စည်းရုုံးရေးဆင်းချိန်တွင် ငွေကြေးနှင့် နုုိင်ငံရေးနားမလည်မှု အခက်အခဲများတွေ့ခဲ့

စည်းရုုံးရေးဆင်းချိန်တွင် ငွေကြေးနှင့် နုုိင်ငံရေးနားမလည်မှု အခက်အခဲများတွေ့ခဲ့
by -
မထျိူးမြာ
မထျိူးမြာ — ကယား(ကရင်နီ) ပြည်နယ် ကုုိယ်စားလှယ်လောင်းများအနေဖြင့် စည်းရုုံးရေးဆင်းချိန်တွင် ငွေကြေးအခက်အခဲ အပါအဝင် အခက်အခဲများစွာ ရှိခဲ့သည်ဟုု ကုုိယ်စားလှယ်လောင်းများထံမှ သတင်းရရှိသည်။

“ငွေလည်း သိပ်မသုုံးနုုိင်ဘူး ရှိလည်းမရှိဘူး လမ်းပမ်းဆက်သွယ်ရေးလည်း ခက်ခဲတယ်။ အဓိကက ပြည်သူလူထုုတွေ ကုုိ ရွေးကောက်ပွဲဆုုိတာ ဘာလဲဆုုိတာ နားလည်ဖုုိ့ ပြောပြတယ်” လုုိ့ လူမျိူးပေါင်းစုုံ ဒီမုုိကရေစီပါတီက နော်လူဒီးက ဆုုိသည်။

အခက်အခဲများစွာရှိသည့်အနက် ပြည်သူလူထုုမှာ မဲထည့်ရခြင်းကိုု နားမလည်ခြင်း၊ မဲ၏ တန်ဖုုိးကုုိ မသိခြင်းတုုိ့ကြောင့် စည်းရုုံးရေး ဆင်းချိန်တွင် အခက်အခဲများကုုိ ရင်ဆုုိင်ရခြင်းဖြစ်သည်။ ထုုိ့အပြင် ယခုုမှ စတင်တည်ထောင်ခါစ ပါတီမျိူးများအတွက် ငွေကြေးအင်အား အခက်အခဲနှင့်လည်း ရင်ဆုုိင်ရသည်ဟုု သတင်း ရရှိသည်။

ဒေသခံတုုိင်းရင်းသားပါတီများအနေဖြင့် ငွေကြေးခက်ခဲသော်လည်း ကယားပြည်နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုု ၀န်ကြီး အနေဖြင့် ပြည်သူလူထုုကုုိ အထောက်အပံ့ပေးနုုိင်သောကြောင့် စည်းရုုံးရေးပုုိင်းတွင် ပုုိ၍ အားသာသည်ဟု ကယားလူမျိူးစုု ဒီမုုိကရေစီပါတီမှ ဦးရောဘတ်ညေးရယ်က ဆုုိသည်။

“ ကျွန်တော်တုုိ့က သူ့လောက် မလုုပ်နုုိင်ပေမဲ့ ကျွန်တော်တုုိ့ ပြည်သူလူထုုတွေ သဘောပေါက် နားလည်အောင် အတတ်နုုိင်ဆုုံး ကုုိယ့်ရဲ့လမ်းစဉ် ကုုိယ့်ရဲ့ ရည်မှန်းချက် ဦးတည်ချက်အတုုိင်း သဘောပေါက် နားလည်အောင် ရှင်းပြပါတယ်။ အဓိကကတော့ ကျွန်တော်တုုိ့ ကုုိယ့်မျိူး ကုုိယ့်ပြည်နယ် တုုိင်းရင်းသားတွေ ဒီရွေးကောက်ပွဲမှာ အခွင့်ရခဲ့ရင် အစုုိးရမှာ ပါ၀င်နုုိင်ဖုုိ့ ရှင်းပြသွားတယ်ပေါ့” ဟုု ဦးရောဘတ်ညေးရယ်က ပြောသည်။
 
