ထုံးတမ်းစဉ်လာများအရ အမျိုးသမီးများ ရွေးကောက်ပွဲအသိပညာ သိရှိမှုအားနည်း

ထုံးတမ်းစဉ်လာများအရ အမျိုးသမီးများ ရွေးကောက်ပွဲအသိပညာ သိရှိမှုအားနည်း
by -
မူအက်စတာ
မူအက်စတာ — ထုံးတမ်းစဉ်လာများအရ နေရာတိုင်းတွင်ပါဝင်ဆွေးနွေးခွင့် ၊ တက်ရောက်ခွင့်နည်းခဲ့ကြရသည့် ကျေးလက် ဒေသဘက်မှ အမျိုးသမီးများသည် ရွေးကောက်ပွဲအသိပညာ သိရှိမှုပိုင်းမှာ အမျိုးသားများထက် အားနည်း နေသည်ဟု ရွေးကောက်ပွဲ အသိပညာပေးရေးဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ မဒိုမဲနီကာ ပြောပါသည်။

“ သေချာတာကတော့ အမျိုးသမီးတွေကော အမျိုးသားတွေကော စိတ်မဝင်စားကြပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ဝင်စားမှုပို အားနည်းနေတယ်လို့ ပြောလို့ရတယ်။ မဲစာရင်း သွားကြည့်ပါလို့  ပြောရင်တောင် ဘာလုပ်မလဲမေးလာကြတယ် ” ဟု မဒိုမဲနီကာ ကပြောသည်။
 
ဒေသဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့သည် ဖရူဆိုမြို့နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတချို့များတွင် ကွင်းဆင်းပြီး ရွေးကောက်ပွဲ အသိပညာ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသိပညာတို့ကို လိုက်လံ ပို့ချပေးချိန် လေ့လာ သုံးသပ်ချက် အရ သိရှိရသည်ဟု ကွန်ယက်မှ သတင်းရရှိသည်။

ရပ်ရွာဖွံ့ဖြိုးမှု အကျိူးစီးပွားအတွက် အစည်းအဝေးများ ပြုလုုပ်သည့်အချိန်၊ လူမှုအသင်းအဖွဲ့မှ သင်တန်းများ လာရောက်ပုုိ့ချ ပေးမှုများ စသည့်အချိန်များတွင် အမျိူးသမီးများ အများစုုသည် မအားမလပ်ဖြစ်နေကြရခြင်း ၊ အမျိုးသားများ၏ တာဝန်ဟုုသာ အမှတ်မှားနေကြခြင်း၊ မိမိ၏ အခွင့်အရေးကုုိ မသိကြခြင်းတုုိ့ကြောင့် ရွေးကောက်ပွဲ အသိပညာပေးဆုုိင်ရာ သင်တန်းများတွင်လည်း တက်ရောက်မှု နည်းနေကြသည်ဟုု သတင်းရရှိသည်။
 
 ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်း ဦးသဲရယ်က “ခေတ်အဆက်ဆက်က နိုင်ငံရေးအရ ဖိနှိမ့်မှုတွေလည်း ရှိတော့သူတို့က အရှေ့ကို မထွက်ရဲတာ တွေလည်း ရှိတယ်ပေါ့နော။ ပြီးတော့ နိုင်ငံရေးဆိုတာကြောက်စရာလို့ သူတို့ထင်နေကြတယ်။ အဲဒါကြောင့် သူတိုု့ပါ၀င်မှု နည်းတယ်” ဟုုဆုုိသည်။

ရွေးကောက်ပွဲ နောက်ဆုံးမဲစာရင်းကို ကပ်ထားသည်မှာ စက်တင်ဘာလ ၁၈ရက်နေ့မှ ၂၇ရက်နေ့ထိ ဖြစ်ပြီး ထိုနေ့များတွင် မဲစာရင်းပြင်ဆင်ခြင်း၊ နာမည်ဖြည့်စွက်ခြင်း ၊ ပယ်ဖျက်ခြင်း စသည်တို့ကို ဆောင်ရွက်နေသော် လည်း ၎င်းတို့က သွားရောက် ဖတ်ရှုရန် မသိကြောင်း ဟိုယာရွာမှ ဒေါ်စီစီးလျာကပြောသည်။
 
 “ မဲစာရင်းတွေ ကပ်ထားတယ်။ ဒါပေမယ့်သွားကြည့်ရမလား မသိပါဘူး ရွေးကောက်ပွဲနေ့မှ မဲသွားထည့် မယ်ပေါ့ ” ဟု ဒေါ်စီစီးလျာက ပြောသည်။
 
ထိုသို့ဖြစ်ရခြင်းမှာ ထုံးတမ်းစဉ်လာအရ အစည်းအဝေးတိုင်းတွင် အမျိုးသမီးများ နေရာမရခဲ့ခြင်းကြောင့် လည်း သက်ဆိုင်သည်ဟု  ဆိုပါသည်။
 
၎င်းတို့ကျေးရွာအတွင်း ပါတီဝင်များ မဲဆွယ်စည်းရုံးမှုများ ဆင်းသည့်အချိန်တွင် လာရောက် နားထောင်သည့် သူများမှာ အများအားဖြင့် အမျိုးသားများသာ လာရောက်၍ နားထောင်နေကြသည်ကို တွေ့ရှိရသည်။
 
ရွေးကောက်ပွဲအကြောင်း ပါတီကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးဆင်းသည့်အချိန်တွင် အမျိုးသားများ ကသာ ရှေ့ထွက်ပြီး အမျိုးသမီးများမှာ အိမ်တွင်ကျန်နေခဲ့ကြသည်။

 “မသိဘူး၊ အဲ့နေ့တုန်းက သူတို့ဘာလာပြောသွားလဲဆိုတာ မသိဘူး၊ ကျွန်မက အိမ်မှာပဲ ထမင်းချက်နေတယ် ၊အစည်းအဝေးကို ကလေးအဖေက သွားတက်တယ်” ဟု ဟိုယာကျေးရွာအုပ်စုဘက်မှ ဒေါ်ရောဇာက ပြောသည်။
 
ပါတီအများစု စည်းရုံးရေးဆင်းသည့်အချိန်တွင် အမျိုးသမီးများထက် အမျိုးသားများက တက်ရောက်မှုအား ပိုများ ကြောင်း သိရှရသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...