ဗမာတိုင်းရင်းသားများ မဲပုံး​လေးပုံးထည့်ရမည်ကို အများစုကမသိရှိ

ဗမာတိုင်းရင်းသားများ မဲပုံး​လေးပုံးထည့်ရမည်ကို အများစုကမသိရှိ
မူအက်စတာ - ကယား(ကရင်နီ)ပြည်နယ်အတွင်း ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ၌  မဲပေးရန် ဗမာတိုင်းရင်းသားများ မဲပုံး ၄ ပုံးထည့်ရမည်ကို အများစုက မသိရှိကြောင်း ဗမာတိုင်းရင်းသားများထံမှ သိရသည်။

“ကျနော်တို့ ဗမာလူမျိုးတွေ မဲပုံး ဘယ်နှစ်ပုံးထည့်ရမလဲဆိုတာ မသိဘူး ၃ပုံး ပဲထင်ထားတာ” ဟု ကယားပြည်နယ် လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက်တွင် နေထိုင်သူ ကိုကောင်းထွဋ္ဋ်က ပြောသည်။
 
၎င်းက သုံးပုံးသာ ထည့်ရန်လိုကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှုးက ကျေးရွာအတွင်း လှည့်လှဲပြောခြင်းကို ကြားရသောကြောင့် သိရှိခြင်းဖြစ်ကြောင်း ပြောသည်။
 
ယခုကဲ့သို့ မဲပုံး ၄ပုံးထည့်ရခြင်းကို မသိရှိရသောကြောင့် တကယ့်ရွေးကောက်ပွဲနေ့တွင် မဲဘယ်လိုထည့်ရမည်ကို အမှန်တကယ် သိချင်နေကြောင်း ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာမှ ဒေါ်မကေ က ပြောသည်။
 
“ငါတို့က ဗမာလူမျိုးဖြစ်တယ်။ ဒါပေမယ့် မဲပုံးဘယ်နှပုံးထည့်ရမလဲဆိုတာ မသိဘူး။ ဘာကြောင့် မဲ ၄ ပုံးထည့်ရသလဲဆိုတာကိုလည်း မသိဘူး” ဟု ပြောသည်။

 ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာ နှင့်ဆည်မြောင်ရပ်ကွက်တွင် ဗမာတိုင်းရင်းသား များစွာရှိနေကြသော်လည်း မဲပုံး ၄ ပုံးထည့်ရမည်ကို မသိရှိကြကြောင်း သိရသည်။

ဗမာတိုင်းရင်းသားများ သီးသန့်ရှိနေခြင်းအတွက် လွှတ်တော် သုံးရပ်အပြင် မိမိတို့၏ တိုင်းရင်းသားရေးရာအတွက် မဲပုံးတစ်ပုံထပ်ပေးရမည်ဆိုသည်ကို သတင်းထောက်မှ မေးမြန်းသည့် အချိန်မှသာလျှင် ယခုမှသိရှိရကြောင်း ဒေါ်မကေ က ဆက်ပြောပါသည်။
 
ပြည်နယ်တစ်ခုတွင် တိုင်းရင်းသားလူဦးရေ၏ ၀.၁%ရှိလျှင် တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ရရှိနိုင်ပြီး ကယားပြည်နယ်အတွင်းနေထိုင်သော ဗမာတိုင်းရင်းသားများသည်လည်း  သတ်မှတ်ထားသည့် စံချိန်နှင့် ကိုက်ညီပါက ဗမာတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ရရှိမည်ဖြစ်သည်။
 
ထို့ကြောင့် ကယားပြည်နယ်အတွင်းတွင် နေထိုင်သည့် ဗမာတိုင်းရင်းသားများသည် မဲထည့်ရာတွင် လွှတ်တော်သုံးရပ်မှကိုယ်စားလှယ်အတွက် မဲပုံးသုံးပုံးအပြင် မိမိ ဗမာတိုင်းရင်းသားရေးရာအတွက် မဲ တစ်ပုံးထည့်ရမည် ဖြစ်သည်။
 
 ဗမာတိုင်းရင်းသားများ မဲထည့်ရာတွင် မဲပုံး ဘယ်နှစ်ပုံးထည့်ရမည်၊ မဲ မည်သို့ထည့်ရမည် စသည်တို့ကို ဟောပြောပွဲများ ပညာပေးရန်လိုအပ်နေသေးကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း ရွေ့ပြောင်းလုပ်သားများအဖြစ် ဗမာတိုင်းရင်းသားများ ငါးသောင်းကျော်ခန့် နေထိုင်လျက်ရှိသည်ဟု ကယားပြည်နယ် လ ဝ က ၏ထုတ်ပြန်ချက်အရသိရသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...