“အမှန်က ဝန်ကြီးဌာနတွေတွဲကိုင်ရတဲ့အတွက် ကျွန်တော့်မှာ ပြဿနာလေး တွေရှိတယ်”

“အမှန်က ဝန်ကြီးဌာနတွေတွဲကိုင်ရတဲ့အတွက် ကျွန်တော့်မှာ ပြဿနာလေး တွေရှိတယ်”
by -
ဟင်္သာမီဒီယာ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှင့်တွေ့ဆုံခြင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး အနေနှင့် အချို့ သော ပြဿနာ များကြောင့် ဝေဖန်မှု များ ခံနေရ သည် ။ ဥပမာ ရက် ၁၀၀ စီမံကိန်း နှင့် ပြည်နယ် လွှတ်တော် ကြား ကိစ္စရပ်များ တွင် ပို၍ ဝေဖန် ခံ နေရ သည်။ မွန်ပြည်နယ် အစိုးရ အဖွဲ့ ၏ လုပ် ငန်း စဉ်များ ကိုလည်း ပြည်သူများ က မေးခွန်းထုတ်လျက်ရှိ သည်။ ထိုအကြောင်း အရာ များ ကို မွန်ပြည်နယ် အစိုးရ မည်သို့ ဖြေရှင်း နေသည်ကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်း ဦး နှင့်တွေ့ဆုံမေးမြန်း ၍ ဖော်ပြလို်က်ရပါသည်။

ဟင်္သာမီဒီယာ။  ။ ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ မွန်ပြည်နယ်မှာ အဓိက ဖြေရှင်းရမယ့်ပြဿနာတွေကို
ဘယ်လိုဖြေရှင်းဖို့စီစဉ်ထားသလဲ။

ဦးမင်းမင်းဦး။   ။ အဓိက လက်ရှိပြဿနာကတော့ စည်ပင်တာဝန်ယူရတဲ့အခါ စည်ပင်တာဝန်ကဟဲဗီးကြီး ဖြစ်နေတာပေါ့၊ အဲ့ဒီမှာများသောအားဖြင့် အစိုးရအဖွဲ့ရဲ့ ယန္တရားတွေ၊ စီမံကိန်းတွေဟာ အရင်အစိုးရ ရေးဆွဲခဲ့တဲ့ စီမံကိန်းတွေဘတ်ဂျက်တွေပဲအကောင်အထည်ဖော်ရတဲ့အနေအထားတွေ လက်ရှိကျွန်တော်တို့ ထုတ်သုံးရတဲ့အနေအထားက ဘာမှ မရှိသေးဘူး၊ အရင်အစိုးရ ဆွဲခဲ့တဲ့စီမံကိန်းတွေကို တင်ဒါခေါ်ပြီး
လုပ်ရတာတွေ မြန်မယ့်ဟာတွေမြန်မြန်လုပ်ရမှာပေါ့၊ အဲ့အနေအထားမျိုးပဲရှိသေးတယ်။

ပြီးတော့ အခုကျိုက်ထီးရိုးတောင်ပေါ်က အဓိကဖြစ်လာတယ်။ ကြားကာလမှာ ပေါ်လာတဲ့ပြဿနာဆိုတော့ ကလည်း တာဝန်ခံခဲ့တာတွေရှိခဲ့တဲ့အတွက် တာဝန်ကျေအောင်လုပ်ရတော့မယ်လေ အဲ့ဒီအတွက် လုပ်ပေး သင့်တဲ့ဟာတွေ ဥပမာ ရေကိစ္စ၊ အမှိုက်ကိစ္စ လာမယ့်ပွင့်လင်းမှာ အချိန်နဲ့အတိုင်းအတာနဲ့ တစ်ပြေးညီ အကောင်း ဆုံးဖြစ်အောင် လုပ်ဆောင်ပေးဖို့ကြိုးစားရတော့မယ် ကာလအရမ်းတိုတဲ့အတွက် မိုးတွင်းမှာပဲ တောင်ပေါ်တက်သွားရတာ တောင်ဖွင့်တဲ့အချိန်မှာ ကိုယ်မျှော်လင့်တဲ့အတိုင်း ဖြစ်အောင် ကြိုးစားရတာပေါ့။

