ပြည်သူလူထုအသုံးချနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်ချင်တယ်

ပြည်သူလူထုအသုံးချနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်ချင်တယ်
by -
ဆလိုင်းကျော်မိုးထွန်း၊ ချင်းဝေါလ်
ဆလိုင်းကျော်မိုးထွန်း၊ ချင်းဝေါလ် — “ကျွန်တော့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်လာခဲ့ရင် ပြည်သူလူထုအနေနဲ့ အသုံးချ ကြပါ။ ဒါမှ လည်း ဒေသအတွက် အသုံးဝင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ချင်တယ် ” လို့  ပြောတဲ့ ချင်းပြည်နယ်၌ အမျိုးသားလွတ်တော် နေရာတွင် ဝင်ရောက်ယှဉ်ပြိင်မည့်   တီးတိန်မြို့နယ်ပြည်ခုုိင်ဖြိုးပါတီရဲ့ ကုုိယ်စားလှယ်လောင်း ဦးခမ်ဆွင်းမုန်နှင့် ဆလုုိင်းကျော်မုုိးထွန်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။   ။လွှတ်တော်ကိုယ်စားလှယ်တယောက်အဖြစ် လွှတ်တော်မှာလူထု အတွက်ဘာတွေကို အရေး ဆိုတင်ပြ      ပေးမလဲ။

ဖြေ။   ။ ကျွန်တော်ဝင်ပြိုင်တဲ့နေရာက အမျိုးသားလွှတ်တော်ကနေ ဝင်ရောက်ယှဉ်ပြိုင် မှာဆိုတော ့လွှတ်တော် ထည့်ဘဲရောက်မယ်။ အစိုးရအဖွဲ့ထည့် ရောက်မှာမဘဲဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ “လွှတ် တော်အသံ၊ ပြည်သူ့အသံ” ဆိုသလိုဘဲ ပြည်သူ့ အတွက်ကိုပဲ အသက်ရှင်လှုပ်ရှားမယ်ဆိုတာ ကျွန်တော့် အတွက်နံပတ် ၁ ပေါ့။

ကျွန်တော်တို့ ဒေသအခြေအနေကိုပြောရမယ် ဆိုရင်ဘက်စုံဒေသဖွံ့ဖြိုးတိုးတက်ရေးက နိုင်ငံရေးရဲ့ အသီးအပွင့်တစ်ခု အနှစ်သာရတစ်ခုလို့ဘဲ ကျွန်တော်ယူဆတယ်။ ပြီးတော့တစ်ကယ်လို့ အခုရွေး ကောက်ပွဲမှာ အရွေးခံရတယ်ဆိုရင်တော့ နံပတ် (၁)အနေနဲ့ ကျွန်တော်တို့ဒေသ ဘက်စုံဖွံ့ဖြိုးရေးကို ပထမဆုံး တင်ပြမယ်။ အမှန်တကယ် ကျွန်တော့်ခံစားချက်နဲ့ ကျွန်တော့်ရဲ့စိတ်ဓာတ်ပြင်းထန်တာက ဘာလည်းဆိုတော့ ဘက်စုံပညာတက်တဲ့ Zomi လူငယ်အများဆုံး ပြုစုပျိုး ထောင်မွေးထုတ်ဖို့ အဲဒါကရေရှည်အတွက် အဓိက လိုအပ်ချက်ဖြစ်တယ်။ အဲဒါတွေကို လွှတ်တော်ထဲမှာဘဲဖြစ်ဖြစ်၊ အစိုးရတာဝန်ရှိသူတွေက အလေးအနက်ထား ပေးဖို့တင်ပြမယ်။

မေး။     ။ဒေသခံလူထုအတွက် အဓိက လိုအပ်နေတာတွေက ဘယ်အရာ တွေဖြစ်မလဲလို့ ကိုယ်စားလှယ်လောင်း တယောက် အနေနဲ့ယူဆပါသလဲ။

