ကျားကလေး-ဇာသပြင်လမ်းပိုင်းရှိ စစ်ကောင်စီဂိတ်စခန်းများ ဒေသခံများအပေါ် ဖမ်းဆီးငွေညှစ်မှု များပြုလုပ်နေ

ကျားကလေး-ဇာသပြင်လမ်းပိုင်းရှိ စစ်ကောင်စီဂိတ်စခန်းများ ဒေသခံများအပေါ် ဖမ်းဆီးငွေညှစ်မှု များပြုလုပ်နေ

ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင် ဝင်ထွက်သွားလာကြသော ဒေသခံများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင် နေကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်း၊ မင်းရွာ၊ ဘုရားကုန်း၊ သရနာကျေးရွာများမှ မွန်တိုင်းရင်းသား ဒေသခံ များ ဖားအံမြို့နှင့် ဇာသပြင်ကျေးရွာအုပ်စုဘက် စစ်ဘေးရှောင် ရွှေ့ပြောင်းနေထိုင်သွားလာကြရာတွင် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များက ယခုအောက်တိုဘာလအတွင်း လိုင်စင်မဲ့ကား/ ဆိုင်ကယ် စီးသည်ဟုဆိုကာ ဖမ်းဆီးငွေညှစ်တောင်းယူပြီးမှ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း ဒေသခံရွာသားများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံရွာသား သတင်းအရင်းအမြစ်တစ်ခုက “စစ်တပ်က ခရား၊ သံလှယ်၊ ကျား ကလေးလမ်းမှာက ဇာသပြင်အထိ ဂိတ်ကမနည်းဘူးလေ။ သရဏာ ၊ မင်းရွာ၊ ဘုရားကုန်းဘက်က ဖားအံဘက် ဇာသပြင်ဘက်၊ ရှောင်လာတဲ့ကားတွေ ဆိုင်ကယ်တွေကို လိုင်စင်မဲ့ဆိုပြီးသိမ်းတယ်။ ဖမ်းတယ်။ ငွေသိန်းဆယ်ချီပေးမှပြန်ပေးတယ်။ ဆိုက်ကယ် ၅ သိန်း၊ ၃ သိန်း၊ ကားဆို ဆယ်သိန်း၊ တော်တော်ထိကျတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ကော့ဘိန်းရဲစခန်းသိမ်း တိုက်ပွဲဖြစ်ပွားချိန်တွင် နေအိမ်ပိတ် နေရပ်စွန့်ခွာခဲ့ကြစဉ် အိမ်ရှိ ပစ္စည်းများ၊ ဆိုင်ကယ်များ၊ ကားများခိုးယူခံရသည့် ဖြစ်စဉ်ရှိခဲ့သဖြင့် ယခု စစ် ဘေးရှောင်ရာတွင် နေအိမ်ပစ္စည်းများပါသယ်ဆောင် ပြောင်းရွှေ့ကြသည့်အတွက် ယခုလို လမ်းစစ်ဆေး ရေးဂိတ်များမှ ဖမ်းဆီးငွေညှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ရှောင်လို့ အိမ်မှာဘာမှချန်မထားရဲဘူး။ ရွာမှာလည်း စစ်တပ်နဲ့ ပြည်သူစစ်နဲ့ နောက်ပြီးတော့ စစ်တပ်နဲ့ ပေါင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တွေက အိမ်တွေချန်ခဲ့တာကို အကုန်ဝင်ယူကြတာဆိုတော့ တော်တော်ဆိုးပါတယ်။ ပြီးခဲ့တဲ့ကော့ ဘိန်းရဲစခန်း တိုက်ပွဲတုန်းကဆိုရင် ဆိုင်ကယ်တွေကားတွေရာချီ တယ်လေ။ အကုန်သယ်ပြီးအခိုးခံရတာ။ အခုကျ တော့အိမ်မှာဘာမှချန်မထားခဲ့ရဲတော့ဘဲအကုန် တင်ပြီး သယ်လာတော့ဖမ်းတယ်ဆိုပြီး ငွေညှစ်တာမျိုးပေါ့ဗျာ” ဟု နောက်ထပ် ဒေသခံရွာသား တစ်ဦးကလည်း ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်မှစပြီး ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောနှင့် ကျုံဒိုး ခြေလျင်တပ်ရင်း-ခလရ ၅၄၅ တပ်ရင်း မှ လက်နက်ကြီးများဖြင့် မွန်တိုင်းရင်းသားကျေးရွာများဘက် လက်နက်ကြီး ပစ်ခတ်မှုများလုပ်ဆောင်ပြီး ဒေသတွင်းသန်းခေါင်စာရင်းကောက်ယူနေကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်တပ်က လက်နက်ကြီးပစ်ခတ်နေသည့်အတွက် KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနိုင်သည့် အခြေအနေကြောင့် ဒေသခံရွာသားများဇာသပြင်၊ ကျုံဒိုး၊ ကျားကလေး၊ ထုံးအိုင်၊ ကော့လှိုက်ကျေးရွာများ ဘက်စစ်ဘေးရှောင်တိမ်းမှုများ နေ့စဉ်ရွှေ့ပြောင်းနေကြကြောင်း သတင်းအရင်းအမြစ်များက ပြောသည်။

Most read this week

October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...