ရှမ်းနီတိုင်းရင်းသားများ အခြေချနေထိုင်ရာ ဒေသများအားလုံးနီးပါး ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်နေဆဲဖြစ်

ရှမ်းနီတိုင်းရင်းသားများ အခြေချနေထိုင်ရာ ဒေသများအားလုံးနီးပါး ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်နေဆဲဖြစ်

ရှမ်းနီတိုင်းရင်းသားများမျိုးနွယ်စုများနေထိုင်အခြေချရာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသနဲ့  ကချင်ပြည်နယ်က ဒေသတချို့မှာ ဖုန်းလိုင်းနှင့်အင်တာနက်များ ပြတ်တောက်မှုတွေဖြစ်ပေါ်နေဆဲဖြစ်တယ်လို့ စုစည်းထားတဲ့ သတင်းအချက်အလက်တွေအရသိရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းက ဟုမ္မလင်း ၊ ဗန်းမောက် ၊ ပင်လည်ဘူး ၊ ဝန်းသို ၊ ကသာ ၊ ထီးချိုင့် ၊ ကောလင်း ၊ ဖောင်းပြင်  မြို့နယ် နဲ့ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာမှာ လိုင်းပြတ်တောက်နေဆဲဖြစ်ပါတယ်။

“ အခက်အခဲကတော့ ဘဏ် ငွေလွှဲတာပေါ့နော့် ငွေလွှဲတာတို့တွေလုပ်လို့မရဘူး ပုဂ္ဂိလကဘဏ်တွေမှာသွားပြီးလုပ်လို့မရတော့ဘူး။ စီးပွားရေးလုပ်တဲ့ လုပ်ငန်းမှာ ကော်နက်ရှင်ပျက်သွားတော့် တော်တော်အခက်အခဲဖြစ်တာပေါ့ အဲ့ကိစ္စက ကြပ်သွားတာပေါ့” လို့ မံစီဒေသခံ တစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်မှုကြောင့် ဆက်သွယ်ရေးအခက်အခဲကြုံပြီး အချင်းချင်း ဆက်သွယ်နိုင်ရေးအတွက် လူကြုံနဲ့ စာပါးပေးပို့တာ ၊ လေကြောင်းလိုင်းတွေကနေ စာပို့တာတွေ လုပ်ဆောင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဖုန်းလိုင်းတွေပြတ်တဲ့အခကျတော့ လေယာဉ်နဲ့ စာပို့တဲ့ ကဏ္ဍတွေပြန်သုံးရတာပေါ့ ၊ ဟိုခေတ်ကလည်း ဒါမျိုးတွေပဲ သုံးခဲ့ကြရတယ်ဆိုတော့ အခုလည်းအဲ့လိုပဲ “ လို့ သူကဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း  ကောလင်းခရိုင်အတွင်းက ကောလင်းမြို့နယ် ၊ ဝန်းသိုမြို့နယ်  ၊ ပင်လည်ဘူးမြို့နယ် တွေဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ ကတည်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေတာ ၃ နှစ်ကျော်အထိရှိလာပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းနီတိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ ခန္တီးခရိုင်  ခန္တီးမြို့နယ် နဲ့ ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ်များတွေက  စစ်ရေးပဋိပက္ခဖြစ်ပွားရာနေရာဒေသတွေမှာ ၂၀၂၃ ခုနှစ်အစောပိုင်းကတည်းက ဖုန်းလိုင်းနှင့် အင်တာနက်များ အမြန်နှုန်းများ လျော့ချခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ပထမအပတ်မှာတော့ ခရိုင်လုံးအတိုင်းတာဖြင့် ပြတ်တောက်သွားခဲ့တာလဲဖြစ်ပါတယ်။

ကသာခရိုင်တွင်းက  အင်းတော်မြို့၊ ကသာမြို့နယ်များ၊ ထီးချိုင့်မြို့နယ် နှင့် ဗန်းမောက်မြို့နယ်တွေမှာ ၂၀၂၂ ခုနှစ် မတ်လ ပထမ အပတ်ကတည်းက ခရိုင်လုံးအတိုင်းတာဖြင့် ပြတ်တောက်သွားခဲ့တာဖြစ်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA)  ထိန်းချုပ်ရာ ဗန်းမောက်မြို့နယ် အနောက်ပိုင်း ဒေသအချို့အနည်းငယ်မှာတော့ ဖုန်းလိုင်းများရရှိသေးတယ်လို့ သိရပါတယ်။

မော်လိုက်ခရိုင်တွင်း မော်လိုက်မြို့နယ်များနှင့် ဖောင်းပြင်မြို့နယ် နှင့် တမူးခရိုင်တွင်းက ခမ်းပတ်နှင့် မြို့သစ်တွေတွေမှာလည်း ၂၀၂၂ ခုနှစ် မတ်လ ကတည်းက ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့တာလဲဖြစ်ပါတယ်။

မိုးညှင်းခရိုင်တွင်း ဖားကန့်မြို့နယ်မှာ ၂၀၂၁ ခုနှစ် ဩဂုတ်လကတည်းက အင်တာနက်လိုင်းများပြတ်တောက်ခဲ့တာလဲဖြစ်ပြီး လက်ရှိချိန်ထိ ဖွင့်လှစ်ပေးခြင်းမရှိသေးပါဘူး။

မိုးညှင်းခရိုင်တွင်းပါဝင်တဲ့ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် , ဗန်းမော်ခရိုင်တွင်းပါဝင်တဲ့ မိုးမောက်၊ ဗန်းမော်၊ မံစီ၊ ရွှေကူ၊  မြစ်ကြီးနားခရိုင်တွင်းပါဝင်တဲ့ မြစ်ကြီးနား ၊ ဝိုင်းမော် နှင့် တနိုင်းခရိုင် စသည့်ဒေသများအားလုံး ယခု ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ပြီး ဖုန်းလိုင်း နှင့် အင်တာနက်များအားလုံးပြတ်တောက်သွားခဲ့ပါတယ်။

လက်ရှိ ဆက်သွယ်ရေးရုံးအနီးတဝိုက်မှာ ဖုန်းလိုင်းတချို့ ပြန်လည်ဖွင့်လှစ်ပေးထားတာရှိတယ်ဆိုပေမယ့် ဆက်သွယ်ပြောဆိုနိုင်ဖို့ ခက်ခဲနေဆဲလည်းဖြစ်ပါတယ်။

Most read this week

October 3, 2024
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ရသူတွေကို...
September 30, 2024
စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် ဆက်သွယ်ထားသည့် မန္တလေး-မြစ်ကြီးနား...
September 27, 2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းက မိုးညှင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်ရှိ တောင်သူတွေဟာ...
September 25, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နဲ့ ဆိပ်မူကျေးရွာတွေကနေ မြို့ကြီးတွေဆီဘက်ကို အခုရက်ပိုင်းမှာ...