ဖြေ။      ။ ကျွန်တော်တို့ဒေသကလောလောဆယ်တီးတိန်မြို့နယ်ကို ပြောရမယ် ဆိုရင်နိုင်ငံတစ်နိုင်ငံ၊ ဒေသ တစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ကတော့ ရေရှည်အတွက် မဟုတ်ဘဲ လတ်တလောလိုအပ်တာက ကျွန်တော့် အမြင် မှာတော့  လမ်းပန်း ဆက်သွယ်ရေးပေါ့နော်။ ကျွန်တော်တို့မှာလမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဖွံ့ဖြိုးရေး  နောက်လည်းနောက်ကျတယ်ဆိုတာ ကျွန်တော့်အမြင်ပေါ့။ ကျေးလက်နေပြည်သူများနှင့် မြို့ပြနေသူ များရဲ့ လူနေမှုအဆင့်အတန်း ကွာဟမှုမရှိဖို့ကအဓိကပေါ့၊ အဲဒီလိုမျိုးကွာဟမှု မရှိဖို့ လမ်းပန်းဆက် သွယ်ရေး အဓိကကျတယ်လို့ ကျွန်တော်ယူဆတယ်။ လာပေါ့၊ ကျေးလက်နေပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နံပါတ် ၁ ၊ နောက်ပြီးနံပါတ် ၂ က ခုနကပြော သလို တစ်ချို့ရွာတွေမှာ အမှန်တကယ်လိုအပ်ချက်ရှိလျက်ရှိနေ တာက ရွာတိုင်းနီးပါးမှာ ကျန်းမာရေး ဌာနခွဲတွေရှိဖို့၊  ပညာရေးပိုင်းမှာ ကျောင်းဆရာ။ ဆရာမများ လိုအပ် နေသေး တယ်၊ပြီးတော့ကျောင်းဆရာ/ဆရာမ နေအိမ်လိုအပ်ချက်တွေမျာနေးသေး တယ်ဆိုတော့ ဒါတွေ ကို ဆက်ပြးတော့ကြီုးစားအားထုတ်ပြီးမှ ဒီထက် ကောင်းအောင်း ၊ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ကျွန်တော်စိတ် အားထက်သန်ပါတယ်၊သောက်သုံးရေးသန့်ရဖို့ လည်းအဓိကကျပါတယ်။

မေး။     ။ဆရာတို့ပါတီပြိုင်မယ့် မဲဆန္ဒနယ် အားလုံးမှာ အနိုင်ရနိုင်ခြေ ဘယ်နှစ်ရာခိုင်နှုန်းခန့်မှန်းထားလဲ။ တခြားပါတီတွေထက် ဆရာတို့ပါတီကို မဲဆန္ဒရှင်တွေ ပိုမဲပေးသင့်တဲ့ အကြောင်းကဘာများ ဖြစ်မလဲ။

ဖြေ။       ။ တီးတိန်မြို့နယ်မှာ ပါတီ (၈)ခုရှိတဲ့အနက် တစ်နိုင်ငံလုံးအတိုင်း အတာနှင့် လှုပ်ရှားနိုင်တဲ့ ပါတီက (၂) ခုဘဲ ရှိတယ်လို့ပြောလို့ရတယ်။ တစည ကတော့အဲလောက်ကြီးမလှုပ်ရှားနိုင်တော့ဘူးပေါနော်။ ဆိုတော့ အဲဒီပါတီ (၈)ခုပြိုင် မဲ့ နေရာမှာ ၃၀%  ရတယ်ဆိုရင်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။  အနိုင်ရ မယ်လို့ ဘာဖြစ်လို့ပြောရဲလည်းဆိုတော့ လူတွေက ၂၀၁၀ခုနှစ် ထက် နိုင်ငံရေးအမြင်ပွင့်လင်းလာတဲ့ အတွက် ပြည်သူအသံ ကပြည်ခိုင်ဖြိုးပါတီနိုင်ရမယ်လို့လည်းပြောသံကြားတယ်။ ပြီး တော့ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း တွေက ပြည်သူ့အတွက်ဆိုပြီး စိတ်ရင်းခံနဲ့ အရွေးခံတာဖြစ်တယ်။ ပြည်သူတွေ ကပြည်ခိုင်ဖြိးပါတီအပေါ်ယုံကြည်အားကိုးမှု ၂၀၁၀ခုနှစ်ထက်ရှိလာ တယ်ဆိုတော့ အခြားပါတီ တွေထက် အောင်နိုင်ရေးရရှိမယ် လို့ယုံကြည် တယ်။

မေး။     ။မဲဆွယ်စည်းရုံးရေးကာလမှာ ဆရာ့အနေနဲ့ကြံုရတဲ့အခက်အခဲ တွေရှိရင်ပြောပြပေးပါ။

