ရွှေ့ပြောင်းတောင်ယာနဲ့ပဲ အသက်ဆက်မယ်

ရွှေ့ပြောင်းတောင်ယာနဲ့ပဲ အသက်ဆက်မယ်

ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စု၊ ပလဲလယ်ကျေးရွာဟာဆိုရင် နန်းဖဲကျေးရွာကနေ ဆိုင်ကယ်ခရီး မိနစ် ၃၀ လောက်သာ စီးနှင်ရမှာဖြစ်ပြီး အခြားတောင်ပေါ်ဒေသလိုမျိုး ရွေ့ပြောင်းတောင်ယာလုပ်ငန်းကို စားဝတ်နေရေးအတွက် လုပ်ကိုင်နေရတဲ့ ရွာလေးဖြစ်ပါတယ်။

တောင်ပေါ်ဒေသမှာနေတာကြောင့် တောင်ယာလုပ်ငန်းမှအပ အခြားစီးပွားဖြစ် သီးနှံစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ဖို့ အဆင်မပြေလှပါ။ ဒါ့ကြောင့် အပိုဝင်ငွေဆိုတာလည်း ရွာမှာနေတဲ့ ရွာသူရွာသားတို့အတွက် မရှိသလို ရွေ့ပြောင်းတောင်ယာကလည်း ကျေးရွာနေ ရွာသားတွေရဲ့ စားဝတ်နေရေးအတွက် မရှိမဖြစ်ပါဘဲ။

“ကျွန်တော်တို့ စမလုပ်ခင်ကတည်းက ကျွန်တော်တို့ မိဘတွေပေါ့ မိရိုးဖလာအနေနဲ့ ဒီလိုမျိုးပဲလုပ်စားရတယ်။ တခြား အလုပ်လည်း မရှိခါကျတော့ ဒီရွေ့ပြောင်းတောင်ယာပဲ လုပ်စားတယ်။ အသက်မွေးဝမ်းကြောင်းနဲ့ အဲလိုမျိုးလုပ်ရတယ်” ဦးမိုးဇက်က ပြောပါတယ်။

အသက်၅၀ကျော်အရွယ် ဦးမိုးဇက် ဟာ သားသမီးလေးယောက် အရွယ်ရောက်လာသည်အထိ တောင်ယာလုပ်ငန်းတစ်ခုဖြင့်သာ ယနေ့ထိတိုင် ကျွေးမွေးလာတာပဲ ဖြစ်ပါတယ်။ သားသမီးတွေ အရွယ်ရောက် အိမ်ထောင်ကျတဲ့အခါမှာ ဒီတောင်ယာလုပ်ငန်းတစ်ခုတည်းသာ ကျင်လည်နေဆဲဖြစ်ပါတယ်။

ဒီ ဇန်နဝါရီလပိုင်းကာလဟာဆိုရင် ဦးမိုးဇက်သာ မက အခြား တောင်ယာသမားများကလည်း နေပူထဲ တောတောင်ခုံေျတွကို တိုးပြီး တောင်ယာအသစ်အတွက် ခုံျရှင်း၊ သစ်ခုတ် နေကြပါတယ်။

သူကတော့ ရွေ့ပြောင်းတောင်ယာဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရတဲ့သူေတွအနက် တစ်ယောက်အပါအဝင်ပါပဲ။

မျိုးရိုးစဉ်ဆက် လုပ်လာခဲ့တဲ့ ရွေ့ပြောင်းတောင်ယာလုပ်ငန်းကို မိဘတွေနဲ့အတူ အသက် ၂၀ အရွယ်ကတည်းက စလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။

အခုချိန်မှာ သူက မိသားစုနဲ့အတူ ဒီတစ်နှစ်စာ ဝမ်းရေးဖူလုံဖို့အတွက် နေပူထဲမှာ ချွေးတလုံးလုံးနဲ့ တောင်ယာရှင်းနေရအုံးမှာပဲ ဖြစ်ပါတယ်။

