မြန်မာပြည်သန္ဒေတည်နိုင်ရေးအတွက် (ဥပဒေပညာရှင် ဦးချန်ထွန်း-ရခိုင်အမျိုးသား)ရေးဆွဲသော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံခြေဥ မှစ၍ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံခြေဥတို့သည် အုပ်ချုပ်ရေး၊တရားစီရင်ရေးနှင့်ဥပဒပြုရေး ပြည်နယ်နှင့်ပြည်ထောင်စု အာဏာခွဲဝေရေး အဆင့်ဆင့်များသည် နိုင်ငံသားများအဖို့ သက်ဝင်မှုသည်ချိနဲ့နေသေးသည်။မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးဟာ အခုချိန်ထိတော့ အစမ်းသဘောအနေဖြင့် ၂၀၀၈ ခြေဥ နဲ့ ဖက်ဒရယ်ပြည်ထောင်စုအငွေ့အသက်(ပြယုဂ်)တွေ အရိပ်အယောင်ပြထားပြီးအုပ်ချုပ်ဆဲဖြစ်သည်။ဖက်ဒရယ်စနစ်အရ လိုအပ်ချက်ကို ပြသတဲ့သဘောတရားလေးပါပဲ။အမှန်တကယ် ပြည်နယ်များနဲ့ဖက်ဒရယ်အာဏာပိုင်တွေအကြား အငြင်းပါွးမှုတွေကိုကာကွယ်ဖို့ အာဏာခွဲဝေသတ်မှတ်တာတွေ ၂၀၀၈ ခြေဥ မှာ အသေးစိတ်(စနစ်တကျ)ဘာတစ်ခုမှမရှိသေးပါဘူး။
နိုင်ငံရေးအရ အခြေခံကျတဲ့ အာဏာခွဲဝေရေးသဘောတရားမှာ နိုင်ငံတော်တည်ဆောက်ရေးအတွက်လိုအပ်သော ဥပဒေများအားလုံး ဖက်ဒရယ်ပြည်ထောင်စုကို အပ်နှင်းထားပြီး (ကြွင်းကျန်အာဏာ)အားလုံးကို ပြည်နယ်အစိုးရထံအပ်နှင်းထားရမည်။အထူးသဖြင့် ကာကွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး၊ဘဏ္ဌာရေး၊ငွေကြေးထုတ်လုပ်မှုနှင့်ကုန်သွယ်ရေးတွေပေါ့။၂၀၀၈ ခြေဥမှာ ပြည်ထောင်စုအစိုးရကသာ အာဏာအသာစီးရနေပြီး ပြည်နယ်အစိုးရရဲ့ရပိုင်ခွင့်အာဏာဟာ အတိအကျမပါသောကြောင့် ဖက်ဒရယ်စနစ်အရ ဖွဲ့စည်းပုံခြေဥကို ဖက်ဒရယ်ဥပဒေစနစ်သစ် သဘောတူညီချက်ပါဝင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲပြဌာန်းရမည်ဖြစ်သည်။ဖက်ဒရယ်ပြည်ထောင်စုဥပဒေသစ်မရေးဆွဲဘဲ ဝေ့လည်ကြောင်ပတ်ဆက်ပြုနေမည်ဆိုပါက အာဏာမက်သူတွေရဲ့လက်ထဲမှာ အာဏာအစိုင်အခဲတွေ လည်ပတ်နေအုံးမည်ဖြစ်သည်။
ထို့အတွက်ကြောင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်တည်လာဖို့ အဓိကလိုအပ်ချက်မှာ လွတ်လပ်သော သဘောတူညီခြင်းlသဘောတူညီချက်ဖြစ်သည်။ သဘောတူညီချက်ဟာ ဥပဒေအရ လွတ်လပ်မှုမရှိပါက ဖက်ဒရယ်မဖြစ်နိုင်ပါဘူး။အမျိုးသားညီညွတ်ရေးနဲ့နိုင်ငံ့အခွင့်အရေးဟာ ဖက်ဒရယ်စနစ်ဖြစ်သည့်နည်းတူ အာဏာခွဲဝေမှုသတ်မှတ်ရမည်။မိမိနားလည်သော ဖက်ဒရယ်စနစ်ဆိုသည်မှာ သဘောတူညီချက်နဲ့ အာဏာခွဲဝေပြီး အုပ်ချုပ်ခြင်းသည် ဖက်ဒရယ်စနစ်ဖြစ်သည်။တစ်နည်းအားဖြင့် ဖက်ဒရယ်နိုင်ငံရေးစနစ်ဟာ အာဏာနှစ်ရပ်ပေါင်းစပ်ထားသည့် နိုင်ငံရေးစနစ်ဖြစ်ကြောင်း