မေး။ ။ ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့အထူးရဲတပ်ဖွဲ့တွေထားမယ်ဆိုတော့ တစ်မြို့နယ်ချင်းစီမှာ ဘယ်နှစ်ဦးစီတာဝန်ပေးသွားဖို့ရှိပါသလဲ။ ဒီအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။
ဖြေ။ ။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံတစ်ရုံကို အထူးရဲတစ်ယောက်စီကိုခန့်အပ်ထားပြီးဖြစ်တယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ဆိုရင်တော့ မဲရုံ ၆၅၆ရုံရှိတော့မြို့နယ်တစ်ခုချင်းစီအတွက် ဖားအံမြို့နယ် မှာ ၂၀၅ရုံ၊ လှိုင်းဘွဲမှာက၁၂၂ရုံ၊ သံတောင်ကြီးမှာက ၉၉ရုံ ကော့ကရိတ်မှာ ဆိုရင် ၅၈ရုံ၊ ကြာအင်းဆိပ်ကြီးမှာက ၅၄ရုံနဲ့ မြဝတီမှာဆိုရင်တော့ ၅၁ရုံအတွက် စုစုပေါင်း ၆၅၆ရုံအတွက် အထူးရဲ ၆၅၆ယောက်ခန့်အပ်တာဝန်ပေးပြီးဖြစ်ပါတယ်။
ပြင်ဆင်မှုအနေနဲ့ အထူးရဲများကို မဲရုံနဲ့ပတ်သက်တဲ့ လုံခြုံရေးအသိ၊ မဲရုံမှာပူးပေါင်းဆောင်ရွက်ရမဲ့ အဖွဲ့အစည်း မဲရုံမှာ လုံခြုံရေးနဲ့ပက်သက်တဲ့ မိမိနဲ့ သက်ဆိုင်တဲ့တာဝန် ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာရင် ချက်ချင်းသတင်းပို့နိုင်ရေး၊ အရေးယူဆောင်ရွက်ရမဲ့ အဖွဲ့အစည်းများကို ချိတ်ဆက်ဆောင်ရွက်ဖို့အတွက် တယ်လီဖုန်းနံပါတ်တွေ၊ ဆက်သွယ်ရေးစနစ် တွေကို ဦးစားပေးသင်ကြားပြီးတော့မှ အဆင့်ဆင့်အမိန့်နာခံတင်ပြရမည်ဖြစ်သလို မိမိတို့ရပ်ကွက်ကို ကိုယ်စားပြုတဲ့ အထူးရဲများဖြစ်တဲ့အတွက် မဲရုံနဲ့ပတ်သက်တဲ့ သတင်းသော်လည်းကောင်း လုံခြုံရေးနဲ့ပတ်သက်တဲ့သတင်း သော်လည်းကောင်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တိုက်ရိုက်ဆက်သွယ်နိုင်ဖို့အတွက် အနီးကပ်ကွပ်ကဲ အုပ်ချုပ်တဲ့ နယ်မြေရဲစခန်းအပြင် ဆင့်ကဲဆင့်ကဲမြို့နယ်မှူး၊ခရို်င်မှူးအထိတို်က်ရိုက်ဖုန်းနံပါတ်ကိုလည်းပေးထားပါတယ်။
ဒီအဖွဲ့တွေရဲ့ အထူးတာဝန်ကတော့ မဲရွေးချယ်ပွဲကြီး အောင်အောင်မြင်မြင်နဲ့ အန္တရာယ်ကင်းကင်းရှင်း ရှင်းလုံလုံခြုံခြုံနဲ့ ပြီးဆုံးသွားဖို့ဖြစ်ပါတယ်။
မေး။ ။ ရဲမှူးကြီးတို့အနေနဲ့ အခြားဘယ်အဖွဲ့အစည်းတွေနဲ့ကော ဒီလုံခြုံရေးကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက် သွားဖို့ရှိလဲ။