ဟင်္သာမီဒီယာ။  ။ ကျိုက်ထီးရိုးရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဂေါပကအဖွဲ့ပြန်လည်ရွေးချယ်မှုတွေကို ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုဖြေရှင်းမလဲ။

ဦးမင်းမင်းဦး။  ။ ဂေါပကကတော့ ပြင်ဆင်ပြောင်းလဲဖွဲ့စည်းရမယ်၊ ဒီလူတွေပါမယ်မပါဘူးဆိုတာကို
ဘာမှမပြောဘူး။ ဂေါပကကို ၁၅ ဦးနဲ့ပြန်ဖွဲ့မယ် ၁၀ ဦးက ပြည်နယ်အစိုးရကဆုံးဖြတ်ချက်ထဲမှာရှိတယ် ၅ ဦးကတော့ ဌာနဆိုင်ရာဝန်ထမ်းတွေပေါ့ ။အခုကတော့ ပြင်ဆင်ဖွဲ့စည်းမယ့် ဂေါပကရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြန်ဆွဲရဦး မှာပါ။ ဒီနှစ်ထဲမှာ ကျွန်တော်တစ်လတစ်ခါ မဟုတ်ရင်တောင် နှစ်လတစ်ခါလောက် အနည်းဆုံးတက်ပြီး လုပ်ဆောင်မှုတွေကို အမြဲတမ်းစစ်ဆေးနေမယ်၊ ကိုယ် ဒီကိစ္စတာဝန်ယူထားပြီးပြီ ဖြစ်တယ်။ တာဝန်ကျေ အောင်အကောင်းဆုံးလုပ်ဆောင်ပေးသွားမှာပါ။ အဓိကဝန်ဆောင်မှုလုပ်ငန်းပေါ့ ဝန်ဆောင်မှုတွေညံ့တဲ့အတွက် အခုလို ပြဿနာတွေ တက်ကုန်တာ။

ဟင်္သာမီဒီယာ။  ။ အဲဒီ ဝန်ဆောင်မှု ပြဿနာတွေကို ဘယ်လိုဖြေရှင်းမှာလဲ။

ဦးမင်းမင်းဦး။  ။ ဘုရားဖူးတွေရေဝယ်သုံးနေရတဲ့ကိစ္စတွေ၊ ဒီတောင်ပေါ်ရောက်လို့ဘုရားဖူးတွေအနေနဲ့ ရေတွေ ဝယ်သုံးနေရတယ်ဆိုတဲ့အသံ ကျွန်တော််မကြားချင်တော့ဘူး၊ ဂေါပကအဖွဲ့တွေရော ဝန်ဆောင်မှုလုပ်ဆောင် နေတဲ့သူတွေကော ညှိနှိုင်းပြီး ရေ အလျှံအပယ်ရနိုင်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ ဘုရားဖူးတွေအတွက် ရေဝယ်သုံးနေရတာမျိုးကို လာမယ့်ပွင့်လင်းရာသီမှာ မဖြစ်အောင် ဂေါပကအဖွဲ့ နဲ့ လုပ်ငန်းရှင်တွေ လုပ်ဆောင် ကြဖို့ ညွှန်ကြားထားပါတယ်။ အမှိုက်ကိစ္စအတွက်လည်း စည်းကမ်းပိုင်းတွေပေါ့ ၊ တောင်တက်ကားနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုအပိုင်းလေးတွေ ညံ့ဖျင်းတယ်ပေါ့၊ အဲ့တာတွေပြင်ဆင်ပေးဖို့ကျွန်တော်ပြောခဲ့ပြီးပြီး မပြင်ရင်တော့အရေးယူမှာပဲ ကျွန်တော်တာဝန်ခံထားတာဖြစ်တဲ့အတွက် ကိုယ့်လုပ်ငန်းတွေမှာ ဝန်ဆောင်မှု အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ဖို့ ပြောထားပြီးပြီး၊ မပြင်ရင်တော့ အစိုးရအနေနဲ့ ပြင်ဆင်ရမှာပဲလေ အဲ့လိုပြင်ဆင်တဲ့အခါကျတော့ ဒေသခံတွေထိခိုက်ရှနာတာတွေဖြစ်မယ်။ ကျွန်တော်မလုပ်ချင်ဘူး ဒါပေမဲ့ လုပ်သင့်တဲ့ အခြေအနေရောက်ရင်တော့ ကျွန်တော်အရေးယူရမယ်။ပထမအကြိမ်ဒဏ်ငွေ သုံးသိန်းနဲ့ ဒုတိယအကြိမ် ပိတ်သိမ်းတဲ့အထိ အရေးယူမှုတွေလုပ်ကိုလုပ်မှာ မပူနဲ့ ကိုယ်လည်းလူငယ်ပဲ စည်းကမ်းအတိုင်း လိုက်နာနေရင် ကျွန်တော်ဘာမှမလုပ်ဘူး ရှင်းရှင်းပဲ။

ဟင်္သာမီဒီယာ။  ။ အရင်အစိုးရလုပ်ခဲ့တဲ့ စီမံကိန်းတွေကို ကန့်ကွက်မှုတွေရှိနေတယ်၊ဒီ ပြဿနာတွေကို ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုဖြေရှင်းမလဲ။

ဦးမင်းမင်းဦး။  ။ ဖြေရှင်းသင့်တဲ့ဟာဆိုရင်တော့ ကျွန်တော် ဖြေရှင်းပေးမှာပေါ့နော်၊ ဖြေရှင်းလောက်တဲ့အခြေ အနေတွေ အတိုင်းအတာတွေရှိရင် အစိုးရအဖွဲ့ကတော့ လုပ်ပေးရမှာပေါ့၊ လက်ရှိကတော့ အဓိက သူတို့လုပ်ခဲ့ တဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဘာကိုဖြေရှင်းပါဆိုပြီး တွန်းလာတဲ့အနေအထားမရှိသေးဘူး။ စီမံကိန်းတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ကို လာတိုင်တဲ့ပုံစံမျိုးတွေဘာမှတော့ မရှိသေးဘူး။ ကြားတော့ကြားပါတယ်။ ဘယ်စီမံကိန်းတွေက ဘယ်လိုဖြစ်နေတယ်ပေါ့၊ အရင် လုပ်တာတော့ အရင်အပိုင်းပေါ့။ ကျွန်တော်တို့ စတင်တာဝန်ယူတဲ့အချိန်မှာ တာဝန်ယူတဲ့အပိုင်းတွေ ကောင်းအောင် ကျွန်တော်တို့လုပ်သွားမယ်။ ပြည်သူတွေ လက်ခံနိုင်မယ့် အခြေအနေမျိုးတွေပဲ အကောင်အထည်ဖော်သွားမှာပါ။

ဟင်္သာမီဒီယာ။  ။ ဝန်ကြီးချုပ်အနေနဲ့ ဖွံ့ဖြိုးရေးအတွက်ကို ဘယ်လို စီမံချက်တွေဘာတွေ ရေးဆွဲထားတာမျိုးရှိလား။ ဥပမာ။ အဂတိလိုက်စားမှုဦးစားပေးလုပ်ဆောင်မှာတို့  ပြည်နယ် ဖွံ့ဖြိုးရေး ဦးစားပေးလုပ်ဆောင်မှာတို့ကို အစီစဉ်ဆွဲထားတာမျိုးရှိလား။

