ယနေ့ နိုင်ငံရေး စနစ်တွင် တိုင်းရင်းသားများ အဆင့်အတန်း

ယနေ့ နိုင်ငံရေး စနစ်တွင် တိုင်းရင်းသားများ အဆင့်အတန်း
(Photo; New Light of Myanmar)
(Photo; New Light of Myanmar)

ဗိုလ်ချုပ် ခင်ညွန့် စကား

၂၀၀၈ ခြေ/ဥ အခြေခံမူကြီး (၆) ချက်ဆိုတာ နဝတ အမိန့် SLORC Order 13/92 of 2 October 1992 ဖြင့်ထုတ်ပြန်ခဲ့တယ်။ အသေးစိပ်မူ (၁၀၄) ချက် (104 Detailed Basic Principles) ဆိုတာ ၁၇-၉-၁၉၉၃ တွင် နဝတမှ ထုတ်ပြန်တယ်။ အမျိုးသားညီလာခံ စတင်မခေါ်ယူခင် (၃) လ ကတည်းက နဝတ စစ်အစိုးရမှ အားလုံးကို ရေးဆွဲ ပြဌာန်းထားပြီးသား ဖြစ်တယ်။

၂၀၀၈ ခြေ/ဥ အတည်မပြုခင် ၁၅ နှစ်။ ၃၀- ၁၁-၁၉၉၃ တွင် ယခင် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်မှ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုယ် တပ်မတော် အရာရှိကြီးများထံ အောက်ပါအတိုင်း ၂၀၀၈ ခြေ/ဥ ပတ်သက်၍ ရှင်းပြခဲ့ပါတယ်။ (Myat Khaing Interviews with Khin Ngunt, 2015, p. 131).

“ဝန်ကြီးချုပ်စနစ် မဟုတ်ဘူး။ သမ္မတစနစ်နှင့် သွားမယ်။ မြန်မာနိုင်ငံ စောစောပိုင်းတုန်းက သမ္မတက ရုပ်ပြသမ္မတ။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ သမ္မတဆိုတာ ပုဆိုး ဝတ်တတ်ရမယ်။ မြင်းစီးတတ်ရမယ် ဆိုတဲ့ဟာမျိုး။ ခုက အဲလိုမဟုတ်ဘူး။ တကယ့် အာဏာရှိသော သမ္မတ။ သူက တိုင်းပြည် အုပ်ချုပ်မယ်။ ဦးဆောင်မယ်” . “တိုင်းကို တိုင်းဒေသကြီးဟု အခေါ်ဝေါ် ပြောင်းလိုက်တယ်။ တိုင်းအနေနဲ့ ထားရင် ပြည်နယ် အောက် နိမ့်မှာ စိုးလို့”

ဟုတ်ပါတယ်။ ယခု မိမိတို့ သွားနေတဲ့ နိုင်ငံရေး စနစ်သည် ယခင် အနှစ် (၂၅) တုန်းက စစ်အစိုးရမှ သေချာ design ထားတဲ့အတိုင်း သွားနေတာပါ။ ဗိုလ်ခင်ညွန့် ပြောသလို ၁၉၄၇ ခြေ/ဥတွင် သမ္မတက ရုပ်ပြပဲ။ ပုဆိုး ဝတ်တတ်။ မြင်းစီး တတ်ရင် တော်ပါပြီ။ ဘာအာဏာမှ မရှိဘူး။

ရုပ်ပြ သမ္မတက တိုင်းရင်းသားအတွက်

အဲဒီ ရုပ်ပြ သမ္မတကို တိုင်းရင်းသားတွေ အလှည့်ကျ ရယူအောင် ဖန်တီး ပေးခဲ့တယ်။  ဒါကြောင့် ရှမ်းလူမျိုး ဦး Sao Shwe Thaik (1948-1952) ထိ၊ ဗမာ Dr. Ba U (1952-1957) ထိ၊  ကရင် ဦး Mahn Win Maung (1957-1962) ထိ။ ကချင် လူမျိုး  Sama Duwa Sinwa Nawng   အလှည့်ရောက် ခါနီးမှ စစ်တပ်က အာဏာ သိမ်းသွားတယ်။  အာဏာ မသိမ်းခဲ့ပါက ကချင်ပြီးမှ ချင်း၊ မွန်၊ ရခိုင်၊ ကယား ဆိုပြီး တိုင်းပြည်ကို တိုင်းရင်းသားတွေက ရုပ်ပြ ပေးရမှာဖြစ်ပါတယ်။ ကရင် သမ္မတ ဦး Mahn Win Maung ဆိုရင် ဘာ အာဏာမှ မရှိခဲ့တော့ စိတ်နာနာနှင့် ပြင်းပြင်းထန်ထန် ဝေဖန်ဖူးပါတယ်။

