ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုတွင် မိခင်တစ်ဦးအပါအဝင် ၃ ဦး သေဆုံး

ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုတွင် မိခင်တစ်ဦးအပါအဝင် ၃ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် နှစ်ရက် အတွင်း မီးနေသည် ကလေးမိခင်တစ်ဦး အပါအဝင် ၃ ဦး သေဆုံးသွားသည်ဟု တအောင်းအမျိုးသား လွှတ်မြောက် ရေးတပ်မတော်-TNLA က ပြောသည်။

စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မွေးဖွားပြီး ၃ ရက်သာ ရှိသေးသည့် ကလေးမိခင် (မီးနေသည်)တစ်ဦး၊ အသက် ၇၀ နှစ်အရွယ်  သက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့် အသက် ၅၀နှစ် ဝန်းကျင်ရှိ အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးသွားသည်။

ထိုအပြင် ယခုလို ဗုံးကြဲတိုက်ခိုက်မှုတွင် သံဃာတော်၂ ပါးနှင့် ဒေသခံပြည်သူ ၄ ဦး စုစုပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပြီး သကြားစက်ရုံနှင့် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)က နိုဝင်ဘာ ၃ ရက်နေ့တွင် ပြောသည်။

ယခုလို စစ်ကောင်စီကလေကြောင်းဖြင့် အရပ်သားများကိုပစ်မှတ်ထား တိုက်ခိုက်မှုများသည် လူ့အခွင့်အရေးကို နည်းမျိုးစုံဖြင့် ချိုးဖောက်မှုများသာဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်ဟန်က သုံးသပ်ပြောဆိုသည်။

“စစ်ကောင်စီက အရပ်သားတွေဘဲဖြစ်ဖြစ်၊ ဘုန်းကြီးတွေဘဲဖြစ်ဖြစ် ပေါ့နော်။ ဒီလိုလုပ်ရပ်တွေက နည်းမျိုးစုံနဲ့ လူ့ အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အထက်ပါဖြစ်စဉ်နှင့်အလားတူ နိုဝင်ဘာ ၂ ရက်နေ့ ညအချိန်တွင်လည်း စစ်ကောင်စီက နောင်ချိုမြို့နယ် သို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ နေအိမ် ၇ လုံး ထိခိုက်ပျက်စီး သွားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြိုနယ် သပြေရပ်ကွက်နေ ဦးသိန်းထွန်း အသက် (၆၀)နှစ် သေဆုံးခဲ့ပြီး အသက် ၅၀ နှစ်အရွယ် အမျိုး သမီးတစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားသည်ဟု TNLA က ထုတ်ပြန်ထားသည်။

December 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁...
December 23, 2024
ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ...
December 21, 2024
KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၄)၊ ဘိတ် - ထားဝယ်ခရိုင်၊ လယ်ဒိုစိုးနှင့်...
December 20, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊...