မေး။ ။ပြည်သူတွေဆီကနေ စာတွေပေးပို့လာတာတွေ ရှိသလား၊ သူတို့ဆီကနေ ဘာတွေ ပြန်ကြားရတာရှိသလဲ။
ဖြေ။ ။ဒီရက်ပိုင်းကြားမှာ ပြည်သူတွေဆီကနေ စာတွေရောက်လာဖို့ရှိတယ်လို့ ကြားနေရတယ်။ ကျိုက်မရော ဘိလပ်မြေစက်ရုံနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေနဲ့ တွေ့ဆုံပွဲ လုပ်တဲ့အချိန်တုန်းကတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ သူတို့ဖိတ်ခဲ့တယ်လေ။ ဒီတော့ ပြည်သူလူထုရဲ့ကျန်းမာရေးကို ထိခိုက်လာစေမယ့်ဟာမျိုးကိုတော့ အပြင်းအထန် ကန့်ကွက်သွားမှာပါ။
မေး။ ။MCL ဘိလပ်မြေစက်ရုံမှာ ကျောက်မီးသွေး သုံးမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကို ဘာတွေလုပ်ဆောင်ပေးနိုင်မှာလဲ၊ အခက်အခဲအနေနဲ့ရော ဘာတွေရှိလာနိုင်မလဲ။
ဖြေ။ ။အခက်ခဲတွေကတော့ သူတို့ စာချုပ်ကို ဘယ်လိုချုပ်ထားသလဲဆိုတာကိုပေါ့နော်။ ဥပမာပြောရရင် စာချုပ်ထဲမှာ ကျောက်မီးသွေးနဲ့ပဲ လည်ပတ်ရမယ်လို့ အရင်အစိုးရနဲ့ စာချုပ်ချုပ်ထားခဲ့မယ်ဆိုရင် ဒီကုမ္မဏီတွေနဲ့စကားပြောရတော့မှာပေါ့။ တစ်ချိန်မှာ တခြားနည်းလမ်းကို သုံးပြီးတော့ လည်ပတ်ဖို့အတွက်ကိုပြောရမှာပေါ့။ ကျောက်မီးသွေးကိုတော့ ကျွန်တော်တို့ ကန့်ကွက်သွားမှာပါ။ နိုင်ငံတကာမှာလည်း ဒါကို လက်မခံနေဘူးလေ။ ဒါကြောင့်ကျွန်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ လည်ပတ််််နေတယ်ဆိုရင်တော့ အဓိပ္ပါယ်မရှိဘူးလေ။ အခုသူတို့ ဒီနည်းလမ်းကို သုံးတယ်ဆိုတာ ကုန်ကျစရိတ်နည်းပြီးတော့ သူတို့ရဲ့ကုန်ထုတ်စွမ်းအား များများရဖို့အတွက်ကိုပဲ ကုမ္မဏီတွေက ကြည့်တာလေ။ ဒါပေမယ့် ဒါတွေကိုရှူနေရတာက ကိုယ့်ဆီက အလုပ်သမားတွေပဲလေ။
မေး။ ။စာချုပ်မှာတော့ လျှပ်စစ်၊ ဂက်စ်ပြီးတော့မှ ဒါတွေမရခဲ့ရင် ကျောက်မီးသွေးသုံးမှာပေါ့။ ဒီတော့ ဒီစက်ရုံလည်ပတ်ဖို့အတွက်ကို အစိုးရအနေနဲ့ လျှပ်စစ်ဓါတ်အားပေးနိုင်ပါ့မလား၊ ဒါမှမဟုတ်ဘူးဆိုရင် ဒီအတိုင်းဆက်သွားစေမှာလား။
ဖြေ။ ။ အစိုးရဘက်ကနေ ပေးဖို့ဆိုတာကလည်း ဂက်စ်နဲ့လည်ပတ်ရမှာ၊ ဒီတော့ တစ်နေရာရာကနေ ဂက်စ်ရမှ လည်ပတ်လို့ရမှာ။ လောင်စာဆီနဲ့ လည်ပတ်ဖို့ဆိုပြန်တော့လည်း ကုန်ကျစရိတ်များသွားမယ် စျေးတွေမြင့်သွားမယ်။ ဒီတော့သူတို့အကျိုးအမြတ်တစ်ခုတည်းကို ကြည့်လို့မရဘူး။ ဘိလပ်မြေတွေကို စျေးနှုန်းတင်ချင်ရင်တင်ပေါ့။ ဒီတော့ တခြားနည်းလမ်းနဲ့ လည်ပတ်ပါ၊ ဒါပေမယ့် သေသေချာချာကို စာချုပ်ချုပ်ထားတယ်ဆိုရင်တော့ ဒါကိ ုဖြည်းဖြည်းချင်းစီ ရွှေ့သွားမှာပေါ့။ ဒီကြားထဲမှာ ၀န်ကြီးချုပ်နဲ့လည်းတွေ့ဖို့ ရှိနေတယ်။ ဒီကိစ္စကို သူလည်း သိနေတယ်ဆိုတော့ ဘယ်လိုအစီအစဉ်တွေရှိသလဲ သူ့ဆီကနေ အကြံဉာဏ်တွေလည်း ယူလို့ရတာပေါ့။ တကယ်တော့ ကျွန်တော်တို့လည်း သွားပြီးလေ့လာသင့်တယ်။ ဘယ်စွန့်ပစ်ကြသလဲ ရေတွေဘယ်လိုထုတ်နေသလဲ။ ပြီးတော့ မီးခိုးငွေ့တွေကို ဘယ်လိုထိန်းသိမ်းထားသလဲ ဆိုတာတွေကိုပေါ့။ ကျောက်မီးသွေးကို ဘယ်လိုထိန်းသိမ်းကြမလဲ။ အကြံပေးသင့်တယ်ဆိုရင်လည်း ပေးရမှာပေါ့။ စက်ရုံကလည်နေပြီ၊ ဒါပေမယ့် စက်ရုံကို ပိတ်ခိုင်းလို့မှမရသေးတော့ အန္တရယ် အနည်းဆုံးဖြစ်အောင် လုပ်ဖို့လိုမယ်လို့မြင်တာပေါ့။ ဒါပေမယ့် ကျောက်မီးသွေးကိုတော့ တစ်ကမ္ဘာလုံးက မသုံးတော့ပါဘူး။ ဒါကိုကန့်ကွက်နေကြတာပါ။
မေး။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ။
ဒေါက်တာမင်းကြည်ဝင်း(MNA)