ယခင် (၁၄) နှစ်၊ ဒီမိုကရေစီစနစ်ခောတ်တွင် ချင်းတွေထံ ရုပ်ပြသမ္မတ အလှည့် မရောက်ခဲ့တော့ ယခု ဒုသမ္မတ အလှည့် ရောက်လာ တာဖြစ်ပါတယ်။ သိပ် ထူးခြားတာ တော့ မဟုတ်ပါဘူး။ စစ်အစိုးရ design ထားတဲ့ အတိုင်းပါ။ ၂၀၀၈ ခြေ/ဥ ဆက်လက် ရှင်သန်နေပါက ယခု သက်တမ်းပြီးရင် အနှစ် (၃၀) ကျော် [၄၀]လောထိ် ချင်းတွေ ဒုသမ္မတ လုပ်ခွင့် ရှိတော့မည် မဟုတ်ပေ။ ကချင် (၀ါ) ကရင် စသဖြင့် အလှည့် သွားရမှာပါ။ ဒါက ဤ စနစ်ရဲ့ သတ်မှတ်ပေးထားသော မိမိတို့ နိုင်ငံရေး အဆင့်အတိုင်းပါပဲ။

အာဏာရှိ ဝန်ကြီးချုပ်က ဗမာအတွက်

သို့သော် ၁၉၄၇ ခြေ/ဥတွင် တကဲ့ အာဏာရှိတဲ့ ဝန်ကြီးချုပ်ကို ကျတော့ ဗမာတွေအတွက် ဖန်တီးထားပါတယ်။ ဝန်ကြီးချုပ်ကို လူဦးရေး ပိုများသော ပြည်သူလွတ်တော်မှ တက်လာမည်ဆိုမှာတော့ သွယ်ဝိုက်ဖြင့် လူဦးရေများသော ဗမာတွေ အတွက်ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ကို U Nu က 1948-1956 ထိ၊ U Ba Shwe က 1956-1957 ထိ၊ U Nu က 1957-1958 ထိ၊ ဗိုလ်ချုပ်ကြီး  Ne Win က 1958-1960 ထိ၊ U Nu က 1960-1962 ထိ ဗမာတွေချည်းလုပ်ခဲ့ကြပါတယ်။ တိုင်းရင်းသားတွေ တစ်ယောက်မှ လုပ်လို့မရပါဘူး။ ဒါကြောင့် တိုင်ပြည်ကို တကယ် အုပ်ချုပ်ချင်တယ်ဆိုရင် ဗမာဖြစ်မှ ရမလိုမျိုးဖြစ်သွားခဲ့ပါတယ်။ ဒီ အဆင့်အတန်းလည်း စနစ်က ဖန်တီးပေးတာပါ။

ဘယ်စာမှာမှ မရေးထားသော်လည်း အတွင်း ကျင့်သုံးသောမူ (unwritten rules) နှစ််ချက်  ရှိပြန်ပါတယ်။ တစ်ချက်ကရုပ်ပြ သမ္မတလုပ်သော တိုင်းသားလူမျိုးသည် Buddhist ဖြစ်မှမည် ဆိုတဲ့ အချက်ပါ။ ဒါကြောင်း ဗမာ၊ ရှမ်း၊ ကရင်၊ ကချင်တွေ ထဲက Buddhist ကိုသာ ရွေးခဲ့ကြတယ်။ Christian နှင့် Muslim ထဲက လုပ်လို့မရခဲ့ဘူး။ Christian ဘာသာဝင်များသော ကချင်၊ ကရင် ထဲက Buddhist ဘာသာဝင်ကို သာ ရှာဖွေ ရွေးခဲ့ကြတယ်။ ဒုတိယအချက်က ရုပ်ပြသမ္မတသည် ဗမာတွေ ဦးဆောင်သော နိုင်ငံရေး ပါတီထဲက ဖြစ်ဖို့ လို်ပြန်ပါတယ်။ ဒါကြောင့် ရုပ်ပြ သမ္မတ အားလုံး ဖဆပလ ပါတီထဲကသာ လုပ်ကြပါတယ်။ ဘယ်လောက်တော်တော် တိုင်းရင်းသား ပါတီထဲက ရုပ်ပြ သမ္မတ လုပ်လို့ မရခဲ့ပါဘူး။

ဒါကြောင့် ၁၉၄၇ ခြေ/ဥ က တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးအဆင့်အတန်း သတ်မှတ်ပေးထားတာသည် ရုပ်ပြ သမ္မတ လုပ်ဖို့။ ထိုအလုပ်ကို လိုချင်ရင် Buddhist ဖြစ်ရမယ်၊ ဗမာတွေ ဦးဆောင်သော နိုင်ငံရေးပါတီဝင် ဖြစ်ရမယ်။ ၄င်းကို (၁၄) နှစ် လုံးလုံး တိတိကျကျ ကျင့်သုံးခဲ့သော ဒီမိုကရေစီ Parliamentary System ခောတ် တိုင်းရင်းသားတွေ အဆင့်အတိုင်းပါဘဲ။

