နယ်အဆင့် ပေါင်းစည်းရေး လုပ်ငန်းစဉ်များကိုဒီဇင်ဘာလကုန်ပိုင်းမှစ၍ လုပ်ဆောင်လျက်ရှိပြီး ဇန်နဝါရီလကုန် အပြီး ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်။ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှု၊ အခက်အခဲတို့နှင့် ပတ်သက်သော ကိစ္စရပ်များကိုယင်းပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းထားမှုများကို ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

နိုင်လယီတမ

တွဲဖက်အတွင်းရေးမှူး (၁)

မွန်ညီညွှတ်ရေးပါတီ။

ရေး၊ သံဖြူဇရပ်၊ မော်လမြိုင်၊ ဘုရားသုံးဆူ၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရော ၇မြို့နယ်လောက်တော့ မြို့နယ်အဆင့်ပြီးပြီပေါ့လေ။ လောလောဆယ်တော့ တနင်္သာရီတိုင်းကိုတော့ လုပ်နေဆဲ၊ အကောင်အထည်ဖော်နေဆဲပဲပေါ့။ ရန်ကုန်နဲ့ ပဲခူးကတော့ သိပ်တော့ အခက်အခဲကြုံစရာမရှိတဲ့အတွက် ကျွန်တော်တို့ အေးအေးဆေးဆေးပဲ လုပ်လို့ရတဲ့ အခြေအနေဖြစ်တာပေါ့။

မြို့နယ်အဆင့် ပေါင်းစည်းပြီးတဲ့ နေရာတွေမှာတော့ ခရိုင်အဆင့် ပေါင်းစည်းရေးကိုစပြီးတော့ အကောင်အထည်ဖော်နေတဲ့ အနေအထားပေါ့။ ပေါင်းစည်းရေးလုပ်နေတဲ့အချိန် ထူးထူးခြားခြား အခက်အခဲတော့ မရှိပါဘူး။

သို့သော်လည်းပဲ တစ်ဖက်အင်အားစုတွေနဲ့ ပြင်ပအင်အားစုတွေက ပေါင်းစည်းရေးမူအတိုင်းကို နားလည်သွားအောင်တော့ ကျွန်တော်တို့က ရှင်းလင်းပေးရတာပေါ့။ မူအပေါ်မှာ ပေါင်းစည်းတဲ့အပေါ်မှာတော့ တစ်စုံတစ်ရာတော့ ဘာမှ အခက်အခဲမရှိပါဘူး။ အောက်ခြေဆိုတာကလည်း နဂိုကတည်းက ပေါင်းစည်းချင်တဲ့ ဆန္ဒက ရှိပြီးသားဆိုတော့ သူတို့အချင်းချင်းကလည်း ရင်းနှီးမှုရှိပြီးသားဆိုတော့ ဘာအခက်အခဲမှ မရှိပါဘူး။

မော်လမြိုင် ပေါင်းစည်းရေးကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ပြီးသွားပြီ။ မော်လမြိုင်က အခြားမြို့နယ်နဲ့ မတူတာက မြို့နယ်အဆင့် ကော်မတီတွေက နည်းနည်းနဲ့ ဖြစ်လာတယ်။ အဲဒါကို အားလုံးပါဝင်လာအောင် အသစ်ဖွဲ့စည်းတဲ့သဘောပေါ့လေ။ အခြေအနေအရ ညှိနှိုင်းပြီး လုပ်ခဲ့ကြတယ်။ ပြဿနာက ဘာမှမရှိပါဘူး။

မုဒုံမှာလည်း ဗဟိုက မူအတိုင်းပဲ သွားမှာပါ။ နှစ်ဖက်ပါတီပါမယ်။ ပြင်ပအင်အားစုတွေပါမယ်။ ဗဟိုက မူအတိုင်းပဲသွားမှာပါ။

အကြောင်းကြောင်းကြောင့် ဗဟိုကမူအတိုင်း ပေါင်းစည်းဖို့ အခက်အခဲဖြစ်ရင် ပေါင်းစည်းဖို့ နှစ်ဖက်ပါတီဝင်တွေရဲ့ သဘောအတိုင်းဆက်ပြီး အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

