မေး။ ။ပထမဆုံးဆရာရဲ့နာမည်နဲ့ဇာတိကိုမိတ်ဆက်ပေးပါ။
ဖြေ။ ။ကျွန်တော် နာမည်ကဦးအွမ်ယောဖြစ်ပါတယ်။ ကျွန်တော်ရဲ့ဇာတိကမြို့နယ်ကတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် လှတွီကျေးရွာဖြစ်ပါတယ်။
မေး။ ။ဆရာရဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့လဲသိချင်ပါတယ်။ပြီးတော့ အစိုးရတာဝန်ကိုတုန်းကရာထူးများကိုလဲပြောပြပါ။
ဖြေ။ ။ ကျွန်တော်က ၁၉၇၃ ခုနှစ်မှာတက္ကသိုလ်ဝင်တန်းကို အောင်မြင်တယ်။ အဲဒီချိန်မှာ မြန်မာနိုင်ငံမှာစနစ်သစ် အုပ်ချုပ်ရေးဆိုပြီးတော့ ရပ်ကွက် ကျေးရွာအုပ်စုအထိ ၀န်ထမ်းတွေ ခန့်တဲ့ချိန်မှာ ကျွန်တော်ကရပ်ကျေးအုပ်စု( ရ လ က) စာရေးအဖြစ်နဲ့စတင် ၀င်ရောက်ခဲ့ပါတယ်။ ကျွန်တော် ၁၉၉၀ခုနှစ် မှာ မြို့နယ် ဒုဦးစီးမှူး ၊ မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန ရဲ့ဒုတိယဦးစီးမှူတာဝန်ကို ထမ်းဆောင်ရင်း၊ နိုင်ငံတော်ရဲ့လိုအပ်ချက်အရဒုဦးစီးမှူးတွေ ကို မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွ့ံဖြိုးရေးကောင်စီ၊ မြို့နယ်ငြိမ်းဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့ရဲ့အတွင်းရေးမှူးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာ၁၉၉၂ ခုနှစ်မှာ မင်းတပ်ခရိုင်းဝန်ထမ်းပေါင်းစုံသမဝါယမမှာ အသင်းရဲ့ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီကနေမင်းတပ်မြို့နယ်မှာ( ရ ) နှစ် တာဝန်ထမ်းဆောင်ပြီးဌာနရဲ့ (၇)နှစ်ပြည့်ပြီးရင် အခြားဌာနကိုပြောင်းရွေ့ရမယ့် တာဝန်ရှိတဲ့အတွက် ကျွန်တော် ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာမြို့နယ်ဒုတိယဦးစီးဌာနမှူးကို တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီကနေကျွန်တော်ရာထူးတိုးပြီးဦးစီးအရာရှိ တာဝန်နဲ့ ရခိုင်ပြည်နယ၊် စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာဦးစီးအရာရှိ တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ၂၀၀၄ ခုနှစ်မှာချင်းပြည်နယ်၊ ပလက်ဝမြို့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ပြီးတော့မှ စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ၂၀၀၅ ခုနှစ်မှာပြန်လည်ပြောင်းရွေ့ပြီး ၂၀၀၇ ခုနှစ် မတ်လမှာလုပ်သက် ၄၃နှစ်ပြည့် ဦးစီးအရာရှိ အငြိမ်းစာတာဝန်ကို ယူခဲ့ပါတယ်။ ကျွန်တော် ရန်ကုန်မှာပဲအင်းစိန်မြို့နယ်က မြန်မာကျမ်းစာကျောင်းကောလိပ်မှာနည်းပြဆရာအဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး၂၀၁၄ ခုနှစ်မှာဧပြီလ(၁ )ရက်နေ့မှာချင်းဒီမိုကရေစီအဖွဲ့ချုပ်ကိုတည်ထောင်တဲ့အခါမှာဒီပါတီကို တည်ထောင်ပြီး ဒီလုပ်ငန်းမှာအချိန်ပြည့်ပါတီ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာဆရာ့အနေနဲ့ဘယ်မဲဆန္ဒနယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်မှာလဲ။ အရင်ကအစိုးရဝန်ထမ်းတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတော့ ရွေးကောက်ပွဲမှာယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကိုပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော် အနေနဲ့အငြိမ်းစာယူပြီးနိုင်ငံရေးမှာစလုပ်တဲ့သူတစ်ဦးအနေနဲ့ ပီတိဖြစ်ပေမယ့် ကျွန်တော့် အရပ်ဒေသကနေ ့ ဒီအကူအပြောင်းကာလမှာဒီမိုကရေစီစစ်မှန်တဲ့စေတနာရှိတဲ့ပုဂ္ဂိုလ်တွေ လာမှ ဖြစ်မယ်ဆိုပြီးကျွန်တော့်ဒေသရဲ့ဖိတ်ခေါ်ချက်အရကျွန်တော်ချင်းပြည်နယ်၊မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှာအရွေးခံမှာ ဖြစ်ပါတယ်။
မေး။ ။အခုလက်ရှိမှာချင်းဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒုဥက္ကဌတာဝန်ယူထားတယ်ဆိုတော့ ဆရာတို့ပါတီအနေနဲ့ ချင်းပြည်နယ်မှာဘယ်လောက်ထိ ၀င်ပြိုင်ပြီးဘယ်လောက်အနိုင်ရနိုင်မယ်လို့မျှော်လင့်သလဲ။
ဖြေ။ ။ကျွန်တော်တို့ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့လက်ရှိမြန်မာနိုင်ငံမှာအထူးသဖြင့် ချင်းပြည်နယ် (၇)မြို့နယ်နဲ့ ရခိုင်ပြည်နယ် (၄) မြို့နယ်၊ စစ်ကိုင်းတိုင်း၊ တမူးနဲ့ ကလေးမြို့နယ်တို့မှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခုလက်ရှိကတော့ ချင်းပြည်နယ်မှာဝင်ရောက်ယှဉ်ပြိုင်လိုက်ခြင်း
ဟာ ကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်ရွက်ချက်အရချင်းပြည်သူလူထုချင်းအမျိုးသားတွေရဲ့တောင်းဆိုချက် လိုလားချက်အရအောင်ပွဲက ၆၀% အထက်ရရှိမယ်လို့ မျှော်မှန်းပြီး လှုပ်ရှားနေပါတယ်။
မေး။ ။ ဆရာအနေနဲ့ ကိုယ့်ပြိုင်မဲ့ မဲဆန္ဒနယ်မှာဆရာရဲ့ယှဉ်ပြိုင်အရွးခံမဲ့သူကလက်ရှိအချိန်မှာ ၀န်ကြီးချုပ်တစ်ယောက်ဖြစ်နေတယ် ဆိုတော့ ဘယ်လိုပြင်ဆင်ထားလဲ၊ ကိုယ့်ကိုယ်ကိုဘယ်လောက်ထိယုံကြည်မျော်မှန်းထားပါသလဲ။
ဖြေ။ ။ ကျွန်တော်အနေနဲ့တော့ ကျွန်တော့် ပြည်သူတွေကနေအခုလိုအကူအပြောင်းကာလမှာစစ်မှန်တဲ့ ဒီမိုကရေစီကိုလိုလားတဲ့မိဘပြည်သူတွေကဖိတ်ခေါ်ချက်အရတကယ့် အမှန်ကတော့ ပြည်သူတွေမှာရှိတဲ့အတွက် ဒီအရာတွေက ပြည်သူတွေဘက်ကအကူအပြောင်းလိုချင်တဲ့အားလုံးကနေဖိတ်ခေါ်တဲ့လူတွေ ရှိတယ်ဆိုတော့ အောင်မြင်မှုကတော့ ပြည်သူတွေ လက်ထဲမှာရှိတယ်။ အောင်မြင်ဖို့လည်းမျှော်မှန်းပါတယ်။ ဒီအတိတ်ကာလနဲ့လက်ရှိကာလရဲ့အခြေအနေပေါ်မူတည်မှာပြီးအနာဂါတ်မှာအောင်မြင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။
မေး။ ။ ၀န်ကြီးချုပ်နဲ့ယှဉ်ပြိုင်ရတာ ဘယ်လိုအခက်ခဲရှိပါသလဲ။
ဖြေ။ ။ ဘာအခက်ခဲမှမရှိပါဘူး။ ဘာဖြစ်လိုလဲဆိုတော့ မဲဆန္ဒရှင်ပြည်သူတွေ့က ကျွန်တော်နဲ့ သိကျွမ်းရင်းနှီးပြီးသားပါ။ ကျွန်တော်အကြောင်းသိနေတာဖြစ်တဲ့အတွက် အခက်ခဲမရှိပါဘူး။
မေး။ ။ မဲဆွယ်စည်းရုံးရေအခြေနေကကော ဘယ်လောက်ထိအောင်မြင်ပါသလဲ။