နုုိင်ငံရေးနှင့် နှစ်ပေါင်းများစွာ ဝေးကွာနေသဖြင့် ယခုုလုုိ ရွေးကောက်ပွဲကာလတွင် လူထုု၏ ရွေးချယ်ခွင့်ကုုိ နားမလည်မှုများ တွေ့ ရကြောင်း ကယားလူမျိူးစုု ဒီမုုိကရေစီပါတီမှ ဦးနုုိင်နုုိင်ထွေးက ဆုုိသည်။

“ လူထုုတွေ နုုိင်ငံရေးကုုိ နားမလည်က အခက်အခဲဆုုံး အကြောင်းအရာပဲ။ နှစ်ပေါင်းများစွာ လူထုုကုုိ မျက်စိပိတ် နားပိတ်ထားတဲ့ ကိစ္စကိုုက ကုုိယ်ရွေးချယ်ရမဲ့ ကုုိယ်စားလှယ်လောင်း ကုုိယ်ဘယ်သူ့ကုုိ တာဝန်ပေးရမယ်။ ဘယ်သူတွေက နုုိင်ငံရေးအရ တာဝန်ပေးရမယ်။ ဘယ်သူတွေက အုုပ်ချူပ်ရေးအရ တာဝန်ပေးရမယ် ဆုုိတဲ့ အနေအထားမျိူးကုုိ လူထုုတွေက လုုံးဝ နားမလည်တာက ကျွန်တော်တုုိ့အတွက် အခက်အခဲဆုုံးပါပဲ ” ဟုု ဦးနုုိင်နုုိင်ထွေးက ရှင်းပြသည်။
 
ထုုိ့ကြောင့်တုုိင်းရင်းသားပါတီများသည် ဒေသအတွင်း နုုိင်ငံရေးအရင်းအမြစ် ဖွံ့ဖြိုးတုုိတက်အောင် လုုပ်ရန် အခြားသော ပါတီကြီးများထက် ပုုိခက်ခဲသည်ဟုုဆုုိသည်။ တသီးပုုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်သူတွေ အနေဖြင့်လည်း ငွေကြေးအခက်အခဲများအပြင် အခြားအခက်အခဲများလည်းရှိသည်ဟုု ဆုုိကြသည်။

“ကျွန်တော်ကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ တစ်ယောက်တည်း လုုပ်ရတာဆုုိတော့ ဟုုိပါတီက ၀င်တုုိက်လုုိက် ဒီပါတီက ၀င်တုုိက်လုုိက်တော့ ရှိတာပေါ့” ဟုု ဒီမောဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တွင် တသီးပုုဂ္ဂလ ၀င်ပြိုင်သော ဦးဟက်စတန်က ပြောသွားသည်။

ထုုိ့အတူ အမျိူးသားတုုိးတက်ရေး ပါတီအနေဖြင့်လည်း ငွေကြေးအခက်အခဲများရှိပြီး သွားရေးလာရေးအတွက် ကုုန်ကျစရိတ်အခက်အခဲမှာ ပါတီဘက်ဂျက်အနေဖြင့် မရှိသဖြင့် ကုုိယ်စားလှယ်လောင်းများကုုိ ခေါ်ယူပြီး မဲဆွယ်ရန် မတတ်နုုိင်ကြောင်း အမျိူးသားတုုိးတက်ရေးပါတီ မှ ဦးလောရေးက ဘီအမ်အုုိင်သုုိ့ ရှင်းပြသည်။

နောက်ထပ် မဲဆွယ်စည်းရုုံးရေးအတွင်းကြံုရသည့် အခက်အခဲများမှာ မဲစာရင်းမပါ၀င်ခြင်း၊ မဲစာရင်းများမှားယွင်းခြင်းနှင့် ရွာများနှင့် မဲရုုံမှာ တစ်မုုိင်နှစ်မုုိင် ခရီးရှိသဖြင့် မဲရုုံသွားရန် အခက်အခဲများ ရှိသည်ဟုု ကယန်းအမျိူးသားပါတီ အတွင်းရေးမှူး ဦးနန်းရီက ပြောပြသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...