လက်ကျန် ဘတ်ဂျက်နှင့် ပြည်သူတွေလုုိအပ်တာ ဖြည့်ပေးမည်ဟုု ကယားဝန်ကြီးချူပ်ဆုုိ

လက်ကျန် ဘတ်ဂျက်နှင့် ပြည်သူတွေလုုိအပ်တာ ဖြည့်ပေးမည်ဟုု ကယားဝန်ကြီးချူပ်ဆုုိ
by -
ထျိုးမြာ
ထျိုးမြာ — ကယား(ကရင်နီ) ပြည်နယ် ပြည်ထောင်စုဝန်ကြီးချုပ် ဦးခင်မောင်ဦးသည် လက်ကျန်အချိန်နှင့် ဘတ်ဂျက် တစ်ချို့ကို ဒေသခံများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ပေးသွားမည်ဟု ဖရူဆိုမြို့နယ် လူထုနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်သည် အောက်တိုဘာ ၃၁ ရက်က ဖရူဆိုမြို့နယ် မြို့တော်ခန်းမ၌ လူထုတွေ့ ဆုံပွဲတွင် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “ကျွန်တော်တာဝန်ဆောင်ခဲ့တဲ့ ဒီလက်ကျန် အချိန်လေးမှာ ဒီဖရူဆိုမြို့နယ်မှာရှိတဲ့ ပြည်သူတွေ လိုအပ်ချက်တွေ ဘာတွေ ကျန်နေလဲ ဆိုတာကို ကျွန်တော်ကိုယ်တိုင် နားထောင်ချင်လို့ ကျွန်တော် ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ လာတာဖြစ်ပါတယ်။ စည်းရုံးရေးလာ ဆင်းတာမဟုတ်ပါဘူး။ ကျွန််တော့်ရဲ့ဘတ်ဂျက်က လက်ကျန်ငွေလေးနဲ့ လိုအပ်ချက်တွေများရှိရင် အကုန်မဟုတ်ရင်တောင် နည်းနည်းပါးပါး ဖြည့်ဆည်း ပေးချင်တယ်။ သိပ်အရေးကြီးနေတယ် မရှိရင်မဖြစ်ဘူးဆိုတဲ့ ဟာမျိုးရှိလာ ရင် ကျွန်တော်တို့ စဉ်းစားပြီး ဆောင်ရွက်ပေးပါ့မယ် ” ဟု ပြည်နယ်ဝန်ကြီးချုပ် က ပြောသည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ငါးနှစ်အတွင်း ဝန်ကြီးဖွဲ့စည်းပုံများကို ရှင်းပြသွားခဲ့ပြီး ၎င်း၏ သက်တမ်း ငါးနှစ်အတွင်း ကယားပြည်နယ်တွင်ရှိသော တိုင်းရင်းသားများ အသီးသီး၏ ဆန္ဒများကို ဖြည့်ပေးချင် ခဲ့သော်လည်း ဘတ်ဂျက် အင်အား၏ အခက်ခဲကြောင့် မဖြည့်ဆည်းပေး နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားများအားလုံးကို သူတို့ရဲ့ အသီးသီး လိုအင်ဆန္ဒကို ဖြည့်ပေးချင် ပါတယ်။ သို့သော်ငြားလည်းပဲ ကျွန်တော်တို့ငွေ အဲ့လောက်မရှိတဲ့ တွက်ကြောင့် လူသားတိုင်းရဲ့ဆန္ဒကို မဖြည့်ဆည်း ပေးနိုင်တာ ကတော့ ကျွန်တော်တို့ရဲ့ အားနည်းချက်ပါပဲ” ဟု ၎င်းကပြောသွားခဲ့သည်။

ဝန်ကြီးချုပ်၏ ပြောကြားချက်ကို တက်ရောက်လာသော ဒေသခံပြည်သူ တစ်ချို့ကလည်း သွယ်ဝိုက်၍ မဲဆွယ်စည်းရုံးခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့ကြသည်။

“ဝန်ကြီးချုပ် ပြောသွားတဲ့စကားနဲ့ နေရာရသွားတဲ့ လွတ်တော်ကိုယ်စားလှယ်လောင်းများရဲ့စကားက တစ်ထပ်တည်း ဖြစ်နေ တာကြောင့် ကျွန်တော်တို့ အနေနဲ့ကတော့ ဒါဟာသွယ်ဝိုက်တဲ့နည်းနဲ့ စည်းရုံးရေး ဆင်း နေကြတာပါ”ဟု ဖရူဆိုမြို့နယ် တွင်နေထိုင်သော ဦးသဲရယ်က သုံးသပ်သွားသည်။

