မိဘအမည် မှားယွင်းနေသဖြင့် ကြိုတင်မဲပေးမည့် ကိုုယ်စားလှယ်လောင်း အခက်တွေ့

မိဘအမည် မှားယွင်းနေသဖြင့် ကြိုတင်မဲပေးမည့် ကိုုယ်စားလှယ်လောင်း အခက်တွေ့
မြဝန်းရံ — ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးစိုင်းလင်းမြတ်သည် နေထိုင်ရာ ဘုရားဖြူ ရပ်ကွက်၌ ကြိုတင်မဲပေးရမည် ဖြစ်သော်လည်း မဲဆန္ဒရှင် သက်သေခံလက်မှတ်တွင် မိဘနှစ်ယောက်စလုံး ၏ အမည်များ မှားယွင်းနေသဖြင့် အခက်ခဲတွေ့ခဲ့ကြောင်း ပြောသည်။

" ကျွန်တော့နာမည်က ပထမအကြိမ်တုန်းက မဲစာရင်းမှာမပါလာဘူးဗျ၊ ဒုတိယအကြိမ် ကြေငြာတော့မှပါလာတယ်။ ဒါပေမဲ့မိဘအမည်တွေ မှားနေတယ်။ ပြင်ဆင်ဖြည့်စွက်စရာတွေ ပြင်ဆင်တင်ပြ လျှောက်ထားခဲ့တာပဲ။ အခု ကိုယ်စားလှယ်လောင်း အနေနဲ့ ကြိုတင်မဲပေးမယ် ဆိုတော့မိဘအမည်တွေက မှားနေတုန်းပဲဗျာ" ဟု ဦးစိုင်းလင်းမြတ်က ပြောသည်။

မဲရုံတာဝန်ရှိသူက အမည်မှားယွင်း နေသည်ကို ဘောပင်ဖြင့်ခြစ်ထုတ်ပြီး ပြန်ပြင်ပေး ခဲ့ကြောင်းသို့သော် ကြိုတင်မဲပေးသူ စာရင်းသွင်းရာတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စာရင်းတွင် ရောသွင်းဖြည့်စွက်ရမည်ကို တွေ့ရှိရသဖြင့် အောက်တိုဘာလ ၃၁ရက်က ကြိုတင်မဲမပေးပဲ ပြန်ခဲ့သည်ဟုဆိုသည်။

" အဖေအမည်က ဦးအောင်ကျော်ကနေ ဦးခင်မောင်ညွန်ဖြစ်နေပြီး အမေကဒေါ်နန်းခင်ရီဝင်းကနေ ဒေါ်နန်းအေးဝင်းပဲ ဖြစ်နေတယ်ဗျာ။ ၃ရက်နေ့ကတော့ ကျွန်တော်အိမ်မှာမရှိတုန်း ကျွန်တော့သမီး ငါးတန်းကျောင်းသူကို တာဝန်ရှိသူ တစ်ယောက်က မဲဆန္ဒရှင်သက်သေခံ လက်မှတ်လာပေးပြီး ရွေးကောက်ပွဲနေ့ မဖြစ်မနေ မဲပေးဖို့လာပြောသွားတယ်" ဟု မပြင်ရသေးသော သက်သေခံလက်မှတ်ကိုပြရင်းပြောသည်။

အဆုုိပါကိစ္စနှင့် ပတ်သတ်ပြီး တောင်ကြီးခရုုိင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်ဦးမှ “ အခုုလုုိမျိူး မဲဆန္ဒရှင် အဖေအမေ နာမည်မှားယွင်းနေတယ် ဆုုိရင် ရပ်ကျေးကော်မရှင်ရုုံးမှာပဲ ပြောပြီးတော့ သက်သေခံလက်မှတ်ပေါ်မှာ ပြင်ရင်ရပါတယ်။ ပယ်မဲ မဖြစ်ပါဘူး ” ဟုု ရွေးကောက်ပွဲ သတင်းခန်းသုုိ့ ဖြေကြားခဲ့သည်။

နို်ဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် အောက်တိုဘာလ ၂၉ရက်မှ နိုဝင်ဘာလ ရ ရက်နေ့ အထိ ကြိုတင်မဲပေးနိုင်ပြီး တပ်မတော်သားများ၊ အစိုးရအဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊လုံခြံုရေးတာဝန် ကျသူများ၊ မဲရုံတာဝန်ကျသူများ၊ ထိုနေ့တွင် လေ့လာစောင့်ကြည့်မည့်သူများနှင့်သတင်းမီဒီယာသမားများသည် အောက်တိုဘာ၂၉မှ စ၍လည်းကောင်း၊ နာမကျန်းသူများ၊ အချုပ်ကျနေသူများ၊ မဲဆန္ဒနယ်ပြင်ပ ရောက်နေသူများ၊ အဝေးရောက် ကျောင်းသားများနှင့် အတွင်းလူနာအဖြစ်တက်ရောက်နေသူများ၊ အနာကြီးရောဂါသည်များမှနိုဝင်ဘာလ ၆ရက်နှင့်ရရက်တွင် သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ရုံးတွင် ကြိုတင်မဲပေးနိုင်ကြောင်း ခရိုင်ကော်မရှင်ဥက္ကဌ ထံမှသတင်းရရှိသည်။

Most read this week

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...