" ကျွန်တော်တို့ကချင်က လွှတ်တော်၃ခုအတွက် မဲထည့်လို့ရတယ်။ ကချင်တိုင်းရင်းသားအတွက် မဲ ထည့်ဖို့မရဘူး။ စာရင်းပေါက် တာကလေးသောင်းကျော်မှာ ၂သောင်းကျော်ပဲ ထည့်လို့ရခဲ့တယ်" ဟု ဦးဇူဒေါင်ကပြောသည်။
ဦးဇူဒေါင်သည် ရှမ်းပြည်နယ်အတွင်းရှိ ကချင်ဇုံ ၁၈ ဇုံအတွက် ကချင်တိုင်းရင်းသားလူကြီးမိဘ ၁၀၀ကျော်၏ ဆုံးဖြတ်ချက်ဖြင့် ကချင်လူမျိုးကိုယ်စားပြုပြီးတစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ဦးဇူဒေါင်က" ရှမ်းပြည်နယ်မှာ ကချင်ပါတီရယ်လို့သီးသန့်မရှိဘူး။ ကိုယ့်လူမျိုးရဲ့ကံကြမ္မာကို ဖန်တီးရတော့မယ်ဆိုတော့ တစ်ခြားပါတီကရွေးတဲ့သူကို ဝိုင်းထည့်မယ်ဆိုရင်သဘာဝသိပ်မကျဘူး။ တစ်သီးပုဂ္ဂလဆိုပေမဲ့ ကျွန်တော်တစ်ယောက် တည်းမဟုတ်ဘူး။ အားလုံးဝန်းရံပြီးမှလုပ်တဲ့အတွက် ခုလိုအောင်မြင်မှုရရှိတာဖြစ်ပါတယ်" ဟု တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ကချင်တိုင်းရင်းသားများ၏ ဆုံးဖြတ်ချက်ဖြင့်ယှဉ်ပြိုင်ခဲ့ကြောင်းရှင်းပြသည်။
ရှမ်းပြည်နယ််တွင်ကချင်တိုင်းရင်းသားကိုယ်စားလှယ်လောင်းနေရာအတွက် နိုင်ငံရေးပါတီ၄ခုနှင့်တစ်သီးပုဂ္ဂလ နှစ်ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဦးဇူဒေါင်က မဲအရေအတွက်၁၅၄၇၈မဲဖြင့် ခိုင်လုံမဲ ၄၆.၃%ရရှိကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဦးဇူဒေါင်အနေဖြင့် ရွေးကောက်ပွဲသည် ကချင်တိုင်းရင်းသားများအတွက်ဆိုပါက ပွင့်လင်းမြင်သာမှုရှိသည်ဟုပြောလိုကြောင်း၊ မဲဆန္ဒရှင်လက်မှတ် အပြည့်မပါသည့်ကိစ္စသာပြောစရာရှိသည်ဟုဆိုသည်။
ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိဦးသန်းလွင်မြင့်က မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းစိစစ်စဉ်က တိုင်းရင်းသားဆန္ဒ မဲအတွက် ပုံစံ ၁ ကိုပါကြည့်ရန်လိုအပ်ကြောင်း၊ ပုံစံ ၁ တွင်ပါမပါမကြည့်ခဲ့သဖြင့် ထိုကဲ့သို့တိုင်းရင်းသားဆန္ဒမဲ့ကျန်ရှိခဲ့သည့် လိုအပ်ချက်များဖြစ်ခဲ့ရသည်ဟု ဖြေကြားခဲ့သည်။
“ နိုင်ငံတကာမှာလည်း ရွေးကောက်ပွဲတွေ့က ပြီးပြည့်စုံတယ်တယ်လို့မဟုတ်ပါဘူး။ ကျွန်တော်တို့ကအတွေ့အကြုံနည်းသေး လို့ဖြစ်တာပါ။ တိုင်းရင်းသားမဲမပါတဲ့သူတွေ့ကို ပုံစံ ၁ကိုကြည့်လားလို့ပဲမေးရမယ်”ဟု ၎င်းကပြောသည်။
ကချင်တိုင်းရင်းသားများနည်းတူ တစ်ခြားတိုင်းရင်းသားများတွင်လည်း တိုင်းရင်းသားဆန္ဒမဲလက်မှတ် မပါသည့်ကိစ္စများဖြစ်ပေါ် ခဲ့သည်ဟုသိရသည်။