DASSK အစိုးရသည် အာဏာမဲ့ အစိုးရမဟုတ်

ထိုအခြေအနေကို တိုင်းရင်းသားတွေ မကျေမနပ်ဖြစ်တော့ စနစ် ပြင်ပေးဖို့ တောင်းဆိုလာပါတယ်။ စစ်တပ်က ချက်ချင်း အာဏာသိမ်း တုန့် ပြန်ပါတယ်။ Federal မူကြောင့် အာဏာသိမ်းတယ် ဟု ဆိုပါတယ်။   နှစ်ပေါင်း (၆၀) တိုက်ပွဲ ပြင်းထန်လာတယ်။ဘယ်လောက်ထိ စစ်အစိုးရအောက်တွင် တိုင်းရင်းသားတွေ အဆင့်အတန်း၊ ကွာခြားမူ အခြေအနေ ဆိုးတယ် ဆိုတာ မပြောလိုတော့ပါ။၂၀၀၈ ခြေ/ဥ ရောက်လာတော့ ဗိုလ်ခင်ညွန့် ပြောခဲ့သလို တကဲ့ အာဏာရှိသော သမ္မတ နေရာကို ဖန်တီး လာပါတယ်။ ဒါကြောင့် ယနေ့ DASSK အစိုးရသည် အများပြောသလို အာဏာမဲ့ ရုပ်ပြ (powerless) အစိုးရ တော့ မဟုတ်ပါ။ လုံခြုံရေးကိစ္စမှ အပ political will ရှိရင် အများကြီး လုပ်လို့ရပါတယ်။ ပြောင်းလို့ရပါတယ်။  ၂၀၀၈ ခြေ/ဥနှင့် စစ်တပ်ကြောင့် ဘာမှ လုပ်လို့ မရဘူး ဆိုတာ မဟုတ်ပါဘူး။ ၂၀၀၈ ခြေ/ဥ ဘောင်အတွင်းက အများကြီးလုပ်လို့ရ သလို ”legal means” မရတဲ့ အခြေအနေတွင် ”political means” ဖြင့် အများကြီး initiative ယူ၊ ကြိုးစား လုပ်လို့ ရပါတယ်။  ထိုသို့ လုပ်နိုင်မယ် ထင်သောကြောင့်သာ ၂၀၀၈ ခြေ/ဥ ရဲ့ ကန့်သတ်ချက်များကို သိသော်ငြာလည်း ”ပြောင်းလဲချိန်တန်ပြီ” ဟူသော ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ခဲ့ရခြင်းဖြစ်တယ်။

အာဏာရှိ သမ္မတနှင့် အာဏာမဲ့ ဒုသမ္မတ 

ဒါပေမယ့် ယခု အခါတွင် အာဏာရှိ သမ္မတသည့် တိုင်းရင်းသားတွေအတွက် မဟုတ်တော့ချေ။ လူဦးရေ ပိုများသောလူမျိုးများက လွမ်းမိုးထားသည့် ပြည်ထောင်စုလွတ်တော်က သမ္မတကို ရွေးချယ်ရမည်ဆိုမှာတော့ ဗမာတွေအတွက် အမြဲ ဖန်တီးထားသလို ဖြစ်ပါတယ်။ ဒါကြောင့် ဦ သိန်းစိန် (2011-2016)၊  ဦး ထင်ကျော် (2016-2018) ၊ ဦး ဝင်းမြင့် (2018-2021) ဆိုပြီး တစ်ယောက်ပြီး တစ်ယောက် ဗမာတွေချည်း သမ္မတ ဖြစ်လာကြပါတယ်။ တိုင်းရင်းသား လူမျိုးတွေ အတွက် မဟုတ်တော့ချေ။ ရုပ်ပြ သမ္မတ ဖန်တီးရင် တိုင်းရင်းသားတွေ အတွက်၊ အာဏာရှိသော သမ္မတ နေရာ ဖန်တီးလာရင် ဗမာတွေအတွက် ဖြစ်လာရ တာသည် စိတ်မကောင်းဖွယ်ဖြစ်ပါတယ်။ဒါပေမယ့် တပ်မတော်အတွက် ဒုသမ္မတ တစ်နေရာ ထားလာတယ်။ ထို့ပြင် တိုင်းရင်းသာတွေအတွက် ဒု သမ္မတ  တစ်နေရာ ဖန်တီးလာတယ်။ ဒါကြောင့် ရှမ်းလူမျိုး Dr. Sai Mauk Kham (2011-2016) ထိ၊ ချင်းလူမျိုး ဦး Henry Van Thio  (2016-2021) တွေဟာ ဒုသမ္မတ ဖြစ်လာကြတယ်။ ဒါပြီးရင် ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား ဆိုပြီး အလှည့်ကျ လူမျိုးတမျိးပြီး တစ်မျိုး လာရအုံးမယ်။ (စစ်တပ်က ထပ် အာဏာမသိမ်းရင်ပေါ့)၂၀၀၈ ခြေ/ဥမှာတော့ တိုင်းရင်းသားတွင်အတွက် ဖန်တီးထားသော ဒုသမ္မတ နေရာသည် ဗိုလ်ချုပ်ခင်ညွန် ပြေသလို ပုဆိုး ဝတ်တတ်။ မြင်းစီးတတ် ဆိုတာမျိုး မဟုတ်တော့ပါဘူး။ တိုင်းနှင့် ပြည်နယ်တွေ Financial Matter ကိစ္စ လုပ်ပိုင်ခွင့် တွေပေးလာပါတယ်။သို့သော် ဒါမှအပ ဘာ အာဏာ နှင့် တာဝန်ှမှ ၂၀၀၈ ခြေ/ဥတွင် ပြဌာန်းထားတာ မရှိ်ချေ။ ဘာ Political powers နှင့် Executive powers မှ အပ်နှင်း ထားတာ မတွေ့ ရပါဘူး။ သမ္မတ ခိုင်းသလိုနေရ မလိုသာ ဖြစ်ပါတယ်။သမ္မတက အလုပ်ပေးတာများရင် အလုပ်ပိုရှိမယ်။ သမ္မတက တာဝန် မပေးရင် ဘာ တာဝန်နှင့် ဘာ အာဏာမှ ရှိမှာ မဟုတ်။ အစိုးရ လုပ်သော ပါတီနှင့် သမ္မတ ခွဲပေးသော အာဏာတွင်သာ လုံးလုံးလျာလျား မူတည်နေ တာကို တွေ့ရတယ်။ဒါကြောင့် အမှန်အတိုင်းပြောရရင် ဒါလည်း ရုပ်ပြ ပုံစံဘဲ။ အရင် တိုင်းရင်းသားတွေအတွက် ဖန်းတီးထားသော သမ္မတလည်း ဗိုလ် ခင်ညွန်ပြောသလို ရုပ်ပြ သမ္မတ၊ ယနေ့ တိုင်းရင်းသားတွေအတွက် ဖန်တီးပေးသော ဒုသမ္မတ (၂) နေရာလည်း ရုပ်ပြ ဟု ဆိုရမှာပါ။ ဆူဆူညံညံဖြစ်နေသော တိုင်းရင်းသားတွေ မကျေနပ်မူကို နှစ်သိမ့်တဲ့ သဘော်ပါဘဲ။  တိုတိုပြောရရင် ရုပ်ပြ ဒုသမ္မတ (၂) နေရာကိုသာ ယနေ့ တိုင်းရင်းသား လူမျိုးတွေ ဝင်ရောက် ထမ်းဆောင်နိုင် သော တိုင်းပြည်၏ အဆင့်အမြင့်ဆုံး အဆင့် နေရာဖြစ်ပါတယ်။ (ယနေ့ H.E ဒုသမ္မတကြီးကို ကျနော် မလေးစားလို့ မဟုတ်ပေ။ စနစ်ကို အမှန်တိုင်း ဝေဖန် ဖော်ထုတ်ချင်လို့ ဖြစ်ပါတယ်).

