နန်းပေါ်ဟွန်းနှင့် ရေထွက်ကြီးအကြားအရောက်တွင် အခုုလုုိ တုုိက်ခံရခြင်းဖြစ်ကြောင်း ဦးခွန်ဇော်ထွန်းက ဆုုိသည်။
“ နောင်ဒေးကနေ ဟုုိပုုံးကုုိ ပြန်လာတာ။ ရေထွက်ကြီးနဲ့ နန့်ပေါ်ဟွန်းကြားအရောက် ကျွန်တော်တုုိ့ကားက လမ်းဘေးချ ရပ်ထားပေးတာ။ ကျွန်တော်တုုိ့က အတက်ကားပါ။ ကားရှေ့အပေါ်မီးကုုိ ထုုိးထားတယ်။ နံပါတ်ကောင်ကောင်း မမြင်ရဘူး။ လုုိင်စင်မဲ့ကားဖြစ်ပုုံပဲ။ Extra Cap ကားခဲရောင်ဖျော့တော့ မြင်လုုိက်တယ်။ ကားပေါ်မှာ လူသုုံးဦးလောက် မြင်လုုိက်တယ်။ ဒါ့အပြင် တဖွဲ့တည်းလုုိ့ ထင်ရတဲ့ကားတစီးလည်း ကပ်ပါလာတာ တွေ့ရတယ်” လုုိ့ ဦးခွန်ဇော်ထွန်းက ဖြစ်စဉ်ကုုိ ရှင်းပြသည်။
မျက်နှာချင်းဆုုိင် ၀င်တုုိက်ရန် အဆုုိပါကားမှ ကြိုးစားသဖြင့် ဦးခွန်ဇော်ထွန်းတုုိ့လုုိက်ပါလာသည့် ကားမှာ ဘယ်ဘက်ဘီးဖုုံးကာဗာ ပျက်စီးပြီးကားဘော်ဒီ ပွန်းပဲ့ သွားကြောင်းသိရသည်။
ပ.အ.မ.ဖ ပါတီ(ပြည်ထောင်စုု ပအုုိ၀်းအမျိူးသားများ အဖွဲ့ချုပ်ပါတီ)အနေဖြင့် မဲဆွယ်စည်းရုုံးရေးခရီးစဉ်အား တရားဝင်အကြောင်း ကြားခဲ့ကြောင်းနှင့် မဲဆွယ်စည်းရုုံးသည့် ကာလအတွင်း မဲဆွယ်ဆုုိင်းဘုုတ်များလည်း ဖျက်ဆီးခံရခြင်းများ ကြံုတွေ့ခဲ့ရသည်ဟုု သတင်းရရှိသည်။
“ ဆီဆုုိင်မြို့နယ် မှာစည်းရုုံးရေးဆင်းပြီး ပြန်လာတော့လည်း ခြံုပုုတ်ထဲကနေ ခဲနဲ့ ချောင်ပစ်တာ ဖြစ်ဘူးတယ်။ ဒီထက်ဆုုိးဝါးတာတွေလည်း ဖြစ်ကောင်းဖြစ်လာနုုိင်တယ်။ နောက်ပုုိင်းတော့ ညပုုိင်းဆင်းတာတွေ လုုပ်ဖြစ်မယ် မထင်ဘူး။ လုုံခြံုရေးအပုုိင်းက ရဲတပ်ဖွဲ့မှာ အင်အားလုုံလုုံလောက်လောက် မရှိဘူးဆုုိတာလဲ ပြောထားတော့ သူတုုိ့ကုုိ လုုံးဝအားကုုိလုုိ့လဲ မဖြစ်သေးဘူး။ အရပ်ဝတ်နဲ့ စောင့်ကြည့်နေတာရှိတယ်လုုိ့ သူတုုိ့ဖြေထာပေမဲ့ သွားတဲ့ခရီးတွေမှာတော့ သတိထားမိတာမျိူး မတွေ့သေးပါဘူး” ဟုုဆုုိသည်။
ဦးခွန်ဇော်ထွန်းအနေဖြင့် ဆက်လုုပ်စရာများကုုိ ဆက်လုုပ်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ဘယ်လောက်မျှတမည် ဆုုိသည်ကုုိ ယခုုအချိန်မှာ ပြောဆုုိ မှန်းဆမရနုုိင်သေးကြောင်း သုုံးသပ်ခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင််းတွင် မဲဆွယ်စည်းရုံးစဉ်ကာလ အတွင် ပါတီဆိုင်းဘုတ်များအား စပရေးဖြန်းခြင်း၊ ဖျက်ဆီးခြင်းများ NLD ပါတီ၊PNOပါတီနှင့် ပ.အ.မ.ဖ ပါတီများတွင် ကြံုတွေ့ခဲ့ရပြီး အဆိုပါကိစ္စအတွက် ပ.အ.မ.ဖ ပါတီက အရေးယူစုံစမ်းပေးရန် ကော်မရှင်အားလည်းကောင်း၊သက်ဆိုင်ရာရဲတပ်ဖွဲ့အားလည်းကောင်း အကြောင်းကြားခဲ့ သည်ဟုသိရ သည်။