ရန်ကုန်နဲ့ ပဲခူးကတော့ သတ်မှတ်အချိန်အတွင်းမှာ ပြီးအောင်လုပ်ဖို့ ပြောထားတယ်။ အရင်ကဆို မွန်အမျိုးသားပါတီတွေရဲ့ စည်းရုံးရေးအဖွဲ့တွေရှိတဲ့အတွက် ရှိတဲ့အဖွဲ့ကိုပဲ ပြန်ပြီးမွမ်းမံလိုက်မယ်ဆိုရင် ပိုပြီးအဆင်ပြေသွားမယ့် အခြေအနေရှိပါတယ်။

ပါတီအနေနဲ့ကတော့ အဆင့်ဆင့်ပေါင်းစည်းရေးကိုပဲ အဓိက ဦးစားပေး လုပ်ဆောင်နေပါတယ်။ အဆင့်ဆင့်ပေါင်းစည်းရေး အဆင်ပြေမှ ကျန်တဲ့အပိုင်းတွေကို ဆက်လုပ်လို့ အဆင်ပြေမှာဖြစ်တယ်။

အဆင့်ဆင့်ပေါင်းစည်းရေးကို တစိုက်မတ်မတ်လုပ်နေတယ်။ ပြီးမှ ကျန်တာတွေ ဆက်လုပ်ဖို့ရှိတယ်။ ဇန်နဝါရီလကုန် အပြီးလုပ်မှာပါ။

ပါတီမှတ်ပုံတင်ထားတဲ့အခြေအနေက ကျွန်တော်တို့ ၁၈ဦးကို ပြည်ထဲရေးဝန်ကြီးဌာနက စသုံးလုံးတို့၊ လဝက၊ မှုခင်းတပ်ဖွဲ့တို့က ကျွန်တော်တို့ ကိုယ်ရေးရာဇဝင်ကို စစ်ဆေးနေတယ်။ ပေါင်းစည်းသွားတဲ့ အနေအထားမှာပဲ ရှိနေတယ်။ သူတို့ရဲ့ ဥပဒေအရက အမည်စာရင်းတင်ထားတဲ့ ၁၈ဦးက မှန်မှန်ကန်ကန် ညီညွတ်မှုရှိမရှိ၊ အချက်အလက်တွေ မှန်မမှန် စိစစ်တဲ့အပေါ်မှာ ပြည်ထောင်စုကော်မရှင်က ဆုံးဖြတ်ပေးမယ်။ ကော်မရှင်က ခွင့်ပြုမယ်ဆိုရင်လည်း အများပြည်သူက ကန့်ကွက်တာရှိမရှိ ကြည့်ဖို့ တစ်ပတ်စောင့်ကြည့်မယ် ပြီးမှ အများပြည်သူ သဘောတူရင် ခွင့်ပြုမိန့်ချပေးမယ်ပေါ့။ တနင်္သာရီတိုင်းမှာတော့ လုပ်နေဆဲပါပဲ။ အခက်အခဲတစ်စုံတစ်ရာတော့ မရှိသေးပါဘူး။

နိုင်စံတင်

တွဲဖက်အတွင်းရေးမှူး(၂)

မွန်ညီညွှတ်ရေးပါတီ။

ဘာစိန်ခေါ်မှုမှမရှိဘူး။ ကျွန်တော်တို့က အပေါ်မှာ ပေါင်းနေလို့ အောက်ခြေမှာပါ ပေါင်းလိုက်တာပဲ။ ဘာစိန်ခေါ်မှုမှ မရှိသေးဘူး။ အားလုံးအဆင်ပြေတယ်။

ကျွန်တော်တို့ မွန်ပြည်နယ်မှာဆိုရင် ကျိုက်ထို၊ သထုံ၊ ဘီးလင်းပေါ့။

အဲဒီဘက်ခြမ်းသွားပြီးတော့ ပြန်ပေါင်းစည်းဖို့အတွက် လုပ်မှာ။ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုပဲ ကျန်တော့တယ်။ ကျန်တာတွေကတော့ ပြီးပါပြီ။

မော်လမြိုင်ပေါင်းစည်းရေးကလည်း ရပြီလေ။ အားလုံးအဆင်ပြေသွားပြီ။ အဖွဲ့လည်းဖွဲ့ပြီးပြီ။ မြို့နယ်ကော်မတီလည်း ဖွဲ့ပြီးပြီ။ ဘာစိန်ခေါ်မှုမှ မရှိဘူး။