Christian ကို ပွဲ တင်၊ Islam ကို ဘေးဖယ်

ယနေ့ ထူးခြားတာက Christian ကလည်း ဒု သမ္မတ လုပ်လို့ ရလာပါတယ်။ ပြည်သူ္ကလွတ်တော် ဥက္ကဌ လည်း ကချင် Christian ကလုပ်လို့ ရလာပါပြီ။ ဒါမျိုး သမိုင်းမှ မရှိခဲ့ဖူးပါဘူး။ ဒါကို ကြိုဆိုရပါမယ်။ ဒါပေမဲ့ ၂၀၀၈ ခြေ/ဥတွင် အသိအမှတ်ပြုထားသော်လည်း Islam ဘာသာဝင်တွေအတွက် ဘာနေရာမှ မရှိသေးဘူး။ ဗိုလ်ချုပ်အောင်ဆန်း ခောတ်တွင် ဝန်ကြီး အဆင့်၊ ဦး နု ခောတ်တွင် လွတ်တော်အမတ် အပြင် ဝန်ကြီး နေရာတွင်ပါ ဝင်လုပ်ခွင့် ရသော်လည်း ယခုတော့ Islam ဘာသာဝင်တွင် လွတ်တော်အမတ်တောင် တစ်ယောက်မှ ဖြစ်လို့ မရတဲ့ အခြေအ နေမျိုးဖြစ်လာပါတယ်။ ဒီမိုကရေစီစနစ်တွင် ဒီလို ခွဲဲခြာမူမျိုးကို ဆက်လက် တော်လှန်ဖို့လို်ပါအပ်မှာ ဖြစ်ပါတယ်။ ခရစ်ယာန်တွေ ကလည်း ကိုယ်ချင်းစာနာ ပေးရမှာ ဖြစ်ပါ တယ်။

