မဲဆန္ဒရှင်များအတွက် မဲထည့်ပုံ ထည့်နည်းပညာပေးရေး CLD ဥက္ကဌ ကော်မရှင်သို့တောင်းဆို

မဲဆန္ဒရှင်များအတွက် မဲထည့်ပုံ ထည့်နည်းပညာပေးရေး CLD ဥက္ကဌ ကော်မရှင်သို့တောင်းဆို
၂၀၁၅ ခုနှစ် နို၀င်ဘာလ (၈) ရက်တွင် ကျင်းပတော့မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ ကျွမ်းကျင်စွာ မဲပေးနိုင်ရေးအတွက် CLD ဒုတိယ ဥက္ကဌ ၊ အမှတ် (၁) မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ် တော်ကိုယ်စား လှယ်လောင်း Daw SungZiMang က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ထံသို့ တောင်း ဆိုခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးသည် အောက်တိုဘာ ၆ ရက်က ဟားခါးမြို့ သို့ ရောက်ရှိလာပြီး အစိုးရအဖွဲ့များ ၊ နိုင်ငံရေးပါတီများ ၊ ဘာသာရေးအသင်းအဖွဲ့များ နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းအသီးသီး မှ တာဝန် ရှိပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရာမှာ ယခုလို Daw Sung Zi Mang က တောင်းဆိုခြင်းဖြစ်သည်။

တင်ပြတောင်းဆိုချက်အပေါ် ကော်မရှင်ဥက္ကဌ ဦးတင်အေးက မဲဆန္ဒရှင်များ မဲထည့်ပုံထည့်နည်း ( Voter Education )နဲ့ ပါတ်သက်ပြီး ကော်မရှင် အဆင့် ဆင့်၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ ကို ပြန်လည်ရှင်းလင်းပြီး Daw SungZiMang ၏ တင်ပြချက်အပေါ် ဆောင်ရွက် ပေးသွားမည်ဟု တုံ့ပြန်ခဲ့သည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး Daw SungZiMang က " ကျွန်မ နယ်လှည့် စည်းရုံးရေးဆင်းတဲ့ အချိန်မှာ ကျေးလက် ဒေ သက မဲဆန္ဒရှင်ပြည်သူတွေဟာ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို တခါတည်း မဲပေးရမည် ဆိုတာ မသိကြဘူးဖြစ် နေသေးတယ်၊ ဒီတော့ ဒီကိစ္စက ကော်မရှင်မှာ တာဝန်ရှိတယ်ပေါ့နော် " ဟု ပြောသည်။
 
ယခုနှစ် သဘာဝဘေးဒဏ်ကြောင့် ချင်းပြည်နယ်သည် အရေးပေါ် ဒေသ အဖြစ်အစိုးရမှ သတ်မှတ်ခဲ့ရပြီး ချင်းပြည် တခုလုံး  ခရီးသွားလာရေး၊ သတင်းဆက်သွယ်ရေး ခက်ခဲမှုပြသနာကြောင့် ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

ကော်မရှင် ဥက္ကဌ ဦးတင်အေး၏  ရွေးကောက်ပွဲ ဆိုင်ရာ ရှင်းလင်းပွဲတွင် USDP, NLD, NUP, CLD, CNDP, CPP ပါတီမှ ခေါင်းဆောင်များ၊ ၄င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြရာ CLD ပါတီ ကသာ မေးမြန်းမှု ပြုလုပ်ခဲ့သည်။

ကော်မရှင် ဥက္ကဌ က ရွေးကောက်ပွဲဆိုသည်မှာ တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုမည့် လူထုကိုယ်စားလှယ်ကို ရွေး ချယ်ရမှာဖြစ်ပြီး ကိုယ်စားလှယ်ရွေးချယ်သည့် နေရာတွင် ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းပြည် အတွက် အကျိုးဆောင်မည့် နိုင်ငံတော်အကျိုးကို သယ်ပိုးမည့် ပုဂ္ဂိုလ်ကို ရွေးချယ်ရမှာဖြစ်သည့်အတွက် အသက်တမျှ အ ရေးကြီးကြောင်း၊ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ဖို့ ဝိုင်းဝန်း လုပ်ဆောင် ရမှာဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

ပါလီမန်ဒီမိုကရေစီ အုပ်ချုပ်ရေးကာလ မှ ယနေ့အထိ မြန်မာ့ နိုင်ငံရေး နောက်ခံ အကျဉ်း နှင့်  မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စများ၊ ရွေးကောက်ပွဲကျင်းပခဲ့ပုံများ နှင့် ၂၀၁၅ ရွေးကောက်ပွဲအရေးကြီးပုံများကို တွေ့ ဆုံဆွေးနွေးပွဲတွင် ဥက္ကဌ ဦးတင်အေးက အကျယ်တဝင့်ရှင်းလင်းမှုပြုလုပ်ပြီး အခမ်းအနားကို ညနေ ၂းဝဝ နာရီတွင် ရုတ်သိမ်းလိုက်သည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...