အခုလည်း တနင်္သာရီဘက်ကို သွားနေပြီ။ နိုင်စိုးမြင့်တို့ ဦးဆောင်ပြီးတော့ သွားနေပြီ။ မနေ့ကမှ သူတို့ ထွက်သွားတယ်ဆိုတော့ သုံးရက်လောက်နေရင် ပြီးပါပြီ။

ရပ်ကျေးအဆင့်က မြို့နယ်ကနေ ဆက်လုပ်သွားမှာ မုဒုံကလည်း လုပ်နေပြီ။ ပြီးသလောက်ရှိနေပြီ။ ကျန်တဲ့ မြို့နယ်တွေက မွန်အမျိုးသားနေ့နဲ့ ရှုပ်နေလို့ ပြီးရင် ဆက်လုပ်ကြမယ်။ ကျေးရွာပေါင်းစည်းရေးတွေ။ ရပ်ကျေးပေါင်းစည်းရေးကို

ဗဟိုပုံစံအတိုင်းပဲ လုပ်ထားတယ်။ ဒါပေမဲ့ သူတို့ရဲ့ သဘောထားလည်းပါတာပေါ့။ သူတို့က အဟောင်းကို ပြန်မလုပ်ဘဲ အသစ်အတိုင်းပေါင်းမယ်ဆိုရင်လည်း ပြန်ဖွဲ့ပေးလိုက်တာပေါ့။ အဟောင်းအတိုင်းပဲ ပေါင်းမယ်ဆိုလည်း ပေါင်းပေါ့။ အဟောင်းဆို လူတွေလျော့သွားတာလည်းရှိတယ်။

အဲဒီအတိုင်းပေါင်းမယ်ဆိုလည်းပေါင်းပေါ့။ လူတွေပြန်မရွေးတော့ဘူး။ အသစ်အတိုင်းဆို ပြန်ရွေးချယ်ပြီး ပေါင်းတာပေါ့။

ကျွန်တော်တို့ဆီမှာ ပေါင်းစည်းခွင့်ကျတာနဲ့ မှတ်ပုံတင် တင်မှာပေါ့။ မှတ်ပုံတင်မကျသေးဘူး။ ပါတီတည်ထောင်ခွင့်တောင်မကျသေးဘူး။

တည်ထောင်ခွင့်ကျပြီးမှ မှတ်ပုံတင်တင်ရမှာ မှတ်ပုံတင်ကျမှပဲ ပါတီအင်အားကို စုရမှာ။

လောလောဆယ်တော့ မွန်အမျိုးသားနေ့နဲ့ ပေါင်းစည်းရေးကိုပဲ လုပ်ဆောင်နေတယ်။ ကျန်တာဘာမှတော့ မရှိသေးဘူး။

ပါတီတည်ထောင်ခွင့်က မကျသေးတော့ ဘာမှလှုပ်ရှားလို့မရသေးဘူး။ အဲဒါကျပြီးမှ မှတ်ပုံတင်ကို တင်ရမှာ သူအကြောင်းကြားပြီဆိုရင်တော့ တည်ထောင်ခွင့်ရပြီ မှတ်ပုံတင်ရမှာပေါ့။ အမည်နဲ့ ပတ်သက်ပြီး ဘာမှမပြောတော့ဘူး။

ကျွန်တော်တို့ကိုတောင် စိစစ်နေပြီဆိုတော့ အမည်သစ်ကို သူတို့ လက်ခံတဲ့သဘောပဲ။ ကျွန်တော်တို့ ပြန်ပြောင်းထားတဲ့ မွန်ညီညွတ်ရေးပါတီပေါ့။ ကိုယ်ရေးရာဇဝင်တွေကို စိစစ်နေပြီဆိုတော့ ပါတီအမည်သစ်ကို လက်ခံပြီဆိုတဲ့ သဘောပဲလေ။ ကိုယ်ရေးရာဇဝင်ကို စစ်ဆေးတာလည်း ပြီးပြီလေ။

မြို့နယ် ပေါင်းစည်းမှုတွေပြီးနေပြီဆိုတော့ ရပ်ကျေးပေါင်းစည်းမှုတွေ မလုပ်ရသေးတဲ့နေရာတွေကို ကျွန်တော်တို့ အပေါ်ကနေ ညွှန်ကြားစာပို့မှာပေါ့။ ဘယ်လို ပေါင်းစည်းရမလဲဆိုတာ။ ပို့တဲ့မြို့နယ်တွေကိုလည်း ခုနက ပြောသလိုပဲ မွန်အမျိုးသားနေ့နဲ့ ရှုပ်နေကြလို့ အဲဒါကို ဦးစားပေးထားတယ်။ ပြီးမှပဲ ကျန်တဲ့ မြို့နယ်တွေ ဆက်လုပ်သွားမယ်။

