Published
Monday, March 03, 2025
တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်က ကျောက်ဖြူမြို့မှာ မြို့သိမ်းတိုက်ပွဲစတင်
- တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်က ကျောက်ဖြူမြို့မှာ မြို့သိမ်းတိုက်ပွဲ စနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
- တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်း - ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးခြောက်ကြိမ် လာကြဲသွားပါတယ်။
- စစ်ကောင်စီက ၂၀၂၅ ခုနှစ်ထဲ လုပ်ဖို့ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို ထပ်မံရွှေ့ပြောင်းနိုင်ချေရှိနေတယ်လို့ မြန်မာ့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ BNI-MPM က ပြောဆိုလိုက်ပါတယ်။