နော်အဲလစ်ဇဘက်က “ကျွန်မတို့ ရွေးကောက်ပွဲနည်းဥပဒေအရ ပြဌာန်းထားတဲ့ စောင့်ကြည့်လို့ရတဲ့ အချက် အလက် တွေရှိတယ်။ ဒါပေမဲ့ ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်လောင်းက နည်းဥပဒေနဲ့ကို်က်ညီမှုမရှိပဲဘယ်လို မဲဆွယ်စည်းရုံးသလဲ လွဲချော်မှုတွေရှိတာတောင်မှ ဘာမှထုတ်ဖေါ်ပြောခွင့်မရှိဘူး။ မဲစားရင်း မှားယွင်းမှုတွေ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ကိုက်ညီမှုမရှိပဲ လွဲချော်မှုတွေကို ထုတ်ပြန်နိုင်ခွင့်မရှိဘူး။ မှတ်တမ်းလောက်ပဲ ပြုစုခွင့်ရှိတယ်”ဟု BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။
အဆိုပါ ကိစ္စရပ်အား ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ BNI ရွေးကောက်ပွဲသတင်းခန်းမှ အကြိမ်ကြိမ် ကြိုစား ဆက်သွယ် မေးမြန်းမှုပြုခဲ့သော်လည်း ဖြေကြားပေးခဲ့ခြင်းမရှိခဲ့ပေ။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ အရ စောင့်ကြည့်လေ့ လာသူများအနေဖြင့် မဲပေးခြင်း၊မဲရေးတွက်ခြင်း၊မဲရလဒ်များထုတ်ပြန်ခြင်းတို့နှင့်ပတ်သက် ပြီး ဝင်ရောက်စွက်ဖက်ခွင့်မရှိပဲ ရွေးကောက် ပွဲဖြစ်စဉ်တစ်လျှောက်လုံးမှရရှိသည့် သတင်းအချက်အလက်များ အား ရွေးကောက်ပွဲအပြီး ရက် ၆၀ ကာလအတွင်း ရွေးကောက်ပွဲကော်မရှင်ထံသို့အစီရင်ခံတင်ပြပြီးမှ ထုတ်ပြန် သွားရမည်ဟုသိရသည်။
ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကာလ စောင့်ကြည့်လေ့လာမည့် CSO အဖွဲ့ ၉ဖွဲ့ရှိကြောင်းသိရသည်။