သမ္မတ၏ ပြည်နယ် ဝန်ကြီးချုပ်

နှစ်ပေါင်း (၆၀) တိုင်းရင်းသားတွေ တောင်းဆိုခဲ့သော အချက်အချို့ကို ၂၀၀၈ ခြေ/ဥတွင် ထည့်ပေးလာပါတယ်။ ဒါကို လက်ခံရမှာပါ။ အမျိုးသားလွတ်တော်သို့ တန်းတူ ကိုယ်စားလှယ် စေလွတ်ခွင့်ပြု လာပါတယ်။ ပြည်နယ် အစိုးရ၊ ပြည်နယ်လွတ်တော်၊ ပြည်နယ်တရားရုံှးကို သီးခြား ထူထောင်ခွင့် ပြုလာတယ်။ ဥပဒေပြုခွင့်နှင့် အုပ်ချုပ်ခွင့် Division of Powers နှင့် Separation of Powers ကျင့်သုံး ခွင့်ပြုလာတယ်။ တိုင်းရင်းသား ဝန်ကြီး နေရာများ ဖန်တီးလာတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေ ဖန်တီးလာပါတယ်။ Multi-Party system ကျင့်သုံးလာတယ်။ ပြည်ထောင်စုစနစ် ဟု ခေါ်လာတယ်။ ခုတော့ ၂၁ ရာစု၊ ပင်လုံညီလာခံ၏ ပြည်ထောင်စုစာချုပ် (အစိပ်အပိုင်း ၁) တွင် Federal ဟူသော စကားလုံးကိုပါ လက်ခံလာပါတယ်။ဒါပေမယ့် ပြည်နယ် ဝန်ကြီးချုပ်ကိုတော့ နေပြည်တော်မှ သမ္မတလုပ်သော ဗမာက ခန့်အပ်ပေးရမယ်။  ပြည်နယ်လွတ်တော်မှ ငြင်းပိုင်ခွင့်၊ ရွေးပိုင် ခွင့်မရှိ။ ငြင်းပါကလည်း အမည်သစ် နေပြည်တော်မှ ထပ်လာရမယ်။NLD ဆို် အမည်စာရင်းကို စာအိပ်နှင့် ပို့ပေးရတယ်။ အဲဒီ စာအိပ်ကို ပြည်နယ် ဒီချုပ် လူကြီးကို သယ်ခိုင်းပါတယ်။ ဖောက်မိန့်ရမှ ဖိတ်ရမယ်။ လမ်းတွင် ဖောက်မိပါကအရေးယူရမယ်။ ထို့ပြင် ပြည်နယ် ဝန်ကြီးချူပ်သည် ပြည်နယ်လွတ်တော်ကို တာဝန်မခံရပါဘူး၊ သမ္မတကို တိုက်ရိုက် တာဝန်ခံရမယ်။ သမ္မတက အချိန်မရွေး ပြည်နယ် ဝန်ကြီးချုူပ်နှင့် ပြည်နယ် ဝန်ကြီးတွေ အားလုံး ထုတ်ပယ်လို့ရတယ်။ ဒါကြောင့် ပြည်နယ်အစိုးရဆိုတာ နေပြည်တော်ရဲ့ လုပ်ငန်း ဌာန သဖွယ်ပါဘဲ။ ၁၉၄၇ ခြေ/ဥ လက်ထက် ပြည်နယ် ဝန်ကြီး အဆင့် ထက် ပိုဆိုးတယ်လို ဆိုရမှာပါ။

အာဏာမဲ့ ပြည်နယ်လွတ်တော်

ပြည်နယ်လွတ်တော်တွေကို ဥပဒေပြုခွင့်တွေ ပေးလာပါတယ်။ အမှန်စင်စစ် ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) ဆိုတာ ဒီမှာ ပေါ်လွင်ရမယ်။ ဒါပေမဲ့ ဥပဒေပြုခွင့် အချက် (41) ချက်သာ ပေးပါတယ်။ ဒါတောင် အသေးမွှား ဓာတ်ပုံ၊ ပန်းချီ၊ ကုန်တင်ကုန်ချ၊ ကျေးရွာ ထင်းစိုက်ခင်း၊ အပန်းခြေစခန်း စတာတွေကို အများကြီး စားရင်းလုပ်ထားတယ်။ ဒီ ဥပဒေတွေကို ပြဌာန်း ချင်ပါကလည်း သတ်မှတ်သည်မှအပ၊ ပြည်ထောင်စုက ပြဌာန်းသည့် ဥပဒေနှင့် အညီ၊ ပြည်ထောင်စုက ချမှတ်သည့် မူဝါဒနှင့် မဆန့်ကျင်စေဘဲ ဆိုပြီး ထပ်ဆင့် ဘောင် ကန့်သတ်ပြန်ပါတယ်။ ထိုအချက် (၄၁) ချက်တွင် အရေးကြီးသော ပညာရေးကိစ္စတွေမပါပြန်ဘူး။ ၁၉၄၇ ခြေ/ဥတွင် ပြည်နယ်ဥပဒေပြုခွင့်မှာ ပေးပြီးသားကိုတောင် ပြန်ရိုတ်သိမ်းလိုက်တယ်။  ပြည်ထောင်စုဥပဒေနှင့် ပြည်နယ်လွတ်တော် ဥပဒေ ဆန့်ကျင် ကွဲလွဲပါက ပြည် ထောင်စုလွတ်တော် ဥပဒေက လွမ်းမိုးရမည်ဟု ဆိုပြန် ပါတယ်။ ကြွင်းကျန် အာဏာ အာလုံးကို ပြည်ထောင်စု ဥပဒေပြုအဖွဲ့ထံ အပ်နှင်းထားပြန်တယ်။ ထို့ပြင် Myanmar Parliamentary Union ဥပဒေကို ပြဌာန်းပြီး ပြည်နယ် လွတ်တော်အကြီးအကဲတွေကို ပြည်သူ့ လွတ်တော်နှင့် အမျိုးသားလွတ်တော် လူကြီးတွေ ခိုင်းသလို နေ၊ ခိုင်းသလို ထိုင် ရမလိုလိုုိ ဖြစ်လာပါ တယ်။ ဒါကြောင့် ယနေ့ ပြည်နယ် လွတ်တော်ဆိုသည်မှာ ပြည်ထောင်စု ပုံစံ လှအောင် ဖန်တီးပေးတာသာ ဖြစ်ပြီး Europe နိုင်ငံတချိျ့ရှိ Municipal Council လောက်တောင် ဥပဒေ ပြဌာန်း ပိုင်းခွင့် မရှိပေ။

