မေး။ ။ရွေးကောက်ပွဲဝင်ဖြစ်ပုံပြောပြပါဦး။
ဖြေ။ ။ ပြောမယ်ဆိုရင်တော့ အမျိုးသမီးတစ်ဦးလဲ ဖြစ်တော့ အမျိုးသမီးတွေရဲ့အသံကို လွှတ်တော်ထဲမှာ တင်စေချင်တာက လဲတစ်ပိုင််း။နောက်ပြီးတော့ ကိုယ်ထိတွေ့ခဲ့တဲ့ ဇာတိမြို့မှာ ဖွ့ံဖြိုးတုုိးတက်မှု အရမ်းကုုိ နောက်ကျတယ်။ အဲသလုုိကြီးပြင်း လာခဲ့ရပြီး စိတ်ထဲမှာ အခုုချိန်အထိ တန်းတူညီမျှမှု မရှိသလုုိ ခံစားခဲ့ရတယ်။ တန်းတူညီမျှမှု ဆုုိတာမှာ အဘက်ဘက်က ဖွ့ံဖြိုးမှု နောက်ကျနေတာကိုု ပြောချင်တယ်။
လူမှုရေးတွေ လုုပ်ရင်းနဲ့ ဒီထက်ပုုိလုုပ်ခွင့်ရတဲ့နေရာ ပုုိအသံကျယ်နုုိင်တဲ့နေရာကုုိ ရောက်မှ ထိရောက်မယ်လုုိ့ မြင်လုုိ့ ရွေးကောက် ပွဲဝင်ဖြစ်တာဖြစ်တယ်။
မေး။ ။အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး လုပ်ချင်တယ်လို့ ပြောထားတော့ ဘယ်လိုကဏ္ဍတွေက အမျိုးသမီးတွေအတွက် ပိုဦးစားပေး လုပ်ချင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးထုလို့ပြောရင် မိခင်ရောကလေးရော ပါတာပေါ့။ အကယ်၍သာ လုပ်ခွင့်ရမယ်ဆိုရင် သက်ငယ်မုဒိန်း၊ အသက် မပြည့်သေးပဲ ကျူးလွန်ခံရတာကို ပြစ်မှုနဲ့ပြစ်ဒဏ် မမျှတာကို အရင်ဦးဆုံး လုပ်ချင်တယ်။ ကုုိယ်ကတော့ ပြည်နယ်ကဆုုိတော့ ဥပဒေပြုခွင့်တော့ မရဘူးပေါ့။ ဒါပေမဲ့ လုုပ်ခွင့်ရတဲ့သူတွေကုုိ တွန်းအားပေး လုုပ်ခုုိင်းမယ်။
နောက်ပြီး ဥပဒေပုုိင်းကိုု သေချာလေ့လာပြီး ပြည်သူတွေအတွက် အကျိူးမရှိတဲ့ ဖွဲ့စည်းပုုံ အခြေခံဥပဒေ ပြုပြင်ရေးကုုိ တွန်းအားပေးမယ်။ ဖွဲ့စည်းပုုံ အခြေခံဥပဒေရဲ့ အားနည်းချက်ကြောင့် ငြိမ်းချမ်းရေး မရနုုိင်သေး စစ်ကုုိမရပ်နုုိင်သေး လုုိ့မြင်တယ်။ ဒါကြောင့် ကုုိယ်မလုုပ်နုုိင်လဲ လုုပ်ပုုိင်ခွင့်ရှိသူတွေကုုိ တွန်းအားပေးမယ်။
မေး။ ။ ရှမ်းပါတီ နှစ်ပါတီရှိတဲ့အနက် SNLDပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဘာလို့ရွေးချယ်ခဲ့တာလဲ။
ဖြေ။ ။ ပါတီကိုယ်စားလှယ်လောင်း မဖြစ်ခင်ကတည်းက ပါတီဝင်အဖြစ် ရွေးချယ်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၀ခုုနှစ် မတိုင်ခင် ရှမ်းစာ ပေယဉ်ကျေးမှုအသင်းမှာ တွဲဘက်အတွင်းရေးမှူး လုပ်နေတုနု်း ကျားဖြူကလည်း ခေါ်ပါတယ်။ စာပေပဲ လုပ်နေဖြစ်တယ်၊ နိုင်ငံရေးကိုလဲ သိပ်မသိသေးဘူး။
ရှမ်းတွေက ကျားဖြူနဲ့ ပြည်ခိုင်ဖြိုးထဲမှာ တော်တော်များနေပြီ။ ပညာတတ်တွေလဲ များနေပြီ ။ကျားဖြူပါတီကိုလဲ လေ့လာတယ်။
ကျားခေါင်းပါတီကိုလဲ သူ့မူဝါဒတွေ၊ သမိုင်းတွေကို လေ့လာတယ်။နောက်ပြီးတော့ ကုုိယ့်ရဲ့ခေါင်းဆောင်ပုုိင်းတွေကုုိ ကြည့်ရင် အနစ်နာခံဆဲ အချိန်ဆုုိတာ မြင်နေရတော့ ငါတကယ်ကူရမှာ ဒီပါတီပဲရယ်လုုိ့ ရွေးချယ်တာပါ။ ကုုိယ်စားလှယ်လောင်းလုုပ်မယ် လုုိ့တော့အစက ၀င်တာမဟုုတ်ဘူး။