သိနားလည်ထားရမည်။ ယနေ့ချိန်ထိ မြန်မာပြည်အစိုးရအဆက်ဆက်မှာ လွှတ်တော်ကို အစိုးရက အပြည့်အဝယုံကြည်မှုမရှိသလို လွှတ်တော်ကလည်းအစိုးရကို ယုံကြည်မှုမထားကြတာ သိသာနေရပါသည်။မြန်မာပြည်အစိုးရအုပ်ချုပ်ရေး ခေတ်အဆက်ဆက်မှာ တက်လာတဲ့အစိုးရအစဉ်အဆက်တိုင်း ချိန်ခွင်လျှာညီအောင်မအုပ်ချုပ်တတ်ဘဲ အစိုးရကို ပြည်သူက အလိုလိုက်ရတာချည်းသက်သက်ပဲဖြစ်နေရပါသည်။သို့သော် ပြည်သူကို အလိုလိုက်တဲ့ အစိုးရတော့ မြန်မာပြည်မှာ မပေါ်ပေါက်သေးပါဘူး။ပြည်သူ့အကျိုးကို တာဝန်ယူသယ်ပိုးနိုင်သည့် အစိုးရတစ်ရပ်ကို နိုင်ငံသားတိုင်းက လိုလားတောင့်တနေကြသည်။ဝမ်းနည်းစရာအဖြစ်ဆုံးကတော့ ပြည်သူနဲ့အစိုးရ အကြားအချင်းချင်းအလိုလိုက်ပြေလည်ဖို့နေနေသာသာအစိုးရပိုင်းကိုလွှတ်တော်ကလေးစားကြရဲ့လား?? ဒါမှမဟုတ် လွှတ်တော်ပိုင်းကို အစိုးရက ကြည်ညိုအလေးအမြတ်ထားကြရဲ့လား?? စသည်ဖြင့် ပြည်သူလုထုအများရဲ့အတွေးတွေ ယောင်ဝါးဝါးဖြစ်နေဆဲပင်။ပြည်သူနဲ့အစိုးရ သဟဇာတဖြစ်ဖို့အပထား ခုချိန်ထိအစိုးရအဆက်ဆက်သည်အနာရတဲ့အစိုးရ၊ဒဏ်ရာပြည့်တဲ့အစိုးရ၊ဘေးရန်ပေါတဲ့အစိုးရတွေဖြစ်သွားကြပြီး နောက်ဆုံးတော့ အရှက်ကွဲပြီး ထွက်ခါွသွားကြရတဲ့ အစိုးရတွေချည်းပဲ ဖြစ်သွားကြရသည်။ထို့အတွက်ကြောင့် နိုင်ငံနဲ့တိုင်းသူပြည်သားများအတွက် ကိုက်ညီသော ပြည်ထောင်စုစနစ်ကို ကျင့်သုံးမှသာလျှင် နိုင်ငံတိုးတက်ပေမည်။
အစိုးရအုပ်ချုပ်ရေးယန္တယားတိမ်နက်ခမ်းနားဖို့အတွက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲစနစ်မှသည် ညွှန့်ပေါင်းအစိုးရစနစ်ကို ကျင့်သုံးသင့်သည်။သို့မှသာလျှင် ဥပဒေကဲ့သို့သက်ဝင်သော သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာများတည်မြဲနိုင်မည်ဖြစ်သည်။ထို့နောက် အစိုးရတစ်ရပ်၏ အင်အားသည်အားကောင်းပြီး တိုင်းပြည်ရှိ လူမျိုးပေါင်းစုံနဲ့တိုးတက်သာယာမည်ဖြစ်သည်။မြန်မာပြည်သည် တစ်ပါတီအာဏာပိုင်စနစ်ဖြင့် အုပ်ချုပ်ရေး၊ဥပဒေပြုရေးနဲ့တရားစီရင်ရေးတို့တွင် ယခင်နဲ့ယခုကဲ့သို့ဆက်သွားနေမည်ဆိုပါက တိုင်းပြည်ရှိ အကြောင်းအရာမျိုးစုံတို့သည် လိုက်လျော်ညီထွေမှုပိုမိုအားနည်းလာမည်ဖြစ်သည်။ လွှတ်တော်ဥပဒေပြုရေးက နိုင်ငံရေးအမြင်မရှိရင် သမ္မတပိုင်နိုင်တဲ့ အုပ်ချုပ်ရေးစနစ်တွေနဲ့ပဲရွာလည်နေအုံးမှာဖြစ်သည်။နိုင်ငံရေးဆိုတာ ခေတ်အမြင်အမျိုးမျိုးနဲ့ကြည့်ပြီးဥပဒေပြုရေးကိုကိုင်တွယ်တတ်ကြရမည်ဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။