တအာင်း(ပလောင်)အမျိုးသားပါတီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ နမ့် ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် ကိုယ်စားလှယ်လောင်း ၂၇ဦးဖြင့် လာမည့် ၈ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
နမ့်ခမ်းမြို့ တအာင်းပါတီမှ အမှတ်(၁)မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ် ပြိုင်မည့် ဦးအောင်ဝင်းက "ကျေးရွာပိုင်းမှာ မဲဆွယ်စည်းရုံးရေးဆင်းတာ လုံခြံုရေးကတော့ အဆင်ပြေပါတယ်။ မဲဆွယ် စည်းရုံးရေးခရီးမှာတော့ အဓိက လမ်းပန်းဆက်သွယ်ရေးခက်ခဲတာပဲရှိတယ်။ ကျွန်တော်တို့တအာင်းပါတီက ပါတီကြီး တွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါကျတော့ တအာင်းပါတီက ဘဏ္ဍာရေးနည်းနည်းတော့အခက်ခဲရှိတယ် ပါတီကြီးတွေက ငွေ သုံးနိုင်တော့ သူတို့သာတာပေါ့" ဟု ၎င်းကပြောသည်။
နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တအာင်းလူမျိုးနှင့် ရှမ်းလူမျိုးအများဆုံး နေထိုင်သော နမ့်ခမ်းမြို့နယ်တွင် တအာင်းအမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျားဖြူပါတီ၊ ကျားခေါင်းပါတီ နှင့် ကြံ့ခိုင်ရေးပါတီ စသည့် ပါတီ ၅ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဆက်လက်ပြီး ကွတ်ခိုင်မြို့ တအာင်းပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အမှတ်(၁)မဲဆန္ဒနယ်မြေ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်မွန်းက "ကွတ်ခိုင်မှာတော့ အားလုံးနီးပါးစည်းရုံးရေးဆင်းပြီးသွားပြီ စည်းရုံး ရေးဆင်းတဲ့အချိန်မှာလဲ လုံခြံုရေးက အဆင်ပြေပါတယ်။ လာမယ့် နိုဝင်ဘာ ၃ရက်မှာ မဲစာရင်းထပ်ကပ်မယ်ဆိုတော့ ပြည်သူတွေ ကိုယ့်မဲစာရင်းပါမပါ သွားကြည့်ဖို့မမေ့ပါနဲ့လို့ အထူးမှာကြားချင်ပါတယ်" ဟုပြောသည်။
၂ဝ၁၅ ရွေးကောက်ပွဲ ကွတ်ခိုင်မြို့နယ်၌ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ (ကျားဖြူ)၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် NLD စသည့် ပါတီ ၆ပါတီနှင့် တစ်သီးပုဂ္ဂလ တစ်ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
မန်တုံ၊ မူဆယ်၊ နမ္မတူ၊ ကျောက်မဲ၊ နမ့်ဆန်နှင့် မိုးကုတ်မြို့တွင်လည်း မဲဆွယ်စည်းရုံးရေးဆင်းနေချိန်တွင် လုံ ခြံုရေးအရ နှောင့်ယှက်ခံရခြင်း၊ ဟန့်တားခံရခြင်းများ မကြံုတွေ့ရပဲ ကျေးရွာပိုင်းသို့ စည်းရုံးရေးဆင်းရာတွင် လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း၊ ဖုန်းလိုင်းများ ပြတ်တောက်ခြင်း၊ ငွေကြေးလုံလောက်မှုမရှိခြင်း စသည့်အခက်ခဲများကို ကြံု တွေ့နေရကြောင်း သက်ဆိုင်ရာမြို့နယ်ပါတီများထံမှ သိရသည်။