လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ သံလွင်တိုင်မ်းနှင့် စနောင်းတိုင်းမွန်သတင်းဂျာနယ်မှ သတင်းထောက်များ ယနေ့ သွားရောက်သတင်းယူရာတွင် တားမြစ်ခြင်း ဖြစ်သည်။
ကရုတ်ပိကျေးရွာ မဲရုံ (၁) မှ မဲရုံမှုး ဒေါ်ခင်းအေးက “ ပရိဝုဏ်အတွင်းရိုက်လို့မရဘူး၊ ရိုက်ချင်ရင် ပရဝုဏ်အပြင်ကနေရိုက်ပါ၊ မဲရုံဘက်ကို ရိုက်လို့မရဘူး” ဟု ပြောသည်။
၎င်းတို့ကို အထက်မှ ညွန်ကြားထားသည့်အတိုင်း မဲရုံအတွင်းချမှတ်ထားသည့် စည်းကမ်းအတိုင်း ယခုကဲ့သို့ ဝင်ခွင့်မပြုကြောင်း ၎င်းက ဆက်ပြောသည်။
မဲရုံ အမှတ် (၂) ရှိ သတင်းလာရောက်ရယူသည့် သတင်းသမားများကို ကျေးရွာကော်မရှင် ဥက္ကဌ ဦးကွန်ဘ က မဲရုံပရိဝုဏ်အတွင်း မဝင်ရန် တားမြစ်ခြင်း ဖြစ်သည်။
အလားတူ ဘီးလူးကျွန်း ချောင်ဆုံမြို့နယ်ရှိ မဲရုံအချို့တွင်းလည်း သတင်းသမားများကို မဲရုံပရိဝုဏ်အတွင်း သတင်းရယူခွင့်ကို တားမြစ်ထားကြောင်း သိရသည်။