မေး။ ။ အမျိုးသမီး ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ရွေးကောက်ပွဲဝင်ဖုုိ့ တွေ့ကြံုရတဲ့ အခက်အခဲတွေရှိရင် ပြောပြပါ။
ဖြေ။ ။ စပြီးပါတီရဲ့ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရတယ် ဆိုကတည်းက ပထမဆုံးရင်ဆိုင်ရတဲ့ အခက်အခဲက ကုုိယ့်မိသားစုုနဲ့ ရင်ဆုုိင်ရတာ ဖြစ်တယ်။ အမျိူးသားနဲ့ အရင်ဆုုံးဆွေးနွေးရတယ်။ ဖြစ်ပါ့မလားပေါ့။ ပြီးတော့ ကုုိယ့်ပါတီက အမြဲတမ်း အတုုိက်အခံကြီး ဖြစ်နေတယ်။ အစုုိးရနဲ့ အပေးအယူမတည့်ဘူး ဆုုိပြီးကြားနေရတော့ အမျိူးသားနဲ့ ညှိနှိုင်းဆွေးနွေးရတယ်။
ဒုုတိယအားနည်းချက်က အိမ်ထောင်ဦးစီး မဟုုတ်တော့ ငွေကြေးသုုံးစွဲမှု အပုုိင်းမှာ လုုံလောက်မှု မရှိတဲ့ အပုုိင်းကလဲ အားနည်းချက်ပဲ။ တတိယအားနည်းချက်ကတော့ မဲဆွယ်စည်းရုုံးရေးဆင်းလုုိ့ ရှိရင်လုုံခြံုရေးပေါ့။
ဥပမာ ညရေးညတာသွားလုုိ့ အဆင်မပြေတာမျိူး၊ နယ်မြေမကျွမ်းတာမျိူး။ ဒါတွေကြံုတွေ့ရတယ်။ နောက်တစ်ခုုက ဒေတာအချက်အလက် မရတာလဲ အခက်အခဲပဲ။ ကုုိယ့်မဲဆန္ဒနယ်မှာ ကျေးရွာအုုပ်စုု ဘယ်လောက်ရှိလဲ။ ဒါမျိူးတွေပေါ့။ မဲဆွယ်စည်းရုုံးမယ်ဆုုိရင် လုုပ်မဲ့နေရာ ဘုုန်းကြီးကျောင်းတုုိ့ အိမ်တုုိ့ ခွင့်ပြုချက် အရင်ယူရတယ်။ လူဦးရေ ဘယ်လောက်တက်မလဲ တစ်ခါထဲမေးရတယ်။ ပြီးမှ ကော်မရှင်ကုုိ စာတင်ရတယ်။ ပြီးမှ သွားရတယ်။ လွတ်လပ်စွာ မဲဆွယ်စည်းရုုံးခွင့်ဆုုိတဲ့နေရာမှာ ပြောစရာမေးစရာဖြစ်လာတယ်။ ကုုိယ်တွေအတွက်တော့ ဒါအခက်အခဲပဲ။
မေး။ ။ မဲဆွယ်စည်းရုံးတဲ့နေရာတွေမှာ ပြည်သူတွေဆီက ဘာတွေသိလာရလဲ။ သူတို့ရဲ့အသံကကော ဘာလဲ။
ဖြေ။ ။ ပြည်သူတွေက မဲပေးတဲ့ စနစ်ကိုတကယ်နားမလည်သေးဘူး ဆိုတာသိလာရတယ်။ ရွေးကောက်ပွဲစနစ်ကိုကော၊ ပါတီကို ကော၊ မဲပေးတာကိုကော သူတို့မကွဲပြားတာ နယ်ကိုဆင်းလေ သိလာရလေပဲ။ ပြည်သူတွေမှာ Awareness Training တွေအများကြီးကို လိုသေးတယ်။ သူတုုိ့ဆီက အများဆုုံးသိရတာက ကြောက်စိတ်ပဲ။ ပါတီတွေများနေတာကုုိ သူတုုိ့မဲမပေးတတ်ဘူး ဖြစ်နေတယ်။ မဲစာရင်းပါမပါကုုိ အခုုချိန်ထိ မသိကြဘူး။ မဲစာရင်းပြင်တာတွေ ဒီပုုံစံဖြည့်တာတွေကုုိ သူတုုိ့ကြောက်နေကြတုုန်းပဲ။ လွတ်လွတ်လပ်လပ် ပေးလုုိ့ရပါ့မလား ဆုုိတဲ့စုုိးထိတ်စိတ်တွေ ရှိနေတာ တွေ့ရတယ်။
မေး။ ။ မဲဆန္ဒရှင်တွေကို ဒီနေရာကနေ အမှာစကား ပါးစရာရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ရှမ်းက တောင်ကြီးမှာ လူဦးရေအရ တတိယနေရာရှိတယ်။ ပါတီတုုိင်းမှာလဲ ရှမ်းကရှိနေတယ်။ ဒီတော့ မဲတွေ ကွဲပြားပျံ့နှ့ံ မပေးပဲ အမှန်တကယ်ကုုိ ဘယ်ပါတီက ဘာတွေလုုပ်နေလဲ။ သူရဲ့ရည်မှန်းချက်တွေက ဘာလဲ ကွဲကွဲပြားပြား မြင်ပြီး အဲဒီပါတီကုုိပဲ မဲပေးပါလုုိ့ ပြောချင်ပါတယ်။