"တအာင်းလူမျိုးတိုင်းကသာ တအာင်းပါတီကို မဲထည့်ကြရင် မနိုင်စရာ အကြောင်းမရှိပါဘူး”

"တအာင်းလူမျိုးတိုင်းကသာ တအာင်းပါတီကို မဲထည့်ကြရင် မနိုင်စရာ အကြောင်းမရှိပါဘူး”
by -
မိုင်းကောင်းဆိုင်
မိုင်းကောင်းဆိုင် — ရက်ပိုင်းအတွင်း ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တအာင်းပါတီမှ ရှမ်းမြောက်၌ ရမြို့နယ်၊ မန္တလေးတိုင်း မိုးကုတ် ၁မြို့နယ် စုစုပေါင်း ၈မြို့နယ်တွင် ကိုယ်စားလှယ်လောင်း ၂၇ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာကျောက်မဲမြို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း လွေးထွေးငယ်ကို BNIရွေးကောက်ပွဲ သတင်းခန်းက ဆက်သွယ် မေးမြန်းထား ပါသည်။

မေး။       ။ နာမည်လေးနဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေကို မိတ်ဆက်ပေးပါအုံး။

htway ngeဖြေ။        ။ နာမည်က နန်းထွေးငယ်ပါ ဝင်ရောက်ယှဉ်ပြိုင်မှာကတော့ ကျောက်မဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

မေး။        ။ အမျိုးသမီး ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျောက်မဲတအာင်းပါတီ ကိုယ်စားပြု ရွေးကောက်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်ရတဲ့အတွက် ဘယ်လိုအခက်အခဲမျိုး ကြံုတွေ့နေရလဲ။

ဖြေ။        ။ ကျေးရွာပိုင်းတွေမှာ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အချိန်မှာ လုံခြံရေးကတော့ အဆင်ပြေပါတယ်။ ဘာမှတော့ စိုးရိမ်စရာမရှိပါဘူး။ မဲဆွယ်နေတဲ့ အချိန်အတောအတွင်းမှာလဲ နှောင့်ယှက်ခံရတာ တွေ့မရှိပါဘူး။
အမျိုးသမီးဖြစ်နေတော့ ကျေးရွာပိုင်းကို ဆိုင်ကယ်နဲ့သွားရတဲ့အချိန်ကတော့ သိပ်မစီးရဲဘူး။ မိုးတွေကလဲ ရွာတာနဲ့ လမ်းတွေကပျက်စီး ပြီးချော်တယ်လေ။ ပြီးတော့ တစ်ခြားပါတီတွေက ငွေအားတောင့်တော့ မဲဆွယ်စည်းရုံးတာ အမျိုးမျိုး လုပ်ပြနိုင်တယ် လေ။ တအာင်းပါတီ်ကျတော့ စေတနာဘဲအရင်းခံပြီး ပြောဆိုစည်းရုံးရတာကိုး အားစိုက်ပြီးတော့ ပြောရတာပေါ့။

နောက်တစ်ခြားပါတီက ခွေနဲ့ ဦးထုပ်တွေ လက်ဆောင်ပေးကြတယ်လေ။ Projector နဲ့ မဲပေးပုံပေးနည်း တွေကို ရှင်းပြတယ်။ ဒါလဲ ဒေသခံတွေ စိတ်ဝင်စားအောင် လုပ်လို့ရတဲ့ နည်းလမ်းတခုပေါ့။ ကျေးရွာပိုင်းကို ကိုယ်တိုင်အရောက် သွားတဲ့ချိန်မှာ ဆက်သွယ်ရေးဖုန်းလိုင်းက မခက်ဘူး။
အိမ်ပြန်ရောက်လို့ ရွာပိုင်းတွေကို ဖုန်းခေါ်ရင်တော့ သိပ်မရချင်တော့ဘူး။ နောက် Party agent လဲခန့်ရတာ သိပ်အဆင်မပြေဘူး။ တစ်ချို့ က Party agent လုပ်မယ် စာရင်းပေးပြီးတော့ ကျွန်မတို့ အခြားရွာရောက်သွားရင် ဒါမှမဟုတ် အိမ်ပြန်ရောက်သွားရင်မလုပ်နိုင်ကြောင်း ပြန်အကြောင်းပြန်လာတာ ရှိတယ်။