ရွာမှာနေတဲ့ ရွာသူရွာသားတွေ အဖို့ တောင်ယာလုပ်ငန်းဖြင့်သာ တစ်နှစ်ပတ်လုံး ပတ်ချာလည် အချိန်ကုန်နေရပါတယ်။ နှစ်တစ်နှစ်ရဲ့ အစပိုင်းလ တွေမှာဆိုရင် တောင်ယာအသစ်အတွက် မြေနေရာကို ရှာဖွေ၊ ခုတ်၊ ရှင်းလင်း၊ ခုတ်ထားတဲ့ အပင်တွေကို အခြောက်လှမ်း၊ ခြောက်လာပြီဆိုရင် မီးရှို့၊ ထင်းခွေ အဲဒီအရာတွေ အကုန်လုံးလုပ်ပြီးပြီဆိုရင်တော့ ကိုယ်ရွေးထားတဲ့ မြေနေရာကို ခြံခတ်ခြင်း ပြန်ဆောင်ရွက်ပါတယ်။

မိုးရာသီရောက်ပြီဆိုရင်တော့ တောင်ယာခင်းမှာ စပါးတွေထည့်ပြီး တစ်မိုးလုံး ပေါင်းရှင်း၊ ပေါင်းလိုက် စတာတွေကို လုပ်ရပြီး ၁၀လပိုင်း၊ ၁၁လပိုင်းမှာဆိုရင်တော့ ကိုယ့်တောင်ယာအခင်းကို ပြန်ရိတ်သိမ်းရပါတယ်။

၆နှစ်တစ်ကြိမ်လုပ်ရတဲ့ ရွေ့ပြောင်းတောင်ယာဖြစ်တာကြောင့် တောင်ယာခင်းတွေ သတ်မှတ်တဲ့အခါမှာတော့ ရွာသူရွာသားတွေက တစ်မိသားစုနဲ့ တစ်မိသားစု နားလည်မှုသဘောနဲ့ မိရိုးဖလာ ဘိုးဘွားကတည်းက အခင်းတွေကို သတ်မှတ်ကြတယ်လို့ဆိုပါတယ်။

ဦးမိုးဇက်က “ကိုယ်တတ်နိုင်တဲ့ခင်းလောက်ပဲ ကျွန်တော်တို့ကြိုးစားပမ်းစားခုတ်၊ နောက် နည်းနည်းပါးပါးပဲလုပ်ရတယ် ကိုယ်တတ်နိုင်သလောက်ပဲလုပ်ရတယ်။ နောက် မိသားစုများတဲ့သူက နည်းနည်း နေရာကျယ်ကျယ်ယူထားတယ်။ ဒါပေမယ့် နောက်တစ်ခေါက် ဒီအလှည့်ကျ တောင်ယာကို ဥပမာ- အခုကျွန်တော်တို့ခုတ်တဲ့ ဒီတောင်ယာဆိုရင် ၆နှစ်တစ်ကြိမ်ခုတ်ရတယ် အလှည့်ကျနဲ့ သွားတာပေါ့ ဒီနှစ်သူခုတ်ရင် နောက်နှစ်ကျ အခြားသူက အဲဒီတောင်ယာခင်းကို ပြန်လုပ်လို့ရတယ်” လို့ ဆိုပါတယ်။

ရွေ့ပြောင်းတောင်ယာလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို ပြောရမယ်ဆိုရင်တော့ တစ်နှစ်တစ်ကြိမ်ပဲ တောင်ယာလုပ်တာကြောင့် မြေသြဇာကို တကူးတက ထည့်စရာမလိုဘဲ သဘာဝမြေသြဇာဖြင့်သာ စပါးတွေ ကောင်းတယ်လို့ ဆိုကြပါတယ်။

တောင်ယာစပါးတွေအကြား ကြားညှပ်သီးနှံတွေအနေနဲ့ ပြောင်းကောက်ကို စိုက်သလို သခွား၊ ပဲသီး၊ ငရုပ်သီး စတာတွေကိုတော့ စိုက်ပျိုးတော့ ဟင်းအတွက် ရကြပါတယ်။

တောင်ယာခင်းလုပ်တာနဲ့ ပတ်သက်ပြီး ချစ်စရာကောင်းတဲ့ အချက်တစ်ခုကို ပြောရမယ်ဆိုရင်တော့ တောင်ယာပြန်ရိတ်သိမ်း တဲ့ကာလမှာဆိုရင် ရွာသားတွေထဲက တစ်ယောက် စပါးရိတ်သိမ်းမယ်ဆိုရင် အခြားရွာသူရွာသားတွေက အချင်းချင်း အပြန်အလှန် ကူညီကြတဲ့ ဓလေ့ပဲ ဖြစ်ပါတယ်။