တို့ အမျိုးသား လွတ်တော်

အမျိုးသားလွတ်တော်တွင် တိုင်းနှင့် ပြည်နယ်အားလုံး တန်းတူ ကိုယ်စာလှယ် စေလွတ်ခွင့် ပြုလာသော်လည်း ပြည်ထောင်စု လွတ်တော်ဆိုပြီး ဖန်တီးကာ ပြည်သူ့လွတ်တော်နှင့် အမျိုးသားလွတ်တော် အမြင်ကွဲလွဲပါက ထိုပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရပါတယ်။ ထိုအခါ လူဦးရေး ပိုများပြီး ဗမာတွေ လွမ်းမိုးထားသော ပြည်သူ့လွတ်တော်က လက်ခံမှသာ ပြည်ထောင်စု ဥပဒေဆို တာ ပြဌာန်းလို့ ရလာပါတယ်။

ဒါကြောင့် တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး ကာကွယ်ဖို့ ထူထောင်သော အမျိုးသားလွတ်တော်သည် အာဏာမဲ့ လွတ်တော်မျိုး ဖြစ်လာပါတယ်။ တိုင်းရင်းသားတွေ လိုချင်သော ဘယ်ဥပဒေမဆို ဗမာလူမျိုးများ မထောက်ခံပါက ပြဌာန်းလို့ မရတော့ပေ။  တိုင်းရင်းသားတွေ မလိုချင်သော ဥပဒေကြမ်းကို ဘယ်လောက် စုပေါင်း ကန့်ကွက်၊ ကန့်ကွက် ပြည်ထောင်စုလွတ်တော်တွင် ဟန့်တား ပိုင်ခွင့် မရှိတော့ချေ။

ဒါကြောင့် အမျိုး၊ ဘာသာ၊ သာသနာ ဥပဒေဆိုတာတောင် လွယ်လွယ်နှင့် ဥပဒေဖြစ်လာနိုင်တယ်။ ဦးနုခောတ်လို နိုင်ငံတော် ဘာသာအဖြင့် Buddism ကို ပြဌာန်း လိုပါက လွယ်လွယ်နှင့် အချိန်မရွေး ဥပဒေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ယနေ့ လွတ်တော်သည် တိုင်းရင်းသား ဖခင်ကြီးများ ဆန့်ကျင် ကန့်ကွက်ခဲ့သော ၁၉၄၇ ခြေ/ဥ ထူထောင်ခဲ့သည့် လွတ်တော်နှင့် ကွာခြားမူ မရှိလှပေ။

သမ္မတ ရွေးချယ်ပုံ

သမ္မတစနစ် ကျင့်သုံးသည် ဆိုသော်လည်း အခြားနိုင်ငံလို သမ္မတကို ပြည်သူက တိုက်ရိုက် ရွေးချယ်ခွင့် မရှိချေ။ လူဦးရေ အဆမတန်များသော ဗမာလူမျိုးများ လွမ်းမိုးထားသည့် ပြည်ထောင်စု လွတ်တော်ကသာ ရွေးချယ်ရပါတယ်။ ထိုအခါ ဗမာတွေ လွမ်းမိုးထားသော ပြည်သူ့လွတ်တော်မှ တက်လာသည့် ဒုသမ္မတသာ သမ္မတ ဖြစ်ခွင့် အလားအလာ ရှိလာပါတယ်။ အစိုးရဖွဲ့ခွင့်ရှိပါတယ်။ တိုင်းပြည်အုပ်ချုပ်ခွင့်ရပါတယ်။ ဒါကြောင့် ပြည်သူ့လွတ်တော်မှ တင်လာသော ဦး သိန်းစိန်၊ ဦး ထင်ကျော်၊ ဦး ဝင်းမြင့် တွေ သမ္မတ ဖြစ်လာကြတယ်။ တိုင်းရင်းသား အမျိုးသားလွတ်တော်မှ တက်လာသည့် ဒုသမ္မတသည် ဗမာတွေ လွမ်းမိုးထားသော ပြည် ထောင်စုလွတ်တော် သနားမှ ဒုသမ္မတ [၁] နေရာ ဖြစ်ခွင့်ရှိတော့တယ်။   ထို ဒုသမ္မတ [၁] နေရာကိုလည်း တပ်မတော်အတွက်သာ ရည်ရွယ်ထား ပြန်တယ်။ တိုင်းရင်းသားတွေအတွက် မဟုတ်ပါ။ ဒါကြောင့် တပ်မတော်သားများ နာမည်တင်သော ဗိုလ်ချူပ်ဟောင်း ဦတင်အောင်မြင့်ဦး နှင့် ဦး မြင့်ဆွေတွေ ဒုသမ္မတ[၁] ဖြစ်လာ ကြတယ်။ တိုင်းရင်းသား အမျိုးသားလွတ်တော်မှ တက်လာသော ရှမ်း  နှင့်  ချင်းတွေ ဆိုတာ ဒု သမ္မတ [၂] နေရာ အဆင့် လောက်တွင်သာရလာကြတယ်။ တပ်မတော်၏ အဆင့်ကိုတောင် တိုင်းရင်းသားတွေ ကျော်လို့မရပါဘူး။ ဒါကြောင့် ဗမာလွမ်းမိုး ချုပ်ကိုင်ထားသည့် ပြည်ထောင်စု လွတ်တော် အောက်တွင် ဒုသမ္မတ[၁] မဆိုထားဘိ၊ ဒု သမ္မတ [၂]  ဦး Henry Van Thio  မှ မဲ [၁၈] သာ ရလာတာသည် အံံ့သြဖွယ်တော့ မဟုတ်ချေ။ ယခု စနစ်တွင် ဒု သမ္မတ [၂] နေရာကိုလည်း ဗမာ ဦးဆောင်သော နိုင်ငံရေး ပါတီကသာ လုပ်လို့ရ သလိုမျိုးဖြစ်ပါတယ်။ ဒါမဟုတ်ရင်  မဲ [၅] မဲ တောင်ရမယ့် အလားအလာ မဟုတ်ပေ။