ဦးမင်းမင်းဦး။  ။ ဖွံ့ဖြိုးရေးအတွက်ကတော့ လာမယ့်အပတ်မှာ ကျွန်တော်တို့ စဆွဲရပြီ၊ အဲ့အခါကျတော့ ဘယ်ဒေသတွေ ဘယ်လိုဖွံ့ဖြိုးသင့်တယ်ဆိုတာမျိုး၊ အဓိကဦးစားပေးလုပ်ရမှာ အဲ့ဒီမှာ ကိုယ်သုံးနိုင်တဲ့ ဘတ်ဂျက်နဲ့ ချိန်ထိုးပြီးလုပ်မှာပါ။ အဂတိလိုက်စားမှုလည်း ပပျောက်ရေးအတွက် ကျွန်တော် ဌာနဆိုင်ရာတွေကို မှာထားပြီးသားပါ။ အရင်တုန်းကတော့တောင်းမှပေါ့ အခုကတောင်းတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ ပေးချင်စိတ်ပေါက်လာ အောင်လုပ်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဘယ်လိုပေးချင်စိတ်ပေါက်လာအောင်လုပ်တဲ့ပုံစံမျိုးလဲဆိုတော့ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ ရှုပ်ထွေးမှုတွေကို အသုံးချပြီးတော့ ပေးချင်စိတ်ပေါက်လာအောင်ပုံဖော်တဲ့ပုံစံမျိုး ပေါ့၊ အဲ့တာတွေအများဆုံးမြင်ရတယ်၊  နောက်လေးငါးလဆို ကျွန်တော်တို့အားလုံးကိုထိန်းချုပ်နိုင်ပြီးပေါ့၊အုပ်ချုပ်ရေး ယန္တရားကိုလည်း သေသေချာချာထိန်းချုပ်နိုင်ပြီးဆိုရင် ကျွန်တော်သွားချင်တဲ့မူဝါဒတွေ အဲ့ဒီမှာပီပီပြင်ပြင်ပေါ် လာတော့မယ်။

ဟင်္သာမီဒီယာ။  ။ အစိုးရပိုင်းအနေနဲ့လက်ရှိအချိန်မှာ အုပ်ချုပ်ရေးယန္တရားကို မထိန်းချုပ်နိုင်သေးတာလား။

ဦးမင်းမင်းဦး။  ။ အုပ်ချုပ်ရေးယန္တရားကအခုမှ စပြီး ထိန်းချုပ်နေတဲ့အခြေအနေအချိန်ကာလဖြစ်နေသေး တယ်။အမှန်အတိုင်းပြောရရင် အခုအခြေအနေက နားလည်အောင်တည်ဆောက်တဲ့အခြေအနေတွေ ရှိသေးတယ်။ အစိုးရ အုပ်ချုပ်ရေး ဝန်ကြီးဌာန တစ်ခုရဲ့တာဝန်လည်းရှိသေးတယ်။ ဝန်ကြီးချုပ်ရဲ့ တာဝန်တွေပါ တွဲရှိတော့ အခုက နှစ်ခုပြေးနေရတယ်။

ဟင်္သာမီဒီယာ။  ။ ဝန်ကြီးချုပ်အနေနဲ့ ဆောက်လုပ်ရေး၊နဲ့စည်ပင် ဝန်ကြီးဌာနနှစ်ခုကိုတွဲကိုင်ရတဲ့အတွက် အုပ်ချုပ်ရေးယန္တရားကို မထိန်းချုပ်နိုင်သေးတဲ့သဘောကို ဆိုလိုတာလား။

ဦးမင်းမင်းဦး။  ။ အဲ့လိုမဟုတ်ပါဘူး နည်းနည်းတာဝန်ပိတဲ့သဘောပဲရှိတာပေါ့၊ မနိုင်စရာအကြောင်း တော့မရှိ ပါဘူး။ လက်ရှိ ကျွန်တော့်ပြည်နယ်မှာ ဘာမှတော့ပြဿနာမဖြစ်လာသေးဘူး၊ အားလုံးမြင်တဲ့ အတိုင်းပဲ၊ ပြည်သူ တွေကတော့ ရက်တစ်ရာဆို တဲ့အမြင်လေးကတော့ရှိတာပေါ့၊ ဒါပေမဲ့ အကိုတို့သွားရတဲ့ အနေအထားမျိုးက စီမံကိန်းတွေဘတ်ဂျက်တွေ အရင်အစိုးရက အကုန်ဆွဲထားတဲ့ဟာကို အကောင်အထည်ဖော်ရုံပဲရှိပါသေးတယ်။