ပြည်သူလူထုကြားတွင် ကြုံတွေ့နေရသော ပြသနာများ၊ ပြည်သူလူထု လိုအပ်နေသော ဖွံ့ဖြိုးရေးများ ကိုလည်း မလုပ်ပေးနိုင် ခဲ့သောကြောင့်  ၂၅ ရာခိုင်နှုန်းတောင် အားရမှုမရှိကြောင်း ဝန်ကြီးချုပ်မှ ထပ်မံပြောကြားခဲ့သည်။

“သူတို့က ကျွန်တော်တို့ဖြစ်ချင်တာကို မလုပ်ပေးနိုင်တာလည်းပါတယ်။ သူတို့လုပ်ပိုင်ခွင့် မရှိတာလည်း ပါကောင်း ပါနိုင်တာပေါ့၊ နောက်တစ်ခုက ကျွန်တော်တို့ လူထုမှာ ကြုံတွေနေရတဲ့ပြသနာတွေ အထူး သဖြင့် လယ်ယာမြေနဲ့ပတ်သက်တာတွေ လူ့အခွင်အရေးနဲ့ ပတ်သက်တာတွေပေါ့နော်၊ အဓိက ဒါတွေက အစိုးရအနေနဲ့ သူတို့တာဝန်ယူပေးနိုင်တဲ့အနေထားမျိုး မရှိတဲ့အခါကြတော့ ကျွန်တော်တို့ အားရမှုမရှိခဲ့ပါဘူး” ဟု ဦးသဲရယ်ကထပ်ပြောသည်။

တောင်သူလယ်သမားများ အခက်အခဲ ဖြစ်နေသော လယ်ယာပြသနာအပေါ်တွင်  ပြည်နယ်အစိုးရအနေ ဖြင့်သော်လည်းကောင်း ဝန်ကြီးချုပ်အနေဖြင့် သော်လည်းကောင်း မပြောပေးနိုင်ကြောင်း  ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးတူးရယ် ကပြောသွားသည်။

“တိုးတက်မှုတော့ရှိမှာပဲလေ။ တစ်ဘက်မှာတိုးတက်လည်း တစ်ဘက်မှာ ဆိုးကျိုးတွေလည်းရှိတာပဲ လမ်းတွေခင်း ဖုန်းလိုင်းတွေရလို့ တိုးတက်လာတယ်ပြောချင်တာလားမသိဘူး။ ဒါက အစိုးရဲ့တာဝန် တွေပါ” ဟုသူကပြောသွားသည်။

နောက်တက်လာမည့်အစိုးရသည် ဒေသခံ ခံစားနေရသော ပြသနာများကို မျှဝေ ခံစားပေးပြီး ဒေသ လိုအပ်ချက်များကို လုပ်ပေးနိုင်မည့် အစိုးရ၊ တကယ့်ဆင်းရဲသားများအပေါ် လေ့လာခံစား ပေးနိုင်မည့် အစိုးရကိုသာ လိုလားသည်ဟု တက်ရောက်လာသောဒေသခံပြည်သူများက ပြောသည်။

ထို့ပြင် တက်ရောက်လာကြသော ဒေသခံပြည်သူများသည် မြို့နယ်လူမှုကူညီစောင့်ရှောက်ရေး အသင်းအတွက် အရေးပေါ်လူနာတင်ယာဉ်တစ်စီး၊ နွေရာသီရေရှားပါးချိန်တွင် သောက်သုံး ရေရရှိရေးအတွက် မြေအောက်ရေ စမ်းသပ်တူးဖော်ရန် စက်ယန္တရားလိုအပ်ကြောင်း ကျေးရွာ အချို့မီးရရှိရေး ၊ စျေးရုံလာတက်သော ရပ်ဝေး ပြည်သူများ အတွက် စျေးရုံတွင် စားဖိုဆောင် ဆောက်ပေးနိုင်ရန်အကြံပေးခြင်း ၊ ကျေးရွာလမ်းပမ်း ဆက်သွယ်ရေး ရရှိနိုင်ရေး အတွက် တောင်းဆိုခဲ့ကြ သည်ဟုတက်ရောက်နားထောင်သူများထံမှ သတင်းရရှိသည်။   

ဝန်ကြီးချုပ်၏ သက်တမ်းငါးနှစ်အတွင်း ကယားပြည်နယ်၌လမ်းပန်ဆက်သွယ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လွှတ်တော်သို့ ဘတ်ဂျက် သိန်းတစ်ထောင်တင်ရာတွင် သိန်းရှစ်ရာသာ  ရရှိခဲ့သောကြောင့် ဦးစားပေး လုပ်ဆောင်ရမည့် လမ်းပမ်းဆက် သွယ်ရေးကုုိသာ လုပ်ဆောင် ခဲ့ရပြီး လိုအပ်ချက်များရှိနေသေးကြောင်း ဝန်ကြီးချုပ်မှ ဝန်ခံပြောကြားခဲ့သည်ဟု တက်ရောက် လာသောဒေသခံများပြန်လည်ပြောပြသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...