“မွန်ပြည်နယ် တရားဥပဒေစိုးမိုးရေးတည်ငြိမ်အေးချမ်းမှုရှိဖို့အတွက် မွန်ပြည်နယ်မှာရှိတဲ့ လူမျိုးမရွေးဘာသာမရွေး အားလုံးမှာတာဝန်ရှိ တယ်”

“မွန်ပြည်နယ် တရားဥပဒေစိုးမိုးရေးတည်ငြိမ်အေးချမ်းမှုရှိဖို့အတွက် မွန်ပြည်နယ်မှာရှိတဲ့ လူမျိုးမရွေးဘာသာမရွေး အားလုံးမှာတာဝန်ရှိ တယ်”
by -
ဟင်္သာမီဒီယာ
ရခိုင်နယ်စပ်အကြမ်းဖက်မှုနှင့်ဆက်စပ်ပြီး အိမ်နီးချင်းနိုင်ငံမှဘင်္ဂါလီဟုယူဆရသည့် တရားမဝင်နေထိုင်သူများမှာမွန်၊ကရင်နယ်စပ်မှတစ်ဆင့် မလေးရှားကဲ့သို့သောနိုင်ငံများသို့ ပွဲစားများအကူအညီဖြင့် သွားရောက်ခြင်းများရှိခဲ့ပြီးမွန်ပြည်နယ်မှတစ်ဆင့် ဖြတ်သန်းသွားလာစဉ်ဖမ်းဆီးရမှူများဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့သော ဖြစ်စဉ်များပေါ်ပေါက်ခဲ့သဖြင့် မွန်ပြည်နယ်၏လုံခြံုရေး ကိုမည်သည့်ပုံစံမျိုးဖြင့် နေရာချထားဆောင်ရွက်မှုများပြုလုပ်ထားသည်ကို ပြည်သူများသိရှိစေရန်အတွက် မွန်ပြည်နယ် လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်းဦးအားတွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက်ရပါသည်။

ဟင်္သာမီဒီယာ။   ။ ပြည်နယ်အစိုးအဖွဲ့အနေနဲ့ မွန်ပြည်နယ်မှာလုံခြံုရေးဘယ်လိုတွေဆောင်ရွက်ထားပါသလဲ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး။   ။ ငါတို့မွန်ပြည်နယ်မှာအရေးပေါ်စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်းထားတယ် အရေးပေါ်စီမံခန့်ခွဲမှုကော်မတီ မှာဝန်ကြီးချုပ်ကဥက္ကဋ္ဌ၊ လုံနယ်ဝန်ကြီးကအတွင်းရေးမှူး ဒီအစိုးရအဖွဲ့ဝင်တွေ အကုန်လုံးပါတယ် အဲ့ဒီလိုနဲ့ကော်မတီကိုဖွဲ့ထားတယ်။

ဒီကော်မတီကဘာတွေလုပ်ရမှာလည်းဆိုတော့ လုပ်ငန်းတာဝန်တွေသတ်မှတ်ပြီးသားပဲအရေးပေါ်အခြေနေ ပြဿနာတစ်စုံတစ် ရာဖြစ်ပေါ်လာလို့ရှိရင် ကော်မတီကနေကိုင်တွယ်ဆောင် ရွက်သွားမှာပါ။ အဲ့တော့ လုံခြံုရေးဆိုတာက နှစ်ပိုင်းရှိတယ် အမြဲတမ်းပုံသေချထားတဲ့လုံခြံုရေးဆိုတာရှိတယ် ထပ်ပြီးတော့မှ အခြေအနေအချိိန်အခါပေါ်မှာမူတည်ပြီးတော့မှ စီမံဆောင်ရွက်ရတဲ့လုံခြံုရေးတွေလည်းရှိတယ် အဲ့တော့ လုံခြံုရေးလုပ်တဲ့နေရာမှာသတင်းလက်ဦးမှုရဖို့ကအရေးကြီးတယ်။

