- လိုင်ဇာမြို့အနီး ဂျေယန်စစ်ရှောင်စခန်းက မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တဲ့ တရားခံကို သက်ဆိုင်ရာ KIO တာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး စစ်ဆေးချက်အဖြေထုတ်ပြန်လာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
- ကွတ်ခိုင်မြို့နယ် မုံးစီးရွာအနီး ပိန်းခမ်းကျေးရွာမှာ ဒေသခံတွေကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ကိုးကန့်တပ်သားတွေကို ထုတ်ဖော်ပေးပြီး တရားမျှတအောင် ဆောင်ရွက်ပေးဖို့ ကိုးကန့်တပ် MNDAA ကို ဒေသခံတွေက တောင်းဆိုနေပါတယ်။
- မြစ်ကြီးနားမြို့နယ် ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက် ရွှေတူးဖော်မှုတွေနဲ့ သဲကျောက်ထုတ်ယူတာတွေကို တားမြစ်ပေးဖို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆီ ဒေသခံတွေ စာတင်ပြ တောင်းဆိုထားပေမဲ့ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။