ကျားကိုလည်းကြောက်၊ ကျားချေးကိုလည်း ကြောက်မှ

ဗိုလ်ချုပ်ခင်ညွန်က တပ်မတော်အရာရှိကြီးတွေကို ဆက်ပြောတယ်။ “ကျနော်တို့က သွားတော့မှာ၊ ခင်ဗျာတို့ပဲ ကျန်မယ်။ ကျနော်တို့ အသေးစိတ်လုပ်ထားတာက ဇော်မိုင်နှင့် လုပ်ထားထာကိုး၊ ဘရုန်ဆိုင်း မရှိလည်း ဇော်မိုင်က ဆက်လုပ်မှာပဲ” (Khin Ngunt interviews with Myat Khaing, 2015, p. 132).ရှင်းပါတယ်။ ဒါကြောင့် ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန်၊ ဗိုလ်သန်းရွေတို့ မရှိတော့သော်လည့်း သူတို့ အသေးစိတ် design ထားသော တိုင်းရင်းသားတွေ အဆင့်အတန်းကို ယနေ့ စစ်ခေါင်းဆောင်များနှင့် ဗမာ ခေါင်းဆောင်များ က တသွေမတိမ်း ဆက်လက် အကောင်အထည်ဖော်နေရတာ ဖြစ်ပါတယ်။ နေချင်း ညချင်း ဖြစ်လာတော့ မဟုတ်ပေ။  ဦး Henry Van Thio  ကို ချင်းအမတ်တွေကသာ မဲပေးရခြင်းသည် ဗိုလ်သန်းရွေတို့၏ အယူအဆကို NLD ခေါင်းဆောင်များပါ ဆက်လက်လိုက်နာ ကျင့်သုံးနေ သလော မေးစာရာ ရှိကောင်းရှိလာနိုင်ပါတယ်။ဒါကြောင့် ယနေ့ တိုင်းရင်းသားတွေအတွက််ဆိုလျှင် မြန်မာ စကားပုံမှာလို ဒု သမ္မတ [၂] ကိုတောင် ကျားကို လည်း ကြောက်ရ၊ ကျားချေးကိုလည်း ကြောက်မှ ရတဲ့ စနစ်ဖြစ်တယ်။ ကျား သနားမှ နွား ချမ်းသာ ဆိုတဲ့ စနစ်မျိုးဖြစ်ပါတယ်။ ဒါဒီမိုကရေစီခောတ် နှစ်ခုမှာ တိုင်းရင်းသားတွင် နိုင်ငံရေး အဆင့်အတန်းက ဒါပါဘဲ။

