ယခုကဲ့သို့လာရောက်တွေ့ဆုံမှုနှင့်ပတ်သက်ပြီး သံရုံးစကားပြန် ဦးညီညီဖြူက “ကျွန်တော်တို့ အနေနဲ့ တစ်ခြားနိုင်ငံ တကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူအဖွဲ့အစည်းတွေ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင်ကြည့်သူတွေနဲ့ ပူးပေါင်းပြီးတော့ ရွေးကောက်ပွဲကာလ တွေ့ရှိချက်တွေကို အစီရင်ခံစာ ထုတ်ပြန်နိုင်ဖို့ အခုလို လာရောက်တွေ့ဆုံရခြင်းဖြစ် တယ်”ဟုBNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။
ထို့အပြင် အင်္ဂလန်သံရုံးအနေဖြင့် အင်္ဂလန်နိုင်ငံကိုယ်စားအနေဖြင့် မြန်မာနိုင်ငံအတွင်း ကျင်းပတော့မည့် နိုင်ငံလုံးဆိုင် ရာရွေးကောက်ပွဲကြီး၌ လွတ်လပ်မျှတမှုရှိပြီးအောင်မြင်စွာကျင်းပနိုင်ရေးကို လေ့လာစောင့်ကြည့် ပံ့ပိုး ကူညီမှုအပိုင်းမှ ပါဝင်ပေးနေသည့် စစ်သံမှုးနှင့် ဒုတိယအတွင်းဝန် အဖွဲ့ဖြစ်ကြောင်း ဦးညီညီဖြူက ဆက်ပြောသည်။
ယင်းကဲ့သို့ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် ဒေသတွင်း ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လုပ်ဆောင်နေမှုများ၊ လုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် ကြံုတွေ့ရသည့် အခက်အခဲများ၊ ရွေးကာက်ပွဲကာလအတွင်း ပဋိပက္ခများဖြစ်ပေါ်လာပါ က ဖြေရှင်းရန် ပြင်ဆင်ထားမှုအခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့သည်ဟုတက်ရောက်သူများထံမှသတင်းရရှိသည်။
အဆိုပါတာဝန်ရှိသူများသည် ပါတီရုံးများသို့ လှည့်လည် သွားရောက်ခဲ့ပြီး ပါတီကိုယ်စားလှယ်လောင်းများအား ၎င်းတို့ မဲဆွယ်စည်းရုံးရေးကာလ ကြုံတွေ့ ခဲ့ရသည့် အခက်အခဲများ၊ ပါတီအောင်နိုင်ရေးအခြေအနေများ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု၊ ဥပဒေချိုးဖောက် စည်းရုံးမဲဆွယ်နေမှုများရှိမရှိနှင့်တစ်ခြား ရွေးကောက်ပွဲ ဆိုင်ရာသိလိုသည်များကို မေးမြန်းခဲ့ သည်ဟုတက်ရောက်သူများကပြောပြခဲ့သည်။
ယင်းစစ်သံမှူးနှင့်အဖွဲ့သည် ကော့ကရိတ်ခရိုင်အတွင်းရှိ သွီး လူမှုကူညီရေးအထောက်အကူပြုကွန်ယက်၊ ၈၈မျိုးဆက်ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဒေသတာဝန်ခံများ၊ ဒေသတွင်းမဲဆန္ဒရှင်များ၊ ဒေသတွင်းရပ်မိရပ်ဖများ သတင်းမီဒီယာသမားများနှင့်တွေ့ ဆုံပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တွေ့ဆုံမှုအပြီး နိုင်ဝင်ဘာ ၂ရက် နေ့လည်ပိုင်းတွင် ကော့ကရိတ်မြို့မှာ မော်လမြိုင်သို့သွားကြောင်း သတင်းရရှိသည်။
သွီးလူထုအခြေပြုလူမှုကူညီရေး အထောက်အကူပြုကွန်ယက် ဥက္ကဌ မန်းသိန်းဇော်က “ကျွန်တော်တို့ ကော့ကရိတ်မြို့ကို အခုလို နိုင်ငံတကာနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ တရားမျှတမှုဆိုင်ရာ လေ့လာစောင့် ကြည့်မှုတွေအတွက် လာရောက်တွေ့ဆုံတာဝမ်း သာပါတယ်။ အထူးသဖြင့် ကော့ကရိတ်မှာ ရွေးကောက်ပွဲ အတွက်လေ့လာစောင့်ကြည်မှုတွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုတွေအင်မတန်မှကို အားနည်း နေတာတွေ့နေရတဲ့အတွက်ကြောင့် မဲဆန္ဒရှင်တွေရဲ့အခွင့်အရေးရှိမှုက သိသိသာသာနည်းနေတာ ကိုတွေ့နေရတဲ့အကြောင်းတွေကော်မရှင်တာဝန်ရှိလူကြီးတွေကကျွန်တော်တို့ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာလည်း မရှိပါဘူးဆိုတာတွေကို အင်္ဂလန်သံရုံးတာဝန်ရှိသူတွေကိုဆွေးနွေး တင်ပြ ဖြစ်တယ်”ဟုပြောသည်။
ထို့အပြင် သံရုံးအဖွဲ့တာဝန်ရှိသူများအနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲအား ပွင့်လင်းမြင်သာမှု၊ တရား မျှတမှု မည်မျှရှိသည်ဆိုသည်ကို ဘက်မလိုက်စတမ်း လေ့လာစောင်ကြည့် အစီရင်ခံစာထုတ်ပြန်သွားနိုင်ဖို့ ၎င်းတို့နှင့်အတူ ပူပေါင်းချိတ်ဆက်လုပ်ဆောင်သွားရန်လည်းပြောဆိုခဲ့သည်ဟု မန်းသိန်းဇော်က ဆက်ပြော သည်။
ယခုလ ၈ရက်တွင်ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲနေ့ကို လေ့လာစောင့်ကြည့်ရန် မြန်မာ တစ်နိုင်ငံလုံးသို့ ဗြိတသျှသံရုံးမှ စောင့်ကြည့်ရေး အဖွဲ့ ၂၇ဖွဲ့ ကိုစေလွှတ်လေ့လာသွားမည်ဟုလည်း သံရုံးတာဝန်ရှိသူများထံမှသိရသည်။