အဆိုပါ လွှတ်တော်ကိုယ်စား လှယ်များစွမ်းရည်မြင့်သင်တန်းကို နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ ဒီဇင်ဘာ ၂၀ မှ ၂၂ ရက်ထိသုံးရက်ကြာကျင်းပခဲ့သည်။
"မေးခွန်းတွေက ဘာမေးမယ်မှန်းမသိပေမယ့် ပေးထားတဲ့မိနစ်အတွင်းမှာ ကိုယ်တိုင်ရှာဖွေရေး ဖြေကြ ရမှာပါ။ စာအုပ်တွေထဲကရှာကြည့်ဖြေလို့ရပါတယ်။ အဓိကကတော့ စာမဖတ်ထားရင် ပေးထားတဲ့ အချိန်တွင်းမှာ ဘယ်စာအုပ်ထဲကရှာရမှန်းမသိခင် ဖြေစရာတစ်လုံးမှ ရလိုက်ကြမှာမဟုတ်ပါဘူး၊ အမေစု ဆေးစွမ်းထက်ပါတယ်။ စာဖတ်ဖြစ်တဲ့ဓလေ့ပြန်ရလာတယ်။ အခုတော့အခန်းတိုင်း တိတ်ဆိတ်လို့ စာဖတ်နေကြတယ်”ဟု ကလေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ၄င်းလူမူကွန်ရပ် စာမျက်နှာတွင်ဖော်ပြထားသည်။
ဆက်လက်ပြီး “ဒီစာမေးပွဲဟာ အောင်စာရင်းထုတ်ပြန်ဖို့မဟုတ်ပဲ ရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပေးပို့ပြီး ဘယ်သူဟာ ဘယ်လိုတင်ပြဆွေးနွေးနိုင်စွမ်းရှိသလဲဆိုတဲ့အပေါ် ဘာတာဝန်တွေပေးအပ် သွားမယ်ဆိုတာ ဆုံးဖြတ်ဖို့ပါလို့ ဆရာတွေကပြောပါတယ်"ဟု သူမကဆိုသည်။
အဆိုပါသင်တန်းတွင် ဘာသာရပ် နှစ်ခုသင်ပြကြောင်း၊ ယင်းတို့မှာ ဦးကိုနီသင်ပြသော ဖွဲ့စည်းပုံအခြေဥပဒေနှင့် ဦးအောင်ကြည့်ညွှန့်သင်ပြသော ပါတီမူဝါဒ၊ စည်းကမ်းထိန်းသိမ်းရေး ဖွဲ့စည်းပုံအဆင့်ဆင့်နှင့်ရွေးကောက်ပွဲကြေငြာစာတမ်း တို့ဖြစ်ကြောင်းသိရသည်။
“ ကျွန်တော်တို့ ကိုယ်စားလှယ်တွေနဲ့ဒီသင်တန်းကတစ်ကယ်ကိုအကျိုးရှိတယ်။ လွှတ်တော်ထဲမှာ အချိန်ကိုက် မေးခွန်းတွေမေးတက်ရ မယ်။ အဆိုတင်သွင်းတက်ရမယ်။ ပြီးတော့ လူထုရှေ့မှာ စကားပြောတာတွေကအစ ဘယ်လိုပြောဆိုရမလဲဆိုတာတွေကို သေသေ ချာချာလေ့လာခွင့် ရရှိခဲ့သည်”ဟု ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးထိုက််ကပြောသည်။
နေပြည်တော် ရွေအိမ်စံဟိုတည်တွင်ကျင်းပပြုလုပ်သော (၃)ရက်တာသင်တန်းတွင် လွှတ်တော်(၃)ရပ် တွင်အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်များအားလုံး တက်ရောက် ခဲ့ကြကြောင်းသိရသည်။ ချင်းလူမျိုးအများစုမှာဘာသာ စကားပြောဆိုမှုအရ အဆို၊ မေးခွန်းများ တင်သွင်းမှုများအခက်အခဲရှိကြောင်းဝေဖန်နေမှုများရှိ နေသည့် အပေါ်ယခု(၃)ရက်တာသင်တန်းမှဖြေရှင်းပေးနိုင်မည်ဟု သင်တန်းတက်ရောက် လာသူများမှယုံကြည်နေကြသည်။ ပြီးခဲ့သည့်ရက် ဒီဇင်ဘာ ၁၆ မှ ၁၈ ရက်ထိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ၊ မန္တလေးတိုင်း၊ နေပြည်တော်မြို့နယ်ကောင်စီတို့ကို ပထမသုတ် အနေဖြင့် သုံးရက်ကြာသင်တန်းပေးခဲ့ပြီးဖြစ်သည်။