ဖြေ။  ။ အခုလောလောဆယ် လက်ရှိကျွန်တော်မဲဆွယ်စည်းရုံးရေးထွက် တဲ့ဟာကတော့ တော်တော် များများရောက်ခဲ့တယ်အားလုံးတော့ မရောက်နိုင် သေးဘူး။ တစ်ခုတော့ရှိတယ် ကျွန်တော့် ဘက်က အချိန်မပေးနိုင်တာလည်း ပါတယ်။ ပြီးတော့ရက်ကလည်းတစ်လလောက်ကျန်သေးတယ်ဆိုတော့ရွာ တိုင်းကိုတော့ကျွန်တော်ရောက်အောင်သွားဖို့ရည်မှန်းထားပါတယ်၊ အခက်အခဲဆိုတာ ကတော့ လောလောဆယ်မှာ ကျွန်တော်တို့ ရွာတွေသွာတဲ့အချိန်မှာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားတဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ၊ တံတားပျက်လို့ လမ်းမပေါက်တာ တွေအဲဒါတွေကျတော့ဆိုင်ကယ်နဲ့ ခြေကျင်သွားရတယ်။ ဒါလေးပဲအခက်အခဲရှိ တယ်။

မေး။     ။ဆရာအနေနဲ့ ပြိုင်ဖက်ကိုယ်စားလှယ်လောင်းတွေထက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရင်  ပိုစွမ်းဆောင်နိုင်မယ့် အချက်တွေက ဘာများရှိမလဲ ။

ဖြေ။      ။ လက်ရှိကျွန်တော့်သက်တမ်း ၄နှစ်ခွဲကာလမှာ ချင်းပြည်နယ်အတွက် ကျန်းမာရေးပိုင်း၊ ပညာရေးပိုင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြတာ ခေါင်းစဉ် အလိုက်ဆိုရင် အချက် (၅၀)ရှိတယ်။ အဆင်မပြေလို့ ထပ်ခါထပ်ခါတင်ပြ ရတာနဲ့ဆိုရင် အချက် (၆၀)ချက်လောက် ကျွန်တော်တင်ပြရတာရှိတယ်။ အားသာမယ် ဆိုတာကတော့ ကျွန်တော့်သက်တမ်းမှာ ကိုယ့်ပြည်နယ်က ကောင်းကျိုးတစ်ခုခုရနိုင်ဖို့ ဆိုတာ ကျွန်တော် စိတ်အားထက်သန်တယ်၊ ကျေး ရွာ၊ ရပ်ကွက်တာဝန်ရှိတဲ့သူက ဒါလေးလုပ်ပေးပါအုံးဆိုရင် ရသည်ဖြစ် စေ၊ မရသည်ဖြစ်စေ ကျွန်တော်မှာတင်ပြပေးရမယ် တာဝန်ဝတ္တရားရှိတယ် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရမယ်လို့ ကျွန်တော် လုံးဝယုံကြည်တယ်။

မေး ။   ။မဲဆန္ဒရှင် ဒေသခံတွေကို တခြားပြောချင်တဲ့ စကားများရှိရင် ပြောပြပေးပါ။

ဖြေ။     ။အဓိက ဒေသခံပြည်သူတွေကို ကျွန်တော်ပြောချင်တာက တစ်ကယ် လို့ ကျွန်တော်လွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့ရင် ကျွန်တော် အစည်းအဝေးတိုင်းမှာ အမြဲတမ်း ပြောနေတာကတော့ ကျွန်တော့်ကို အသုံး ချပါ။

ကျွန်တော်ဟာ ဓားတစ်လက်လိုပါဘဲ ဘယ်သူမှ အသုံးမချဘူးဆိုရင်တော့ ဓားအိမ်ထဲမှာ ဘဲရှိနေရမယ် ဖြစ်တယ်။ ဒါပေမယ့်ပြည်သူလူထုက ကျွန်တော် ကိုအသုံးချမယ်ဆိုရင်တော့ အကျိုးသက်ရောက်မှု ရှိမယ်ဖြစ်တဲ့အတွက် တကယ်လို့ ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လာရင် ကျွန်တော့်ကို ဒီအတိုင်းမထားဘဲနဲ့ အသုံးချပါ။

ပြည်သူလူထုက ကျွန်တော်ကို အသုံးချ လာမှ ကျွန်တော် ဟာ ဒေသအတွက် အသုံးဝင်တဲ့သူဖြစ်လာမှာပါ။  ပြည်သူလူထုရဲ့ဆန္ဒမဲရမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာ မှာဖြစ်တဲ့အတွက် ကျွန်တော်နဲ့လက်တွဲပြီး မိမိတို့ဒေသ ဖွံ့ဖြိုးရေးအတွက် ပြည်သူနဲ့ ကျွန်တော်လက်တွဲပြီး တော့မှဆက်လက်ကြိုးပမ်းကြပါစို့လို့ ကျွန်တော်အထူးမေတ္တာ ရပ်ခံချင်ပါတယ်။

Most read this week

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...