ဖြေ။ ။ မဲဆွယ်စည်းရုံးမှုအခြေအနေနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့ချင်းတောင်မှာကအခု သဘာဝဘေးအန္တရယ်ကြောင့်တံတားမရှိ၊လမ်းမရှိဘူး ပင်ပန်း ခက်ခဲစွာ ခြေလျှင်နဲ့စည်းရုံးရေးဆင်း နေရပါတယ်။ ပြည်သူတွေနဲ့တွေ့ဆုံတဲ့အခါမှာ “သီချင်းတစ်ပုဒ်လိုပေါ့ဗျာ မောတော့မောတယ်၊ဒါပေမဲ့မမောဘူး” ဆိုသလိုပါပဲ ဒေသခံလူတွေနဲ့တွေ့တဲ့အခါမှာပျော်ရွွှင်ရတယ်။ပြည်သူ ၅၀ ရာခိုင်နုန်းလောက်နဲ့တွေ့ဆုံစည်းရုံးပြီးတဲ့အခါမှာ မှာ အောင်မြင်မှုလည်း ၅၀ ရာခိုင်နှုန်းလောက်ရရှိပါတယ်။
မေး။ ။ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးကာလမှာကတိပေးတာတွေနဲ့ ပါတ်သက်ပြီးဘာများပြောချင်လဲ။
ဖြေ။ ။ တစ်ချို့ကတော့ ပြောပါတယ်။ ပါတီစည်းရုံးတဲ့အခါမှာတံတားဆောက်ပေးမယ်၊ လမ်းဖောက်ပေးမယ်၊ ကျောင်းဆောက်ပေးမယ်၊ ဆေးရုံဆောက်ပေးမယ်လို့တော့ ပြောတယ်။ ဒီအရာတွေကတော့ အစိုးရရဲ့အလုပ်ဖြစ်ပါတယ်။ ကျွန်တော် မြို့နယ်အုပ်ချုပ်ရေးမှူးလုပ်စဉ်အခါတုန်းကဒီအရာတွေက မြို့နယ်ကလုပ်ပေးနေကျ ကျွန်တော်လုပ်ပေးနေခဲ့တဲ့အရာတွေဖြစ်ပါတယ်။ ဒါအစိုးရရဲ့အလုပ်ဖြစ်ပါတယ်။ အုပ်ချုပ်မှု၊ အုပ်ချုပ်ရေးသမား၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်တဲ့ဖွ့ံဖြိုးရေးကတာဝန်ရှိတဲ့သူတွေရဲ့ လုပ်ငန်းရပ်ဖြစ်ပါတယ်။
မေး။ ။အရွေးခံရရင် ချင်းပြည်သူတွေ့အတွက် ဘာလုပ်ပေးဖို့အစီအစဉ်ရှိပါသလဲ။
ဖြေ။ ။ အရွေးခံရရင်ချင်းပြည်သူလူထုအတွက် အရေးကြီးဆုံးကတော့လမ်းပန်းဆက် သွယ်ရေးပဲဖြစ်ပါတယ်။ ကျွန်တော်ကိုပြည်သူတွေကတာဝန်ပေးရင်၊ ဒါကိုပထမဦးစာပေးဆောင်ရွက် ပါမယ်လို့ပြောခဲ့ပါတယ်။ချင်းပြည်သူလူထုကလမ်းပန်းဆက်သွယ်ရေးကောင်းကောင်းပေါက်ပြီဆို သူတို့ကိုယ်တိုင်ပညာရေး။ကျန်းမာရေး၊စီးပွားရေးစတဲ့လိုအင်ဆန္ဒတွေ့ကိုအလိုလိုသဘော ပေါက်လာမှာဖြစ်ပါတယ်။
မေး။ ။ မေး။ ချင်းပြည်နယ်မှာဘာတွေလိုအပ်နေသလဲ။
ချင်းပြည်နယ်မှာတစ်ဦးချင်းဝင်ငွေ၊မိသားစုဝင်တိုင်းဝင်ငွေရရှိဖို့လိုအပ်ပါတယ်။အထူးသဖြင့် ချင်းပြည်နယ်လူတိုင်းဝင်ငွေ ရှိဖို့အတွက်စိုက်ပျိုးရေး၊မွေးမြူရေး၊ခရီးသွားလုပ်ငန်းများ လုပ်ကိုင်သင့်ပါတယ်လို့ကျွန်တော်မြင်ပါတယ််။စိုက်ပျိုးရေးမှာချင်းပြည်ရဲ့အဓိကထွက်ကုန် ၀ါးဥစိုက်ပျိုးရေးပြီးတော့ကမ္ဘာမှာရှားပါးပစ္စည်းဖြစ်တဲ့နွားနှောက်၊တအုပ်တမခြံမွေးမြူရေးစနစ်ဖြင့်မွေးမြူရေး၊နောက်ချင်းပြည်နယ်နဲ့ကိုက်ညီတဲ့ခရီးသွားလုပ်ငန်းများဆောင်ရွက်လိုက်ရင်လက်ရှိနိမ့် ကျနေတဲ့အဆင်းရဲဆုံးဒေသဖြစ်တဲ့ချင်းပြည်နယ်ဟာကမ္ဘာ့အဆင့်မှီပြည်နယ်တစ်ခုဖြစ်လာမယ်လို့ယုံကြည် မျှော်လင့်ပါတယ်။
မေး။ ။ ချင်းပြည်နယ်လူထုကဘာကိုတောင်းဆိုနေကြပါသလဲ။
ခုကာလကတော့ချင်းပြည်သူတွေဟာလက်ရှိကိုယ်ပိုင်ဥပဒေပြဌာန်းခွင့်အထူးသဖြင့်မြေယာနဲ့ ပတ်သတ်တဲ့ဟာတွေ၊ကျွန်တော်တို့ချင်းပြည်နယ်နဲ့ပတ်သတ်တဲ့ဘိုးဘွားပိုင်မြေတွေကိုမြေယာဥပဒေအရကျွန်တော်တို့ကပိုင်ဆိုင်ခွင့်မရှိဘူးအဲဒါကြောင့်ကိုယ်ပိုင်ဥပဒေပြဌာန်းခွင့်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ဖက်ဒရယ်ပြည်ထောင်စုကိုတောင်းဆိုနေကြပါတယ်။