ပြည်နယ်ပွဲတော်နွှဲပျော်ဂုဏ်ပြု

ပြည်နယ်ပွဲတော်နွှဲပျော်ဂုဏ်ပြု
by -
ကေအိုင်စီ
ကရင်ပြည်နယ်နေ့ပွဲတော်ကို နိုဝင်ဘာလရရက်နေ့ကျရောက်တိုင်း နှစ်စဉ်ဖားအံမြို့တွင် ကျင်းပပြုလုပ်လာခဲ့သည်။ ဆယ်စုနှစ်တစ်ခုမကခဲ့သော ဖွင့်ပွဲအခမ်းအနားကိုပြည်နယ်ခန်းမဖြစ်သည့် “ဇွဲကပင်ခန်းမ”သို့မဟုတ် ပြည်နယ်အစိုးရရုံးဝင်းအတွင်း၌ ကျင်းပလေ့ရှိရာအစီအစဉ်အများစုမှာ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကိုဖတ်ကြားခြင်း၊ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခြင်းများဖြင့်သာ အစပျိုးခဲ့ကြသည်။ ဆက်လက်၍ ထူးချွန်ကျောင်းသူကျောင်းသားများ၊ အစိုးရဋ္ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့ များမှထူးချွန်ဝန်ထမ်းများ၊ လယ်ယာစိုက်ပျိုးရေးတွင်ထူးချွန်သူ တောင်သူလယ်သမားများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း များဆောင်ရွက်ခဲ့ကြပြီး ပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်ခြင်းအစီအစဉ်ဖြင့် ဖွင့်ပွဲအခမ်းအနားကို အဆုံးသတ်လေ့ရှိကြသည်။

အလားတူ ပွဲတော်မတိုင်ခင် သက်ဆိုင်ရာပွဲဖြစ်မြောက်ရေးထံ ပြခန်းရရှိရေးလျှောက်လွှာတင်ရခြင်း၊ ခွင့်ပြုချက်ရပါကပြခန်းဆောက် လုပ်ခြင်း၊ဇာတ်အဖွဲ့၊ခေတ်ပေါ်စတိတ်ရှိုးအဖွဲ့များကလည်း ပွဲလေလံယူရခြင်း ပွဲရက်အတွင်းယှဉ်ပြိုင်ကြမည့် ကရင့်ရိုးရာဒုံးအဖွဲ့များ ကြိုတင်လေ့ကျင့်စာရင်းသွင်းကြခြင်း၊ ရိုးရာလက်ဝှေ့ပွဲအတွက် စင်မြင့်၊ကြိုးဝိုင်းတည်ဆောက်ကြခြင်းများနှင့် အလားတူ သစ်သီးဝလံပန်းမာလ်ပြပွဲပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေသခံစိုက်ပျိုးရေးသမားများကလည်း မိမိတို့၏ပန်းပင်၊အသီးအနှံပင်များကို ထုံးစံအတိုင်းပြင်ဆင်ကြသည်။

သို့ရာတွင် ပွဲတော်နေ့ရက်ကို မည်သူက၊မည်သည့်ခုနှစ်တွင်မည်သည့်အကြောင်းဖြင့် သတ်မှတ်ကာ နှစ်တိုင်းကျင်းပလာခဲ့ကြရသည်ကိုမူ ဖွင့်ပွဲအခမ်းအနားတွင်ဟောပြော၊ ဖတ်ကြားသည့် အစီအစဉ်တွင် လတ်တလော၌မတွေ့ရှိရခြင်း၊ပွဲတော်တွင်းရှိပြခန်းတခုခုတွင် အများပြည်သူသိရှိစေရန်အလို့ငှာ ဖော်ပြခြင်းများကိုမတွေ့ရှိရပေ။ မျက်မှောက်ကာလ၂၁ရာစုအတွင်း ကြီးပြင်းလာကြသည့် မျိုးဆက်သစ်လူငယ်လူရွယ်များမှာ ပွဲတော်အတွင်း ပျော်ရွှင်ရသည်ကလွဲ၍ ကရင်ပြည်နယ်ဟုသတ်မှတ်ထားချက်၊ကရင်ပြည်နယ်နေ့ ပွဲတော်ဖြစ်ပေါ်လာမှုကို မသိရှိကြသကဲ့သို့ သိရှိရန်လည်း တွေးတောစဉ်းစားမိပုံပင်မပေါ်ချေ။ ဤသည်မှာ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်နိုင်ရန် လက်တွေ့ကျ၍ တရားမျှတသော တိုးတက်သည့်လုပ်ငန်းစဉ်များကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အလှမ်းကွာဝေးနေပေလိမ့်မည်။