ဟင်္သာမီဒီယာ။   ။ လုံခြံုရေးနဲ့ ပတ်သက်ပြီးသတင်းလက်ဦးမှုရရှိအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါလဲ၊ လက်ရှိမြို့နယ်တွေမှာ ဘယ်လိုသူတွေနဲ့ ကော်မတီဖွဲ့စည်းထားလဲ။ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ထားပါသလဲ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး။   ။ သတင်းလက်ဦးမှုရရှိအောင် သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကလည်း စီမံဆောင်ရွက်နေတယ် အလားတူမြို့နယ်အလိုက် မြို့နယ်ဆယ်မြို့နယ်စလုံးမှာ မြို့နယ်တည်ငြိမ်မှုထိန်းသိမ်းရေးပူးပေါင်းအဖွဲ့ဆိုတာတွေ ဖွဲ့စည်းထားတယ် အဲ့ဒီအဖွဲ့တွေမှာဘယ်သူတွေပါလည်းဆိုရင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးကဥက္ကဋ္ဌ ပြီးရင်ပါတီကိုယ်စားလှယ်တွေပါတယ် ။ အဲ့ဒီမြို့နယ်ထဲမှာရှိနေတဲ့ပါတီကိုယ်စားလှယ်တွေ အကုန်ပါတယ် ပြီးရင်အဲ့ဒါအပြင် ဘာသာရေးကိုယ်စားလှယ်တွေပါတယ် ဆိုလိုတာကခရစ်ယာန်ကိုယ်စားလှယ်တွေပါတယ် မူဆလင်ကိုယ်စားလှယ်တွေပါတယ် ဗုဒ္ဓဘာသာကိုယ်စားလှယ်ပါတယ် ဘာသားရေးနဲ့ပက်သက်တဲ့ ကိုယ်စားလှယ်တွေပါတယ် ပြီးရင် မီဒီယာတွေလည်းပါတယ် ( N G O ) အသင်းအဖွဲ့အစည်းတွေလည်းပါ တယ် နောက်လူထုလူတန်းစားကိုယ်စားလှယ်တွေလည်းပါတယ်။ လယ်သမားကိုယ်စားလှယ်တို့ဘာတို့ပေါ့နော် အဲ့ဒီအဖွဲ့တွေကဘာ လုပ်ရမှာလည်းဆိုရင် မတော် တဆလူမျိုးရေးဘာသာရေး ပြဿနာတစ်စုံတရာ ဖြစ်ပေါ်လာပြီဆိုရင် ပြဿနာဖြစ်တဲ့နေရာကို အဲ့ဒီအဖွဲ့ကချက်ချင်းသွားမှာချက်ချင်းသွားပြီးတော့မှ ဘာသာရေးကိစ္စဖြစ်တာလား လူမှုရေးကိစ္စဖြစ်တာလားဘာကိစ္စဖြစ်တာလည်း ဖြစ်တဲ့အပေါ်မူတည်ပြီးတော့မှ ပူးပေါင်းရေးအဖွဲ့ကနေပြီးတော့မှ နှစ်ဘက်ဖြန်ဖြေညှိနှိုင်းပေးမှာပေါ့ အခြေအနေကိုထိန်းသိမ်းပေးမှာပေါ့။ အဲ့တော့ သတင်းလက်ဦးမှုအရင်ရမှ ပြဿနာကြီးထွားလာမှု မရှိဘူးပေါ့ ။ ကြီးတဲ့အမှုငယ်အောင် သူတို့ ညှိနှိုင်းပေးပြီးတော့မှ ငါတို့မွန်ပြည်နယ်မှာဖွဲ့စည်းထားတဲ့ အရေးပေါ်စီမံခန့်ခွဲမှုကော်မတီကနေပြီးတော့မှ လိုအပ်သလိုဆက်လက်ပြီးတော့ စီမံခန့်ခွဲပေးသွားမှာပေါ့ ။