ဖြေ။ ။ အဓိကအားဖြင့်တော့ မဲရုံဝန်ထမ်းတွေဖြစ်တယ်။ မဲရုံဝန်ထမ်းတွေကနေပြီးတော့ ဖွဲ့စည်းခန့်အပ်တာဝန်ပေးထား ခြင်းခံထားရ တဲ့ သူတို့ ရဲ့ရပ်ရွာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီတွေ နောက်ပြီးတော့ ဆင့်ကဲဆင့်ကဲသော မြို့နယ် လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီတွေ ခရိုင်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဆိုပြီး ဒီကော်မတီအသီးသီးနဲ့ သူတို့က (အထူးရဲ) ချိတ်ဆက်ထားပါတယ်။ ဒီကော်မတီအသီးသီးရဲ့အောက်မှာ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာရင်တော့ အနီးဆုံး မြို့နယ်စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဆိုတာရှိပါတယ်။
မြို့နယ်စေ့စပ်ညှိနှိုင်းရေး ကော်မတီကနေပြီး တစ်ဆင့် ပြဿနာတစ်စုံတစ်ရာ ပေါ်လာရင် ဒီကော်မတီမှာပါတဲ့ ကိုယ်စားလှယ် အသီးသီးကနေ ဒီပြဿနာ တွေကို ဖြေရှင်းသွားမှာဖြစ်ပါတယ်။
အထူးရဲတွေကော ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကောလုံခြုံရေးနဲ့ ပတ်သက်တဲ့ ဥပဒေနဲ့ညီညွတ်တဲ့ အပိုင်းတွေကို သိရှိနားလည်အောင် ဘေးကနေပံ့ပိုးပေးမှာဖြစ်ပြီးတော့ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာ တွေကိုကြိုတင် ကာကွယ်နိုင်အောင် ကတော့ အနီးမှာ ဖြစ်ဖြစ်ချင်း သိအောင် အထူးရဲတွေကသတင်ပေးမယ်။
အထူးရဲတွေက သတင်းရတာနဲ့ မြို့နယ်စေ့စပ်ညှိနှိုင်းရေးကော်မတီ ကနေပြီးတော့အရင်ဦးစွာ ဖြေရှင်းသွားမှာဖြစ်ပါ တယ်။ နောက်ပိတ်ဆုံးမှာ မြို့နယ်၊ခရိုင်စေ့စပ်ညှိနှိုင်းရေးကော်မတီမှ မရရင်တော့ အင်အားတွေ သုံးရမယ်ဆိုရင် လည်းပဲမြန်မာ နိုင်ငံရဲတပ်ဖွဲ့ကနေပြီးတော့ လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွေ ကျွန်တော် တို့ယခင်က ခေါ်တာက ရဲတပ်ရင်းတွေပေါ့ ။
ဒီအဖွဲ့တွေကိုလည်း လုံလုံလောက်လောက်ဖြန့်ချဲ့ပြီးတော့ အရန်သင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး မဲရုံရဲ့လုံခြုံရေးကို အထူးရဲတပ်ဖွဲ့တွေနဲ့အတူ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကနေပြီးတော့ လေ့ကျင့်ပေးပြီးသားရှိသလို၊ တစ်ချို့ကျတော့မလေ့ကျင့် ရသေးသော်လည်းပဲ အဖွဲ့အစည်းထဲမှာ ပါဝင်တာဝန် ထမ်းဆောင်နေတဲ့ အရန်မီ သတ်တပ်ဖွဲ့လည်းပါဝင်မှာဖြစ်ပါတယ်။ ပျမ်းမျှခြင်း အားဖြင့်တော့ မဲရုံမှာ အထူးရဲတစ်ဦး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖွဲ့စည်းပေးထားတဲ့ အရန်မီးသတ် ၄ဦးရှိမယ် အဲ့ဒီ အဖွဲ့တွေက ရပ်ကွက်ထဲရပ်ရွာထဲက ပြည်သူလူ ထုယုံကြည် လးစားရတဲ့လူတွေဖြစ်ပါတယ်။ ဂုဏ်သရေရှိတဲ့ သူတို့ရဲ့ ရပ်ကွက်ရပ်ရွာအကြောင်းကို သိထားတဲ့ အားသာချက် ကိုယူပြီးတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောင်မြင်အောင် ကွပ်ကဲဆောက် ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ။ လက်ရှိမဲဆွယ်စည်းရုံးရေးကာလမှာ ကရင်ပြည်နယ်အတွင်းက မြို့နယ်တိုင်းမှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးနေကြပါတယ်။ ဒီကာလအတွင်းမှာ ပြဿနာတစ်စုံတစ်ရာကြားသိရတာမျိုး ဒါမှမဟုတ် ဖြေရှင်း ပေးရတာမျိုးရှိ မရှိပြောပြပေးပါ။
ဖြေ။ ။ မရှိပါဘူး။ ကျွန်တော်တို့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ပါတီတိုင်းက သူတို့လက်မှတ်ထိုးထားတဲ့ code of contend အတိုင်းပဲလိုက်နာဆောင်ရွက်ပြီးတော့မှ စည်းကမ်းသေသေဝတ်ဝတ်နဲ့မဲဆွယ်စည်းရုံးနေကြတာကို တွေ့ရှိရပါ တယ်။ ပါတီအချင်းချင်း အခုချိန်ထိ ပြဿနာတစ်စုံတစ်ရာကြောင့်မို့ ဖြေရှင်းပေးရတာမျိုးမရှိသေးပါဘူး။
မေး။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိစပ်နေတဲ့ ဒေသနဲ့ကျေးရွာ တွေမှာလုံခြုံရေးအပိုင်း အတွက်ဘယ်လိုပုံ စံစီမံခန့် ခွဲသွားမလဲ။ ကြုံတွေ့နိုင်မဲ့ အခက်အခဲကဘာတွေဖြစ်မယ်လို့ထင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ကရင်ပြည်နယ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့အတွက် နေရာအားလုံးနီးပါကျွန်တော်တို့အနေနဲ့ ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး။ အဲဒီထဲက တစ်စိတ်တစ်ဒေသ ခွဲထွက်ပြီးတော့ သဘောထားမတိုက်ဆိုင်တဲ့ အဖွဲ့ငယ်တွေရှိတဲ့ နေရာဒေသတစ်စိတ်တစ်ဒေသမှာတော့ ကျွန်တော်တို့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
တပ်မ တော်အနေနဲ့ ဒီမဲရွေးချယ်တင် မြောက်ပွဲနဲ့ပတ်သက်ပြီးတော့ မသက်ဆိုင်ပါဘူး။ လုပ်ငန်းကိုအောင်မြင်အောင်လို့ အဝေးစည်းအနီးစည်း သူတို့ရဲ့ လုပ်ရိုး လုပ်စဉ်အတိုင်း လုပ်တဲ့လုပ်ငန်းကိုပဲ ဒီအတွင်းပိုင်းကို အဖျက်သမားတွေ ဝင်ရောက်မဖျက်ဆီးနို်င်အောင်လို့ ပိုမိုသတိ ထားပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အနီးကပ်ကိုင်တွယ်ဖြေရှင်း သွားရမှာက ကျွန်တော်တို့ရဲတပ်ဖွဲ့နဲ့ ပြည်သူလူထုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီးက ကော်မရှင်တွေ ရပ်ရွာမြို့နယ်တွေက ဖွဲ့စည်းထားတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ တိုင်ရင်းသားလက်နက်ကိုင်ဒေသတွေနဲ့ ထိစပ်တဲ့ဒေသတွေမှာ လုံခြုံရေးလုပ်ဆောင်ဖို့ ခက်ခဲတယ်လို့ သုံးသပ်ထားတဲ့ ဒေသတွေမှာ နဂိုမူလကတည်းက မဲရုံ တည်ထောင်တာတို့၊ မဲပေးဖို့လုပ်ငန်းတွေ မလုပ်ဘူးလို့ ကြေညာထားပြီး ဖြစ်ပါတယ်။
