“ကျမတို့ လေ့လာကြည့်သလောက်တော့ ရပ်ကျေးတွေရဲ့ ပူးပေါင်းပါဝင်မှု အရမ်းအားနည်းနေတယ်။ တချို့ပြည်သူတွေ လာတော့ကြည့်ကြပါတယ် ဒါပေမယ့် နာမည်ပါလား မှားနေလားဆိုတာကို တချို့တွေကမသိကြဘူး။ ရပ်ကျေးကော်မရှင်က သူဟာသူနေပြီး လျစ်လျူရှုနေတယ်။ ပြည်သူတွေကို ဝန်ဆောင်မှုပေးတဲ့နေရာမှာ တော်တော်များများက အားနည်းနေကြတယ်” ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ မစန္ဒာဝင်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲမှ ထုတ်ပြန်ကြေညာချက်များအပေါ် အောက်ခြေကော်မရှင် အဖွဲ့ခွဲများက အကောင်အထည်ဖော်ပူးပေါင်းဆောင်ရွတ်မှုများ အလွန်းအားနည်းတာ ကိုတွေ့နေရတယ်လို့ မစနာဝင်းကပြောပါတယ်။
ရွေးကောက်ပွဲအရေး ကယားပြည်နယ်မှ လေ့လာစောင့်ကြည့်သူ ကိုမီရယ်ကလည်း ဝေးလံခေါင်ဖျားပြီး သတင်းအချက်အလတ်ရရှိမှု အားနည်းနေသည့်ကျေးရွာများသို့ ပညာပေးမှုကိုလည်း အစိုးရ ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက အလေးထားလုပ်ဆောင်ပေးသင့်သည်ဟု ဆိုသည်။
“လာမယ့်ရွေးကောက်ပွဲမှာလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတိုင်းပဲဖြစ်မယ်။ ဘာမှမထူးဘူးဆိုတဲ့ဟာမျိုုးရှိနေတော့ ရွေးကောက်ပွဲမှာ စိတ်ဝင်စားဖို့ခဲယဉ်းနေပြီ်” ဟု ၎င်းက ပြောသည်။
ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများကို တစ်အိမ်တက််ဆင်းပြုလုပ်နိုင်ရန် ဒီးမော့ဆို ဒေသခံလူငယ်များကိုခေါ်ပြီး အစီစဉ်ဆွဲထားကြောင်း မြို့နယ်ကော်မရှင် ဥက္ကဌ ဦးဦးရယ်ထံမှ သိရသည်။
“သူများထည့်သလိုပဲ လိုက်ထည့်ဖို့အနေထားရှိတာပေါ့။ ကျနော်တို့ ရွာဘက်ကတော့ စာပေနဲ့ ဗဟုသုတနည်းတယ်” ဟု ကိုမီရယ်မျိုးညွန့်က ပြောသည်။
ရပ်ကျေးကော်မရှင်အများစုသည်၂၀၁၀ရွေးကောက်ပွဲကော်မရှင်တုန်းက လူဟောင်းများဖြစ်နေကြသည့်အတွက် ပြည်သူများက ယခင်ပုံစံဟောင်းများကဲ့သို့ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြသည့်အတွက် ယုံကြည်မှုအားနည်းနေခြင်းတွေလည်း ရှိနေကြောင်း သိရသည်။
ကယားပြည်နယ်တွင် ယခုချိန်ထိ တရားဝင် လေ့လာစောင့်ကြည့်ခွင့်ကို ဒါနရှေ့ဆောင်မြန်မာတစ်ဖွဲ့တည်းသာ ရရှိထားကြောင်း သိရသည်။