ရေးမြို့နယ်ရှိ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် မွန်အမျိုးသားပါတီ(MNP)မှ ဒေါက်တာမင်းစိုးလင်းက ၁၂၉၄၄ မဲဖြစ် တခြားသော ပြိုင်ဘက် ပါတီများကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာမင်းစိုးလင်း ယှဉ်ပြိုင်ခဲ့ရသော ပါတီများမှ ကိုယ်စားလှယ်များကတော့ ၊ ဒေါ်နော်နု နုဝါ (NLD)မှ ၁၀၁၉၉ မဲ၊ (AMDP)မှ ဦးနိုင်စခေါင်မွန်က ၅၆၅၆မဲ၊(USDP)မှ ဦးအောင်စိုးနိုင်က ၅၆၄၁ မဲ၊တို့ အသီးသီး ရရှိခဲ့ကြသည်။
“ ရွေးကောက်ပွဲ မစခင်က ပြောခဲ့သလုုိပဲ မွန်ပြည်နယ်နဲ့ မွန်လူမျိူးတွေရဲ့ လူနေမှုဘဝ တုုိးတက်လာအောင် လုုပ်ကုုိင် ဆောင်ရွက်ပေး သွားမှာပါ ” ဟုု မွန်အမျိူးသားပါတီမှ ဒေါက်တာမင်းစုုိးလင်းက ပြောသည်။ အလားတူ မွန်အမျိူးသားပါတီမှ ဦးနုုိင်သီဟက လည်း အမျိူးသားလွှတ်တော် မဲဆန္ဒနယ် (၂)တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ မဲအရေအတွက် ၁၀၈၃၂ မဲဖြင့် အနုုိင်ရခဲ့ကြောင်း ရေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုုံးက ပြောသည်။
မွန်အမျိုးသားပါတီမှ ဦးနိုင်သီဟက ၁၀၈၃၂ မဲ၊တခြားသော ပြိုင်ဘက်ပါတီများမှ ကိုယ်စားလှယ်လောင်းများ
ဖြစ်ကြသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှဦးနိုင်အောင်ဘက ရ၂၉၃ မဲ၊ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ မျိုးချစ်က ၅၄၀၉ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးမြသောင်း(ခ)ဦးဗိုလ်သောင်းက ၁၀၃၉၇ မဲ၊တို့ အသီးသီး ရရှိခဲ့ကြကြောင်း ရေးမြို့နယ်ရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ခွဲရုံးမှ ပြောသည်။
မွန်အမျိုးသားပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ရွေးကောက်ပွဲ ကျင်းပခဲ့သော မြို့ နယ်များအားလုံးမှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း၅၃ ဦးဖြင့် လွှတ်တော် အသီးသီးမှာ ၀င်ရောက် ယှဉ်ပြိုင် ခဲ့သည်။