နောင်တော်ကြီးသာ ဖြစ်ချင်

ဗိုလ်ချုပ် ခင်ညွန်က ဆက်ပြောပါတယ်။ “ဘင်္ဂလားဒေ့ရှ် ဆို အင်မတန် ဆင်းရဲတဲ့နိုင်ငံ၊ ငါတို့ကို မယုဉ်နိုင်ဘူး။ သမိုင်းကြောင်းအရ ယိုးဒယားဆိုတာ နိုင်ပြီးသား၊ ရှင်းရှင်းပြောရင် ငယ်နိုင်ငံ။ လာအိုဆိုတာ ကျနော်တို့ကို ဆရာတင်တာ၊ အစ်ကိုကြီးဆိုပြီးတော့၊ ညီလေးလို ရိုးသားတယ်။ မလေးရှားဆိုတာ မှောင်ခိုသမားတွေနေတဲ့ နိုင်ငံ၊ စင်ကာပူ ဆိုတာ သေးသေးလေး၊ တိုင်းပြည်တွင်းမှာ လေယာဉ် မောင်းလေ့ကျင့်ရမည့် နေရာတောင် မရှိဘူး” (Khin Ngunt interviews with Myat Khaing, 2015, p. 137).ဒါသည် စစ်အစိုးရရဲ့ သဘောထားတင် မကဘူး။ အမျိုးသားစိတ်ပြင်းထန်သော ဗမာအများစု၏ ယနေ့ ခံယူချက်လည်း ဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူနည်းစုတွွေကို မပြောနှင့်၊ အိမ်နီးချင်း နိုင်ငံ အားလုံးကိုတောင်  ငယ်နိုင်ငံ လေးလို ထင်ပြီး ဗမာလူမျိုးတွေ အဆင့်မှာ မထားပါဘူး။  ပို၍ မြင့်မြတ်သော လူမျိုး၊ ပို၍ သန့်ရှင်းသော သွေး၊ ပို၍ စစ်မှန်ကောင်းမွန်သော ဘာသာစကား ကျင့်သုံးသော လူမျိုးကြီး ဟု တရုတ်နိုင်ငံ ဟန်လူမျိုးကြီးလိုလို မိမိကိုယ်မိမိ ထင်မြင်ယူဆကာ  တိုင်းရင်းသားလူမျိးများကို လက် အောက်ခံ ကိုလိုနီနယ်သဖွယ် ဆက်ဆံပါတယ်။ တိုင်းရင်းသားတွေကို ဘယ်တောအခါမှ  အဆင့်တန်း တူသည်ဟု သူတို့ မထင်မှတ်ပေ။ တိုင်းကို ပြည်နယ်အဆင့်အောက် နိမ့်မှာ စိုးလို တိုင်းဒေသကြီး ဟုပြောင်း ခေါ်ပါတယ်ဆိုတာ  အဆင့်အတန်းကို အထူးစိုးရိမ်တဲ့ သဘောဘဲ။၁၉၄၇ ခြေ/ဥ ကျင့်သုံးစဉ်ကာလတွင် နောင်တော်များ အဆင့်တွင် သူတို့ကို သူတို့ ထားပြီး တိုင်းရင်းသား ခေါင်ဆောင်များကို ညီတော်များဟု ခေါ်ခဲ့ပါတယ်။ နောင်တော်ကြီး၊ အစ်ကိုကြီး၊ ဆရာကြီး၊ အုပ်ချုပ်သူ နှင့် အာဏာရှိ သမ္မတ သာ ဖြစ်ချင်ပြီး တိုင်းရင်သားလူမျိုးတွေကိုတော့ ညီတော်၊ ငယ်လူမျိုး၊ အအုပ်ချုပ်ခံတပည့်၊ အာဏာမဲ့ ဒု သမ္မတ [၂] သာ ဖြစ်စေချင််ပါတယ်။

ထို နောင်တော်ကြီးများ ဦးဆောင် စီမံမူအောက်တွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပ်နှံကာ ငြိမ်ငြိမ်နေပြီး သူတို့ လုံလောက်သည် ထင်သလောက် ဖွံံွ့ဖြိုးရေး လုပ်ဆောင် ပေးမည် ဆိုတာ သူတို့၏ တိုင်းရင်းသားတွင်အပေါ် မူဝါဒ  ဖြစ်ပါတယ်။ ဒါကြောင့် မင်းတို့ တိုင်းရင်းသားတွေ၊ ဒုသမ္မတ [၂] အဆင့်ရတာ တောင် လုံလောက်ပြီ၊ မဲ တပြားမှ မရလည်း ဂရုစိုက် စရာမလိုဘူး၊ ဒါ မင်းတို့နှင့် ထိုက်တန်ပါတယ်…ဆိုတဲ့ အမြင်မျိုး ဗမာအများစုတွင်ရှိပါတယ်။

ဤ စနစ်အောက်တွင် တိုင်းရင်းသားများ၏ နိုင်ငံရေး အဆင့်အတန်းက အင်မတန်မှ နိမ့်ပါတယ်။ ဒါကြောင့် သူတို့၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် အောက်တွင် ဝမ်းသာ ပီတိဖြစ်နေသော၊ ဒု သမ္မတ [၂] အဆင့် ကို ဘရားသခင် ကောင်းကြီးကြီးသဖွယ် ယူဆနေသော၊ မဲ (၁၈) အဆင့် လောက်တွင် ဝမ်းသာ ကျေ နပ်ပီတိဖြစ်နေသူများ စာရင်းတွင် နိုင်ငံရေး တန်းတူခွင့်၊ လူမျိုးရေး တန်းတူခွင့်၊ စစ်မှန်သော ဖက်ဒ ရယ်ပြည်ထောင်စု ထူထောင်လိုသူများအားလုံး မပါဝင်သင့်ပါကြောင်း အကြံပြု တင်ပြ လိုပါသည်။



[မှတ်ချက်။ ကျနော် ဗမာတွေကို မမုန်းပါ။ ဗမာသူငယ်ချင်းတွေ ရှိသလို တိုင်းရင်းသားတွေထက် စိတ်ရင်း စေတနာ ကောင်းတဲ့ ဗမာတွေ အများကြီး ရှိိပါတယ်။ ဒါပေမယ့် စနစ်ကို မကြိက်ပါ။ ဒါကြောင့် ဤ စနစ်အောက်တွင် တိုင်းရင်းသားများ၏ အဆင့်အတန်းကို ပွင့်ပွင့်လင်းလင်း ဖော်ပြချင်တာသာ ဖြစ်ပါတယ်]

Most read this week

November 27, 2024
တိုက်ပွဲဖြစ်ခြင်းမရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က လုမ်သဲကျေးရွာကို ယမန်နေ့ နိုဝင်ဘာလ ၂၆...
November 25, 2024
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး...
November 23, 2024
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ...