Published
Sunday, March 09, 2025
ရခိုင်မှာ စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုဆက်လက်လုပ်ဆောင်နေ၍ ဒေသခံရဲ့လုံခြုံရေးနဲ့ဘဝတွေထိခိုက်နေ
- ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ ဘဝတွေထိခိုက်နေပါတယ်။
- ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့ပေါ်မှာ စစ်ကောင်စီနဲ့အတူ စီးပွားရေးလုပ်ကိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်ခရိုနီတွေရဲ့ နေအိမ်တချို့နဲ့ အစိုးရရုံးတွေကို အာရက္ခတပ်တော်က ချိပ်ပိတ်လိုက်ပါတယ်။
- ကျောက်ဖြူကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က နောက်ဆုတ်လိုက်၊ ပြန်လည်ထိုးစစ်ဆင်လိုက် အခြေအနေမှာရှိနေတယ်လို့ ဆိုပါတယ်။