 ဟင်္သာမီဒီယာ။   ။ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကသူတွေနဲ့ရော ဘယ်လိုဆက်သွယ်မှုတွေ ပြုလုပ်ထားပါသလဲ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး။   ။ အကုန်လုံးကသူတို့ ရပ်ကွက်ကျေးရွာထဲမှာနေနေတဲ့ သူတွေကြီးဘဲဒီပူူးပေါင်းအဖွဲ့မှာပါတဲ့ပုဂ္ဂိုလ် တွေက သူတို့ကသတင်းရရင်ရသလို တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကိုချက်ချင်းတင်ပြမှာပေါ့ ။ တပြိုင်ထဲမှာဘဲသူတိုအဲ့ဒီနေရာကိုသွားပြီးတော့ ဖြစ်လာပြီဆိုလို့ရှိရင်လည်းသူတို့ကအရင် ဖြန်ဖြေမှာပေါ့ သူတို့ရင်တင်ပြတဲ့သတင်းပေါ်မူတည်ပြီးတော့ စီမံခန့်ခွဲမှုကော်မတီက လိုအပ်သလိုဆက်လက်လုပ်ဆောင်မှာပေါ့ သတင်းလက်ဦးမှုရယူဖို့ဆိုတာက ခုနကအဖွဲ့ထဲမှာအကုန်ပါတယ်ကွာ။ ဒီအဖွဲ့ကနေပြီးတော့ ထိထိရောက် ရောက် ထဲထဲဝင်ဝင်လုပ်မယ်ဆိုရင်တော့ သတင်းလက်ဦးမှုမရစရာအကြောင်းမရှိဘူး အဲ့ဒီအဖွဲ့ကနေလည်းသတင်းရနိုင်တယ် သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကနေပြီးတော့လည်း သတင်းရနိုင်တယ် နောက်တခါငါတို့အပေါ်ကနေပြီးတော့ ဟိုအထက်ဌာနကနေပြီးတော့ ချပြတဲ့သတင်းလည်းငါတို့ရတယ်။

ဟင်္သာမီဒီယာ။   ။ လုံခြံုရေးတွေနဲ့ပတ်သက်ပြီး သတင်းရရှိတဲ့အခါ ဒီသတင်းတွေမှန်ကန်မှု ရှိမရှိဘယ်လိုတွေစစ်ဆေးမှာလဲ၊ နောက်ပြီးတစ်ခြားပြည်နယ်နှင့်တိုင်းတွေနဲ့ရောလုံခြံုရေးကိစ္စတွေ ဘယ်လိုတွေ ချိတ်ဆက်ညှိနှိုင်းထားတာတွေရှိလဲ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး။   ။ အခြားနည်းအကြောင်းအမျိုးမျိုးကြောင့်လည်း ငါတို့သတင်းရနိုင်တယ် အဲ့လိုသတင်းရလာပြီဆိုတာနဲ့ ငါတို့ကရလာတဲ့သတင်းအပေါ်မူတည်ပြီးတော့ မှန်ကန်မှုရှိမရှိစစ်ဆေးပြီးတော့ မှန်တယ် ဆိုရင်လည်းအရေးယူဆောင်ရွက်တာတို့ ကာကွယ်တာတို့ တားဆီးတာတို့ အဲ့လိုငါတို့ ဆက်လုပ်သွားမှာပေါ့ နောက်တော့ ငါတော့ ဘေးမှာဆက်စပ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်းချိတ်ဆက်တွေရှိပြီးသားဘဲ ပဲခူးတိုင်းဒေသကြီးနဲ့ ဆက်နေတယ် ကရင်ပြည်နယ်နဲ့ဆက်နေတယ် တနင်္သာရီတိုင်းဒေသကြီးနဲ့ထိစပ်နေတယ် သက်ဆိုင်ရာအိမ်နီးနားချင်းတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း သူတို့ပြည်နယ်အတွင်းကလိုအပ်နေတဲ့ အရေးကြီးလာတဲ့ သတင်းတွေကိုတောင်းရမ်းညှိနှိုင်းခြင်းနဲ့လည်းငါတို့ ကသတင်းရနိုင်တယ်ပေါ့ အဲ့လိုမျိုးနည်းလမ်းမျိုးစုံနဲ့ရတဲ့သတင်းပေါ်မှာမူတည်ပြီးတော့ လုံခြံုရေးကိစ္စတွေကိုထပ်ပြီးတော့ လိုအပ်သလိုစီမံဆောင်ရွက်သွားမှာပေါ့ ။

