“ ထန်တလန်မြို့မှာ မဲပေးသူအချို့ ချင်းရုုိးရာဝတ်စုုံနဲ့ လာပြီးမဲပေးတာကုုိ ချင်းပါတီတွေက မဲဆွယ်ပေးတယ်လုုိ့ ယူဆပီပြီး ကော်မရှင် တာဝန်ရှိသူတွေက ချင်းဝတ်စုုံနဲ့ မဲလာပေးတာ မကြိုက်ဘူး ဆုုိပြီးပြောတယ်” ဟုု ထန်တလန်ဒေသခံက ဆုုိသည်။
ထိုပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်၌ ရိုးရာဝတ်စုံများဝတ်ဆင်ကာ မဲထည့်ရန် လာရောက်ကြကြောင်း သိရသည်။
"မနက် ၆နာရီကတည်းက ကိုယ့်ချင်း ရိုးရာဝတ်စုံတွေဝတ်ပြီး မဲထည့်ဖို့လာကြတာဟာ တကယ်ကို အားရစရာကောင်းတယ်။ လွတ်လွတ်လပ်လပ်ထည့်ခွင့်ရပါတယ်။ လူအုပ်ကအရမ်းများတော့ တိုးရတာပင်ပန်းကြတယ်။ နောက်တစ်ခု စိတ်ပူတာတော့ မဲပေးတဲ့တုံးကို မကိုင်ဖူးတော့ နည်းနည်းကြောင်နေကြတယ်။ တုံးထုမှားတာ၊ မထင်တာတွေဖြစ်မှာကိုတော့ စိုးရိမ်မိတယ်" ဟု အိုက်ကျော်အောင်ကပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲ ဆားဝါးအုပ်စု ဆားဝါးမဲရုံတွင် မဲလက်မှတ်ပါသော်လည်း မှတ်ပုံတင်မပါ၍ မဲဆန္ဒရှင် ၃ ဦးမဲထည့်ခွင့်မရခဲ့ကြောင်း နှင့် မဲထည့်မည့်ပုံစံ ရှင်းလင်းပြောပြမှုမကောင်း၍ နားမလည်သော မဲဆန္ဒရှင်များအနေဖြင့် မဲစာရွက်တစ်ရွက်တွင် ကိုယ်စားလှယ်၂-၃ ဦးကို တုံးထုနေကြောင်း သိရသည်။
"မဲလက်မှတ်တော့ပါတယ်။ မှတ်ပုံတင်မပါလို့တဲ့ မဲထည့်ခွင့်မပေးကြဘူး။ နောက်တစ်ခု မဲဘယ်လိုပေးရမယ်ဆိုတာ သေ ချာရှင်းမပြလို့ဖြစ်မယ်။ မဲပေးတဲ့သူတွေကိုပြန်မေးကြည့်တော့ စာရွက်တစ်ရွက်ထဲမှာ ၂-၃နေရာလောက်ကို ထုလိုက်ကြတယ်လို့ပြောပြကြတယ်"ဟု အိုက်အောင်မြင့်ထွန်းက ပြောသည်။
ဆားဝါးအုပ်စု၌ ဆားဝါးတွင် မဲရုံ ၁ခု၊ ငမြင့်သောင်တွင်မဲရုံ ၁ခုရှိပြီး မဲရုံမရှိသောရွာမှ မဲထည့်ရန်လာရောက်သောသူမျာအနေဖြင့် မဲထည့်ခွင့်လက်မှတ်နှင့် မှတ်ပုံတင်ကိုပါ ယူလာရခြင်းဖြစ်သည်။
ပလက်ဝမြို့၌ မြို့မရပ်ကွက် အထကကျောင်းတွင် မဲရုံ ၄ ခု၊ ရွာမတွင် ၁ ခု၊ ရိက္ခာတွင် ၂ခုရှိကြောင်း ပြောပြသည်။