နိုင်စိုးမြင့်

တွဲဖက်အတွင်းရေးမှူး(၃)

မွန်ညီညွှတ်ရေးပါတီ

ကျွန်တော်တို့အခုက မြို့နယ်အဆင့်ပေါင်းစည်းရေးကတော့ ၉မြို့နယ်လောက်တော့ ပြီးပြီပေါ့။ ကျန်တဲ့ ကျိုက်ထို့နဲ့ သထုံကိုတော့ သူတို့ ဆက်သွားမယ်။

ကျွန်တော်ကတော့ ကော့သောင်းဆင်းနေတယ်။ ကျွန်တော်တို့က ကော့သောင်းခရီးစဉ်ပေါ့။ ပေါင်းစည်းရေးမှာတော့

ပြဿနာသေးသေးလေးတော့ရှိတာပေါ့။ အဲဒီလောက်လေးပါပဲ။ အောက်ခြေမှာက နားလည်မှုအားနည်းတာပေါ့။ ဒါကတော့ ဖြေရှင်းလို့ရပါတယ်။ ပြေလည်အောင် ရှင်းပြရတာပေါ့။ ပြေလည်ပါတယ်။ အခက်အခဲတော့ မရှိဘူးလို့

ကျွန်တော်ပြောချင်တယ်။ ပါတီစွဲတွေ၊ ဌာနစွဲတွေတော့ ရှိတာပေါ့။ ကိုယ့်ပါတီ သူပါတီရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အပေါ်ကနေ ညှိနှိုင်းပေးတယ်။ ရှင်းပြပေးတာပေါ့။

ရပ်ကျေးကတော့ ဆင်းနေတယ်။ ကျွန်တော်တို့က မြို့နယ်ကနေ တစ်ဆင့်ပြီးရင် သူတို့ဘာသာသူတို့ ဆင်းတယ်။ သက်ဆိုင်ရာ မြို့နယ်ကော်မတီကနေ ရပ်ကျေးအဆင့်တွေကို သူတို့ဘာသာ သူတို့ဆင်းတယ်။ ကျွန်တော်တို့ကတော့ မပါတော့ဘူး။ ဗဟိုအတိုင်းပဲ လုပ်ဆောင်တာပဲ။ ဒါပေမဲ့ နည်းနည်းတော့ လျော့သွားတာပေါ့။ ရပ်ကျေးမှာက သူတို့သဘောဆန္ဒအတိုင်းလည်း ပါတယ်။ လုပ်ဆောင်ပေးတယ်။

တနင်္သာရီတိုင်းမှာ ကျွန်တော်တို့ပါတီဝင်တွေလည်း ရှိတယ်၊

တခြားပါတီတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့က ပေါင်းစည်းပြီးသားဖြစ်တယ်။

ကျွန်တော်တို့က သဘောအတိုင်းသွားရတာပဲ။ ရွာထဲမှာတော့ ရှိတယ်။ သိပ်ပြီး ဆောင်ရွက်စရာတော့ မလိုပါဘူး။ သူတို့က ပေါင်းပြီးသားတော့ ဖြစ်နေပါပြီ။

ကျွန်တော်တို့က အခုက မှတ်ပုံတင်မကျသေးတော့ ကျွန်တော်တို့က ကျတဲ့အထိ စောင့်နေလို့မရဘူး။ ပေါင်းစည်းမှုတွေကိုတော့ လုပ်ထားမှဖြစ်မယ်။

ကော်မရှင်ကတော့ ချပေးမှာပေါ့။ ကျမှပဲ ထပ်ပြီး လုပ်ရဦးမယ်။ မှတ်ပုံတင်ကျရင် နောက်တစ်ခါ ထပ်ပြီး မှတ်ပုံပြန်တင်ရမယ်။ အဲဒီအချိန်ဆို ၂ဝ၁၉နှစ်လယ်ပိုင်းလောက်ဖြစ်သွားမယ်။ ကျွန်တော်တို့က အောက်ခြေတွေပေါင်းထားပြီးရင်တော့ ကျန်တာတွေက မြန်ဆန်လာမှာပါ။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...