ဟင်္သာမီဒီယာ။  ။ ဝန်ကြီးချုပ်တွေကိုကျတော့ သမ္မတကနေပြီးတိုက်ရိုက်ခန့်တာ၊ ကျန်တဲ့ဝန်ကြီးတွေကိုကျ တော့ ဝန်ကြီးချုပ်လက်မှတ်နဲ့ခန့်အပ်ရတာဖြစ်တဲ့အတွက်  စည်ပင်နဲ့ဆောက်လုပ်ရေး ကို တခြားသီးသန့်ပြန် လည် ပေးဖို့အစီအစဉ်ရှိလား။ ဒါမှမဟုတ် ဘာကြောင့် ဒီဝန်ကြီးဌာနနှစ်ခုလုံးကို တွဲကိုင်ရတာဆိုတာလည်း သိချင်ပါတယ်

ဦးမင်းမင်းဦး။  ။ ကျွန်တော်တို့က ဝန်ကြီး ဌာန အသုံးစရိတ် တွေလျော့လိုက်တာ အများကြီးရှိတယ်လေ၊ မူဝါဒအရသွားရတာပေါ့၊ အမှန်တော့ကျွန်တော်က  အင်ဂျင်နီယာဘွဲ့ရထားတာ ဖြစ်တဲ့အတွက်လည်းပါတယ်။ စည်ပင်နဲ့ ဆောက်လုပ်ရေးဆိုတာ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ဌာနတွေလေ အဲ့တာကြောင့် တွဲကိုင်ထားပေး တာပါ၊

ဟင်္သာမီဒီယာ။  ။ ဒီဌာနတွေကို ပြန်လည်ခွဲဝေပေးဖို့အစီအစဉ်ရှိလား။

ဦးမင်းမင်းဦး။  ။ အမှန်က ဝန်ကြီးဌာနတွေတွဲကိုင်ရတဲ့အတွက် ကျွန်တော်မှာ ပြဿနာလေး တွေရှိတယ်။ ဒီဟာကိုအမှီပြုပြီး ပြဿနာလေးတွေ အနည်းငယ်ရှိတဲ့အတွက်၊ တစ်နေ့လက်လွှတ်သင့် ရင်လက်လွှတ်မှာပေါ့ နောက်ပိုင်းမှာ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ပဲ ထိထိမိမိတာဝန်ယူဖို့များတယ်။

ဟင်္သာမီဒီယာ။  ။ ပြည်နယ်ရဲ့ အဓိကပြဿနာအရင်းအမြစ်က  မူးယစ်ဆေးဝါးပြဿနာ ဖြစ်တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဒီကိစ္စဘယ်လိုကိုင်တွယ်ဖို့ရှိ သလဲ။

ဦးမင်းမင်းဦး။  ။ မူးယစ်ဆေးဝါးက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်နေတာ မြန်မာတစ်နိုင်ငံလုံးလည်းဖြစ်နေတာ အကိုလည်းအတတ်နိုင်ဆုံး၊ ဒီဟာကို ကျိုက်ထီးရိုးမှာလည်းအကိုပြောပါတယ်၊ အသံတောင်မကြားချင်တော့ဘူး လို့ပြောခဲ့တယ်။ အဲ့လောက်ဆို အကိုဘယ်လောက်ထိ Action ယူမလဲဆိုတာ သဘောပေါက်မှာပါ။ ကျန်တဲ့နေရာတွေလည်း အခုဆို အဖမ်းအဆီးတွေ များလာပါပြီ။ ဒါက အရမ်းရှုပ်ထွေးပြီး သိမ့်မွေ့တဲ့ပြဿနာ ဆိုတော့ အမြစ်ပြတ်ဖို့ဆိုတာတော့သိပ်မလွယ်ဘူး ဒါပေမဲ့ ဒီလိုပဲဖြေရှင်းသွားရမယ်။