“သက်ကြီးစကားသက်ငယ်ကြား”ဆိုသကဲ့သို့ အထူးသဖြင့် ရှေ့မှီနောက်မှီလူကြီးသူမများအနေဖြင့် မိမိတို့၏ အနာဂတ်မျိုးဆက်များ၊ ကရင်လူ့အဖွဲ့အစည်းများနှင့် အခြားတိုင်းရင်းသားပြည်သူပြည်သားများ သိရှိနိုင်ရေးဒေသန္တရဆိုင်ရာ၊ အမျိုးသားဆိုင်ရာ သမိုင်းများကို လက်ဆင့်ကမ်းရှင်းပြပေးရန်လိုအပ်သည်။ ကရင်ပြည်နယ်သတင်းစဉ် (၁၉၈၆ခုနှစ်ဧပြီလ ၁ရက်ထုတ်)၊အတွဲ(၂၅)၊အမှတ်(၁)မှ ရေးသားပြုစုချက်အရ လွတ်လပ်ရေးရပြီးနောက် ပြည်နယ်/တိုင်းများဖွဲ့စည်းထူထောင်ရာတွင် ကရင်လူမျိုးများနေထိုင်သောဒေသကို ကရင်ပြည်နယ်အဖြစ်သတ်မှတ်ရန် ပါလီမန်တွင်ထည့်သွင်းစဉ်းစားလာကြပြီး ၁၉၅၁ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ချက်(၁၉၅၁ခုနှစ် ၊အက်ဥပဒေ၆၂)အရ သံလွင်ခရိုင်၊ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ်သတ်မှတ်ခဲ့သည်။

ယင်းနောက်၁၉၅၅ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် တစ်နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကျင်းပခဲ့သော်လည်း ပွင့်လင်းရာသီမဟုတ်သည့်အတွက် ကရင်ပြည်နယ်နေ့ကို မည်သည့်လ၊မည်သည့်နေ့ရက်တွင်ကျင်းပသင့်ကြောင်း ထပ်မံညှိနှိှုင်းခဲ့ကြသည်။ယင်းသို့ညှိနှိှုင်းရာတွင် ပထမဦးစွာ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ်သတ်မှတ်ရန် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ချက် အက်ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးသော၁၉၅၁ခုနှစ်၊နိုဝင်ဘာလရရက်နေ့။ဒုတိယအကြိမ်ဖားအံ၊လှိှုင်းဘွဲနှင့်သံတောင်မြို့နယ်များကိုအုပ်ချုပ်မှှုအာဏာလွှဲပြောင်းပေးသော၁၉၅၄ခုနှစ်၊ဇွန်လ(၁)ရက်နေ့နှင့် တတိယအကြိမ် ကော့ကရိတ်မြို့နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်အား အုပ်ချုပ်မှှုအာဏာလွှဲပြောင်းပေးသော၁၉၅၅ခုနှစ်၊ဇူလိုင်လ(၁)ရက်နေ့ဟူသောအခြေခံ (၃)ရပ်ကို မူတည်ပြီးရွေးချယ်ခဲ့ရာနိုဝင်ဘာလ (၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် နိုင်ငံတော်သမ္မတ(ထိုစဉ်ကဒေါက်တာဘဦး)က လက်မှတ်ရေးထိုးသတ်မှတ်လိုက်သည်။မင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသောနေ့ဖြစ်ခြင်း၊ကရင်ပြည်နယ်ကို မွေးဖွားသန့်စင်သောနေ့ဖြစ်ခြင်းနှင့် ရာသီချိန်ခါအရ ဆောင်းဦးကာလ သာယာသောအခါသမယဖြစ်ခြင်းတို့ကြောင့် ၁၉၅၆ခုနှစ်၊ဖေဖော်ဝါရီ (၂၅)ရက်နေ့တွင်ကျင်းပသောစုဒ္ဒဿမ(၁၄)ကြိမ်မြောက် ကရင်ပြည်နယ်ကောင်စီညီလာခံတွင် နိုဝင်ဘာလ(၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ခဲ့ပြီး ယနေ့တိုင် ပြည်နယ်သမိုင်းတွင် ထင်ရှားသည့်ကရင်ပြည်နယ်နေ့ဖြစ်လာခဲ့ကြောင်း ယခုနှစ်၌ကျရောက်သည့်(၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဖော်ပြလိုက်ရပေသည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...