ဟင်္သာမီဒီယာ။   ။ လက်တလောကမော်လမြိုင် ကားဝင်းအတွင်းရောက်ရှိလာတဲ့ ဘင်္ဂါလီတွေ ဘယ်လိုပုံစံနဲ့
ဖမ်းမိခဲ့တာပါလဲ

ဗိုလ်မှူးကြီးဝင်းနိုင်ဦး။   ။ အရေးကြီး လမ်းတံတားအဆောက်အဦးတွေကို ပုံမှန်နေရာယူထားတာတွေ လုံခြံုရေးလုပ်နေတဲ့ ဟာတွေရှိတာပေါ့ ငါတို့မွန်ပြည်နယ်မှာဆိုရင် စစ်တောင်းတံတားအဲ့မှာလည်း လုံခြံုရေးတွေချပါတယ်။ လမ်းကြောင်းတစ်လျှောက်ဖြတ်လာတဲ့မြို့တွေမှာလည်း တိုးဂိတ်တွေရှိနေတာဘဲ တိုးဂိတ်တွေမှာလည်းရဲတပ်ဖွဲ့ဝင်တွေကို လုံခြံုရေးချထားပေါ့ အဝေးပြေးကားဂိတ်မှာဖမ်းဆီးရမိတဲ့ ဘင်္ဂါလီ ၁၂ယောက်နဲ့ ပက်သက်လို့ရှိရင် သူတို့လာတဲ့ကားက ဘယ်ကားနဲ့လာမှန်းမသိဘူးပြန်ပြောတယ် ကားကချပြီးတော့ ပြန်ပြေးသွားတယ်။

ဟင်္သာမီဒီယာ ။  ။မွန်ပြည်နယ်မှာအကြမ်းဖက်မှုတွေ ၊ ဆူပူမှုတွေ မဖြစ်ပေါ်လာအောင် လုံခြံုရေးစီမံချက်တွေကိုအန်ကယ်တို့ အနေနဲ့ ဘယ်လိုရေးဆွဲပြီးဆောင်ရွက်ထားပါသလဲ။

ဗိုလ်မှူးကြီးဝင်းနို်င်ဦး။  ။အဆင့်ဆင့်သောတိုးဂိတ်တွေမှာလှမ်းအကြောင်းကြားထားတဲ့အတွက် ချက်ချင်းကားကို ပြန်မိတာပေါ့ ဒီလိုမျိုးငါတို့ အစီအမံတွေလုပ်ထားတာပေါ့ ရေးဘက်လမ်းကြောင်းမှာလည်းဒီလိုဘဲပေါ့ ဒီဘက် ကရင်ပြည် နယ်ထွက်တဲ့လမ်းကြောင်းမှာလည်းဒီလိုဘဲချထားတာပေါ့ ငါတို့ရတဲ့သတင်းတွေ အရေးကြီးရင် လိုအပ်ရင်လိုအပ်သလို တိုင်းစစ်ဌာနချုပ်ဆီကိုတင်ပြပြီးတော့မှ တပ်မတော်နဲ့ တိုင်းစစ်ဌာန ချုပ်ရဲ့ညွှန်ကြားချက်နဲ့အညီဆောင်ရွက်နေတယ်ပေါ့ ။

နယ်မြေတိုင်းမှာ ရဲကင်းတွေလည်းရှိတယ် ရဲစခန်းတွေရှိတယ် ရွာတိုင်းမှာလည်းအရန်မီးသတ်တပ်ဖွဲ့တို့ နယ်မြေခံ ပြည်သူ့စစ်တို့ ပင်လယ်ကမ်းခြေတွေမှာစက်စဲတို့ ကျိုက္ခမီတို့ အဲ့ဒါတွေလည်းသတင်းထူးခြားမှုရှိရင် ရှိသလိုပေါ့ ထူးခြားမှုဆိုတာကတော့ မသင်္ကာတဲ့လူတွေ့တယ် မသင်္ကာဘူးဆိုရင် ချက်ချင်းသတင်းရအောင်စီမံထားတယ်။

ဟင်္သာမီဒီယာ။   ။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကိုယ့်ပြည်နယ်ဘက်ကို ကူးစက်လာမှုမရှိအောင် ဘယ်လိုတွေစီမံဆောင်ရွက်မှုတွေလုပ်ထားပါသလဲ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး။   ။ ရခိုင်ပြည်နယ်ငါ့တို့နဲ့အဝေးကြီးပါကွာဆိုပြီးတော ့နေလို့မရဘူးလေ ခုနကပြောထားတဲ့နည်းလမ်းနဲ့ ကြိုတင်ကာကွယ်တားဆီးနေတာပေါ့ ၊ ဟိုဘက်ကပြဿနာတွေ တို့ဘက်ကိုကူးစက်မလာအောင်စီမံထားတာ ပြဿနာတစ်ခုဆိုတာကတစ်ခြားပြည်နယ်မှာဖြစ်လို့ ငါတိုပြည်နယ်မှာမဖြစ်ဘူးဆိုပြီးနေလို့မရဘူး။ ဘယ်လိုဘဲပြောပြောအကြောင်းအမျိုးမျိုးကြောင့် ချိတ်ဆက်ပြီးတော့ ပြဿနာမဖြစ်လာအောင် ငါတို့က ကြိုတင်ကာကွယ်တားဆီးတာပေါ့ ဝင်လာလို့ရှိရင်လည်းဖမ်းဆီးရမိရမယ်၊ ပိတ်ဆိုထားရမယ်မိပြီးရင်လည်းငါတို့တည်ဆဲဥပဒေနဲ့ အညီအရေးယူဆောင်ရွက်သွားမယ်။

ဒီလိုတွေလုပ်ထားတယ်လေ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေကိုလည်း ငါတို့ကချပြထားပြီးသားပဲ ကိုယ့်ပြည်နယ် ၊ မွန်ပြည်နယ် တရားဥပဒေစိုးမိုးရေးတည်ငြိမ်အေးချမ်းမှုရှိဖို့အတွက် မွန်ပြည်နယ်မှာရှိတဲ့ လူမျိုးမရွေးဘာသာမရွေးအားလုံးမှာတာဝန်ရှိတယ်။ ဒါကြောင့်မို့ ကိုယ့်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့ကို အားလုံးကိုပါဝင်ဆောင်ရွက်ပေးကြပါလို့ အားလုံးကိုပေါင်းစပ်ညှိနှိုင်းထားတယ် ဘာသာရေးခေါင်းတောင်တွေနဲ့ ညှိနှိုင်းထားတယ်။ သူတို့လည်းငါတို့ခုနကပြောတဲ့ ပူးပေါင်းအဖွဲ့မှာလည်းပါဝင်ပြီးတော့ပူးပေါင်းဆောင်ရွက်ပေးနေတာပေါ့ စစ်ဆေးချက်အရဆိုရင် ဘူးသီးတောင် မောင်းတောဘက်ကနေပြီးတော့မှ မလေးဘက်မှာအလုပ် လုပ်ဖို့ဆိုပြီးတော့ ပွဲစားတွေနဲ့ ထွက်လာတဲ့အနေအထားမျိုးကတော့ ပေါ်လွင်နေတယ် လူကုန်းကူးမှုနဲ့ဖွင့်ထားတာကတော့ ခေါ်လာတဲ့ သူတွေကိုတည်ဆဲဥပဒေနဲ့အညီအရေးယူသွားမှာပါ။