အဲဒီလို ကူညီတာနဲ့ ပတ်သက်ပြီး အဖိုးအခပေးစရာမလိုပါဘူး။ ဒါပေမယ့် နေ့လည်စာကိုတော့ အားလုံးအတွက် ပြန်ဧည့်ခံကျွေးမွေးတဲ့ ထုံးစံတစ်ခုလိုပဲဖြစ်နေပါတယ်။

တစ်နိုင်တစ်ပိုင် ဝင်ငွေရဖို့အတွက် ကလေးတွေ ကျောင်းစရိတ်တွေ ရရှိဖို့အတွက်ဆိုပြီး ရှားစေး၊ ငရုပ်သီးတွေ စိုက်ပျိုးတယ်လို့ဆိုပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေါ်နော်အေးရှာက “ကလေးတွေ ကျောင်းနေဖို့အတွက် ရှားစေးလုပ်တယ်။ နှမ်းခင်းလုပ်တယ်။ ငရုပ်သီးခင်းလုပ် ရောင်းတော့ ကလေးကျောင်းစရိတ်ရတယ်။အခြားဝင်ေငွမရှိတော့ ငရုပ်သီးရောင်းလို့ပဲ နည်းနည်းပါးပါး ကျောင်းစရိတ်သုံးတယ်” လို့ ပြောပါတယ်။

ရွာနဲ့အလှမ်းဝေးတဲ့ လွိုင်ကော်မြို့မှာ ဘဝတစ်ဆစ်ချိုး တက္ကသိုလ်ဝင်စားမေးပွဲကို ဖြေဆိုဖို့ ပညာသင်ယူနေတဲ့ သမီးဖြစ်သူရဲ့ ပညာသင်စရိတ်အပြင်၊ အဆောင်ဖိုး၊ ကျူရှင်ခ၊ ထမင်းဖိုး၊ ဟင်းဖိုး စတာတွေကို လက်မတွန့်ဘဲ ပေးနိုင်ဖို့အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားတဲ့ ငရုပ်သီး၊ နှမ်း စတဲ့ သီးနှံတွေကို ရောင်းပြီး ပေးချေနေရတာပါ။

သားသမီး သုံးယောက်ရှိတယ်လို့ ဆိုပေမယ့် အခုချိန်မှာတော့ ပညာရေး၊ စီးပွားရေး အတွက် ရွာပြင်ပမှာ သွားရောက်လုပ်ကိုင်နေကြတဲ့အတွက် သူမအနားမှာ သားသမီးတစ်ယောက်မျှမရှိပါ။ ယောကျ်းဖြစ်သူနဲ့အတူ မိမိတို့ တစ်နှစ်တာ ဝမ်းရေးအဆင်ပြေဖို့အတွက် တောင်ယာခုတ်ရှင်းရင်း နေပူဒဏ်၊ လက်ညောင်း ခါးညောင်းဒဏ် ကြောင့် အပင်ငယ်လေးအောက်မှာ ခနတဖြူတ် ထိုင်ပြီး လွယ်အိတ်ထဲအသင့်ပါလာတဲ့ ကွမ်းသီးကွမ်းရွက်ထုတ်ကို ယူစားရင်း ပြောဆိုနေပါတယ်။

ရွေ့ပြောင်းတောင်ယာလုပ်ငန်းဟာ ဝမ်းစာအတွက် ဖူလုံတယ်လို့ဆိုပေမယ့် တခြားသော ငွေရေးကြေးရေး လိုအပ်တာကြောင့် ဖာလာကို စစိုက်ပျိုးနေကြပါပြီ။ သို့သော် ပလဲလယ်ရွာက အပူပိုင်းဒေသထဲမှာ ကျရောက်နေတာကြောင့် ရွာနဲ့ဝေးတဲ့ အအေးပိုင်းဒေသမှာ သွားရောက် စိုက်ပျိုးခဲ့ပြီး ဖာလာစိုက်တဲ့လုပ်ငန်းကအောင်မြင်မယ်ဆိုရင် ရွာသူရွာသားတွေအတွက် တစ်နိုင်တစ်ပိုင် ငွေရေးကြေးရေး အဆင်ပြေလာမယ်လို့ မျှော်လင့်နေကြပါတယ်။

Most read this week

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...