မေး။ ။ ရွေးကောက်ပွဲနေ့မှာလုံခြုံရေးအထူးစိုးရိမ်ရမဲ့ နယ်မြေက ဘယ်မြို့နယ်၊ကျေးရွာဒေသတွေဖြစ်မလဲ။ ဘာကြောင့်ပါလဲ။
ဖြေ။ ။ ဒါကတော့ ကရင်တစ်ပြည်နယ်လုံမဟုတ်ဘူး။ တစ်နိုင်ငံလုံး မှာရလာမဲ့ အဖြေကိုလက်မခံရင်တော့ ဖြစ်မှာပဲ။ ရလာတဲ့ အဖြေကိုလက်ခံရင်တော့ ဘာမှဖြစ်မှာမဟုတ်ဘူး။ ရွေးချယ်တင်မြောက်ပွဲနေ့မှာတော့ ကျွန်တော်တို့အနေနဲ့ လူအများဆုံး ကရင်ပြည်နယ်ရဲ့လူအသိပ်သည်းအထူးထပ်ဆုံးဖြစ်တဲ့ ဖားအံကိုတော့ ပိုမိုပြီးတော့ ဂရုတစိုက်နဲ့ လုပ်ဆောင်သွားရမှာ ဖြစ်တယ်။
တခြားသော လက်နက်ကိုင်အဖွဲ့အစည်းရဲ့အန္တရာယ်ကို ကြောက်ရွံ့လို့မဟုတ်ပါဘူး။ ဒီနေရာမှာကျတော့ လူများမယ် အုပ်စုတွေများမယ်။ သူတို့ထင်ထားတဲ့ ရလဒ်အတိုင်း ဖြစ်မလာရင်တော့ တစ်ယောက် နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် အငြင်းအခုံတွေဖြစ်ပွားလာနိုင်တယ်။
ဒီလိုမျိုးလောက်တော့ ကျွန်တော် တို့သုံးသပ်လို့ရနိုင်မယ်။ဒီလိုမျိုးလည်း အရင်က ဖြစ်ခဲ့တာမျိုးမရှိပါဘူး။ အခုကျတော့ စောင့်ကြည့် သွားမှ ပြောနိုင်မှာပါ။ ပြောဖို့ကတော့ ကျွန်တော်တို့ ကြိုတင် ခန့်မှန်းဖို့အဆင့်လောက်ပဲရှိပါမယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်အနေနဲ့တော့ အားလုံးမဖြစ်နိုင်ဘူးလို့ပဲအကြမ်းအားဖြင့် တော့ သုံးသပ်ထားပါတယ်။
မေး။ ။ တကယ်လို့ လုံခြုံရေးထိပါးလာမဲ့ ပြဿနာရှိလာရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားဖို့ညွှန်ကြားထားပါသလဲ။ ဘယ် လိုကိုင်တွယ်ဖြေရှင်းခွင့်တွေရှိပါသလဲ။
ဖြေ။ ။ အဓိက ကတော့ မဲရွေးချယ်တင်မြောက်ရေးနဲ့ပတ်သက်တဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့က နံပါတ်တစ် အနေနဲ့ စေ့စပ်ညှိနှိုင်းရေးအဆင့်ဆင့်ဖွဲ့စည်းထားပါတယ်။ဒီကော်မတီတွေက အဲဒီထဲမှာ ပါတီရဲ့ကိုယ်စားလှယ်တွေလည်းပါတယ်။ ရပ်ရွာမှာရှိတဲ့ သြဇာမရှိတဲ့ ကိုယ်စားလှယ်တွေလည်းပါတယ်။
ဥပဒေ နားလည်တတ်ကျွမ်းတဲ့ လူတွေလည်းပါတယ်။ ဒီအဖွဲ့အစည်းအသီးသီးကနေပြီးတော့မှ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေကို ရှင်းလင်းချပြပြီးမှ ပြဿနာကို ဦးစွာဖြေ ရှင်းမှာဖြစ်ပါတယ်။ စည်းကမ်း ဖျောက်ဖျက်တဲ့သူတွေ တရားဥပဒေအရ မလိုက်နာတဲ့သူတွေကိုကျတော့ တရားဥပဒေ နည်းလမ်းတကျစွဲဆိုးသွားဖို့အတွက် အကြံပြုသွားမှာ ဖြစ်ပါတယ်။
ဒီတစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အငြင်းခုံမှုတွေ၊မပြေ လည်မှုတွေကို စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲွ့ အဲဒီကော်မတီ အဖွဲ့ကို မြို့နယ်၊ခရိုင်အဆင့်ဆင့်ကနေ စေ့စပ်သွားမှာဖြစ်ပါ တယ်။ ဒီကနေအဆင့်ဆင့်မရတော့မှ တစ်ယောက်နဲ့ တိုင်တာတောတာ ဖြစ်လာရင်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေပြီးတော့ သက်ဆိုင်တဲ့ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားနိုင်ဖို့ ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။လူထုအုံကြွမှု အဆင့်ထိဖြစ်လာရင်တော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ခွဲ ကနေပြီးတော့ သူတို့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။
မေး။ ။ မဲရုံမှူးတွေ၊မဲရုံစောင့်ကြည့်သူတွေနဲ့ ရွေးကောက်ပွဲသတင်းရယူနေမဲ့ သတင်းထောက်တွေကို ဘာများပြောဆိုချင်တာ ရှိပါသလဲ။
ကျွန်တော်တို့ မီဒီယာအဖွဲ့အစည်း အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးက ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရာနှုန်းပြည့် အေးအေးဆေးဆေး အောင်မြင်စွာ ပြီးဆုံးသွားမယ်လို့ မျှော်လင့်ထားသော်လည်းပဲ မထင်မှတ်တဲ့ ထူးခြားတဲ့ အဖျက် အမောက်တွေရှိမယ် ဆိုရင်လည်းပဲ ပြည်သူလူထုက သတင်းလက်ဦးမှုရမှာပဲဖြစ်ပါတယ်။
အဲ့ဒီအခါကျရင် မည်သည့်အဖွဲ့အစည်းပဲဖြစ်ပါစေ၊မည်သည့်နည်းလမ်းနဲ့ဖြစ်စေ ကျွန်တော်တို့ကို သတင်းလက်ဦးမှုရအောင် သတင်းပေးကြပါ။ ဥပမာ ကျွန်တော်တို့ဆိုလိုချင် တာကတော့ ဘယ်သူတွေဘာပဲလုပ်လုပ် နိုင်ငံရေးအမြတ်ထုတ် တယ် ပြည်တွင်းပြည်ပ ပယောဂဝင်တယ်ပုံစံမျိုးနဲ့ ထိတ်လန့် ခြောက်ခြားအောင် လုပ်တတ်တဲ့အဖွဲ့အစည်းမျိုးတွေရှိတတ်တယ်။ မီးလောင်တယ် မီးရှို့တယ် ဗုံးဖောက်ခွဲတယ် ဒီလိုသတင်းမျိုးတွေနဲ့ပြန့်နှံ့အောင်လုပ်တာမျိုးရှိတယ်။ ဒီလို မျိုးဖြစ်လာ ခဲ့သည်ရှိသော် ဒါကတော့ ပြည်သူတစ်ရပ်လုံးနဲ့ပဲဆိုင်ပါတယ်။ ဒီမိုကရေစီကိုသွားနေတဲ့နိုင်ငံမှာ ဒီလိုမျိုးဘေးကနေ ကန့်လန့်ပြီးတော့ နှောက် ယှက်ဖျက်ဆီးမဲ့အဖွဲ့အစည်း တွေကို ဖော်ထုတ်ပြီးတော့မှ အားလုံးက ဆန့်ကျင် သွားရမှာ ဖြစ်ပါတယ်။