မေး။    ။ အခုလို ကျေးရွာပိုင်းတွေမှာ စည်းရုံးရေးဆင်းတဲ့အခါမှာ ပါတီတစ်ခုနဲ့တစ်ခု ပုတ်ခတ် ပြောဆိုတာတွေ ကြံုတွေ့ ရသလား။

ဖြေ။    ။ ပါတီတစ်ခုနဲ့တစ်ခု စည်းရုံးရေးဆင်းတဲ့အခါမှာ တစ်ပါတီနဲ့တစ်ပါတီ ပုတ်ခတ်ပြောဆိုပြီး စည်းရုံးတာတော့ မတွေ့ရဘူး။ အခုအခြေနေ(အောက်တိုဘာ ၃ဝရက်)ထိလဲ မရှိသေးပါဘူး။ ကိုယ့်ဖက်ကလဲ အတတ်နိုင်ဆုံး ထိန်းပြီး ဟောပြောတယ်လေ။

မေး။    ။ ကျေးရွာပိုင်းတွေမှာ စည်းရုံးရေးဆင်တဲ့အချိန် ဒေသခံတွေရဲ့ တုံ့ပြန်မှုကရော ဘယ်လိုရှိလဲ။

ဖြေ။    ။ ကျေးရွာပိုင်းက လူတွေလဲ ကြိုဆိုပါတယ်။ ယောကျာ်းလေး မိန်းကလေး မခွဲခြားပါဘူး။ ဒါပေမယ့် ခပ်များ များ ဒီကျောက်မဲမြို့တောင်ပေါ်ဒေသမှာ နေထိုင်တဲ့ ဒေသခံတွေက နိုင်ငံရေးအကြောင်းဆိုတာကို သိပ်ပြီးတော့ နားမလည်တာဟာ ကျွန်မတို့ တအာင်းအမျိုးသားပါတီအတွက်တော့ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသလို ဒေသခံတွေအ တွက်စိုးရိမ်မိပါတယ်။
သူတို့ဆီလာတဲ့ပါတီတိုင်းကို ကြိုဆိုဖို့ရာ တာဝန်ရှိတယ်ဆိုတာရယ် နောက်ပြီးတော့ ကိုယ်ကြိုက် နှစ်သက်တဲ့ ပါတီတွေကို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတယ်ဆိုတာကို ဒေသခံတွေက သိလိုက်ရတယ်လေ။ လွှတ်တော်အမတ်ဆို တာ ပြည်သူ့အသံထင်ဟပ်အောင် ပြောရေးဆိုခွင့်ရှိတဲ့့ အရာပေါ့။

မေး။    ။ နောက်ထပ်ရော ဒေသခံတွေကို လာမည့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာများ ပြောစရာရှိအုံးမလဲ။

ဖြေ။    ။ ကိုယ်မလုပ်တတ်သေးတာတော့ အများကြီးဘဲလေ အလုပ်က သင်သွားမှာလို့ ယူဆတယ်။ ကျွန်မ ပြော ချင်တာကတော့ တအာင်းလူမျိုးတိုင်းကသာ လက်ဖက်ညွှန့်အမှတ်တံဆိပ်ပါတဲ့ တအာင်းပါတီကို မဲထည့်ကြရင် တ အာင်းပါတီဟာ မနိုင်စရာ အကြောင်းမရှိပါဘူး။ မဲတပြား ထည့်တော့မယ်ဆို ကိုယ့်အတွက် အကျိုးပြုနိုင်မလားဆိုတာ ကို သေချာစဉ်းစားပြီးမှ မဲထည့်စေချင်ပါတယ်လို့ ပြောချင်ပါတယ်။

Most read this week

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...