ဟင်္သာမီဒီယာ။  ။ စီမံကိန်းကော်မရှင်အဖွဲ့ဖွဲ့တာနဲ့ပတ်သက်ပြီးလွှတ်တော်နဲ့ ဘာကြောင့် သဘောထားကွဲ
ခဲ့့တာလဲ။

ဦးမင်းမင်းဦး။  ။ ပြီးခဲ့တဲ့ကိစ္စအတွက် ကျွန်တော် ပြန်မပြောချင်တော့ဘူး၊ ဒါပေမဲ့အဲ့တာက သက်သက် အဆော်ခံလိုက်ရတဲ့သဘောပေါ့၊ ကျွန်တော်ပြည်သူ့အသံနားထောင်တဲ့အတွက် ကိုယ့်ပြည်သူတွေကဒီလို ပြောလာတယ်။ အဲ့တာဆိုရင်  ပြန်လည်ပြောင်းပေးလိုက်ဆိုပြီးပြောခဲ့တာ အမှန် ကိုယ့်ကြောင့်ဘယ်သူ့ကိုမှ ပေးမထိခိုက်စေချင်ဘူး ပထမပြင်ပလုပ်ငန်းရှင်တွေထည့်တယ် ပြည်သူတွေမကြိုက်တဲ့အတွက် နာမည်စာရင်း ပြန်လည်ပြောင်းပေးလိုက်တယ်ပေါ့၊ကျွန်တော် တာဝန်ယူတဲ့ အပိုင်းကို အတက်နိုင်ဆုံး ကောင်းအောင်လုပ်မယ်။

ဟင်္သာမီဒီယာ။  ။ မွန်ပြည်နယ်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်ရောက်လုပ်ကိုင်ဖို့ဝန်ကြီးချုပ်နဲ့ တွေ့ဆုံနေတဲ့အနေအထားတွေ အများကြီးရှိနေတော့ ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုမျိုး စံသတ်မှတ်ချက်တွေချ
မှတ်ထားလဲ။

ဦးမင်းမင်းဦး။  ။ အဓိက တာဝန်ယူမှု၊တာဝန်ခံမှုရှိတဲ့ တိုင်းပြည်ကို ဦးစားပေးမယ်။ နောက်တစ်ခါရင်းနှီးမြှုပ်နှံမှု တော်တော်များများကို သူတို့ကိုအပြည့်မပေးနိုင်ဘူး ကိုယ့်ပြည်နယ်မှာရှိတဲ့လုပ်ငန်းရှင်တွေ ပြည်သူတွေပူးပေါင်း ပါဝင်နိုင်တဲ့ အခြေအနေမျိုးကို စဉ်စားနိုင်မယ့်ဟာမျိုးတွေကိုဦးစားပေးမယ်၊ စတော့ရှယ်ရာလုပ်ငန်းတွေဟာ ဒီမိုကရေစီနိုင်ငံမျိုးတွေမှာ မဖြစ်မနေလုပ်ကိုလုပ်ရတော့မှာ၊ အခုချိန်မှာ မကျော်ဖြတ်လို့ကိုမရတော့ဘူး၊ အဲ့တာမှပြည်သူအများစုပါဝင်လာမယ်လေ အဲ့လိုအများစုပါဝင်လာမယ့်လုပ်ငန်းတွေကိုဦးစားပေးမယ် နိုင်ငံတကာကလာမယ်သူတို့ပဲအားလုံးရင်းနှီးမြှုပ်နှံပြီး သူတို့ပဲအကုန် ပုံဖော်သွားလို့ဆိုတဲ့ အဲ့တာမျိုးတွေ အဖြစ်မခံဘူး။ နောက်ဌာနေတိုင်းရင်းသားလုပ်ငန်းရှင်တွေ ဌာနေပြည်သူတွေအကျိုးရှိမယ့် အနေအထားမျိုးကို စဉ်းစားမယ် မွန်ပြည်နယ်ကိုအုပ်ချုပ်တာ မွန်ပြည်နယ်ရဲ့ပြည်သူတွေအဓိကဦးစားပေးဖို့ အရေးကြီးဆုံးပဲ။

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...