ဟင်္သာမီဒီယာ။   ။လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအနေနဲ့ လုံခြံုရေးကိစ္စဆောင်ရွက်နေရမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအခက်ခဲတွေရှိနေလဲ။ ပြည်သူတွေကိုရောဘာစကားများပြောချင်လဲ ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး။   ။ သတင်းလက်ဦးမှုရရှိရေးနဲ့ပတ်သက်ပြီးတော့ အခက်ခဲတစ်ခုတော့ရှိတယ်၊ တရားဥပဒေစိုးမိုးရေးအတွက် တစ်ချို့ပြည်တွေက "ငါနဲ့မဆိုင်ဘူး၊ ငါနဲ့မဆိုင်ပါဘူးကွာ" ဆိုတာတွေရှိနေသေးတယ်၊ သတင်းလက်ဦးမှုရရှိရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာလည်း"ငါနဲ့မဆိုင်ဘူး၊ ငါနဲ့မဆိုင်ပါဘူးကွာ" ဆိုတဲ့သူတွေများလာတော့ အခက်ခဲတွေ၊ အားနည်းမှုတွေရှိနေပါတယ်၊ အထူးသဖြင့် ခုကာလဆိုရင် ပိုပြီးအရေးကြီးတာပေါ့ ဧည့်စာရင်းတိုင်ရတဲ့ဥပဒေဆိုတာမရှိတော့ ဘယ်သူအိမ်မှာ ဘယ်ကဧည့်သည်ရောက်နေလဲဆိုတာမသိရဘူး ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုမေးတော့လည်းသူမသိဘူး၊ ဘယ်သူအိမ်မှာ ဘယ်သူရောက်နေလဲဆိုတာအိမ်ရှင်နဲ့ အိမ်အနီးအနားကသူတွေပဲသိမှာပေါ့ သိတဲ့သူတွေကတော့ သတင်းပေးဖို့လိုပါတယ်။ ငါနဲ့မဆိုင်ဘူးဆိုတာမရှိပါဘူး ကမ္ဘာကြီးဟာရွာကြီးတစ်ခုလိုဖြစ်နေပါပြီးလို့ လက်ခံထားတဲ့ခေတ်ကြီးမှာ ဒို့နိုင်ငံမှာလည်း ဘယ်နေမှာဘာဖြစ်ဖြစ်အားလုံးနဲ့ဆိုင်ပါတယ်။

မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်းစီမံဆောင်ရွက်ပေးနေသလို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုလည်း လိုအပ်တဲ့အခါ လိုအပ်သလိုတင်ပြပြီးတော့မှ လုံခြံုရေး ကျိုးပေါက်မှုမရှိစေရေးကိုဆောင်ရွက်ပေးနပါတယ်။ သတင်းလက်ဦးမှုရရှိရေးကိုလည်းနည်းလမ်းမျိုးစုံအသုံးပြုပြီးတော့မှ စီမံဆောင်နေပါတယ်၊ ဒါကြောင့်မို့လို့ မလိုလားအပ်သောဖြစ်စဉ် ပြဿနာတွေဖြစ်ပေါ်မလာစေဖို့အတွက် စနစ်တကျဆောင်ရွက်ပေးနေပါတယ်၊ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်သောကမရှိစေဖို့ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအနေနဲ့ ပြောကြားစေလိုပါတယ်။

ခေတ်မင်း

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...