မန္တလေးကနေ ရေကြောင်းနဲ့တက်လာတဲ့ စစ်ကောင်စီရဲ့အင်အားဖြည့် စစ်သင်္ဘောတစ်စီး ဗန်းမော်မြို့ကိုရောက်ရှိ

မန္တလေးကနေ ရေကြောင်းနဲ့တက်လာတဲ့ စစ်ကောင်စီရဲ့အင်အားဖြည့် စစ်သင်္ဘောတစ်စီး ဗန်းမော်မြို့ကိုရောက်ရှိ

- မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်က ရပ်ကွက်တာဝန်ရှိသူတွေကို စစ်သင်တန်းပေးနေတာတွေပြုလုပ်နေပြီး မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်း မြစ်ဆုံတစ်ဝိုက် စစ်အင်အားတွေ ပုံမှန်လှုပ်ရှားသွားလာပြီး လုံခြုံရေးယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  

- ဗန်းမော်မြို့အနီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး မန္တလေးကနေ ရေကြောင်းနဲ့တက်လာတဲ့ စစ်ကောင်စီရဲ့အင်အားဖြည့် စစ်သင်္ဘောတစ်စီး ဗန်းမော်မြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။  

-  မြန်မာပြည်အကျပ်အတည်းကြောင့် ပညာရေးရှေ့ဆက်နိုင်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်လာကြတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေက Kachin University Students Association (KUSA)ကို ဖွဲ့စည်းထားပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းလာရသလဲ၊ ကချင်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေအတွက် ဘာတွေကို ကူညီလုပ်ဆောင်ပေးနေသလဲဆိုတာကိုလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။

January 11, 2025
- ဗန်းမော်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ဦးရေ တစ်သောင်းခွဲမှာ...
January 10, 2025
- ချင်းပြည် ဖလမ်းမြို့နယ် Khuanglung(ခွမ်လုံ)ကျေးရွာက စစ်သုံ့ပန်းတွေထားရှိတဲ့နေရာကို စစ်ကောင်စီက...
January 8, 2025
- အခု ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်သလို အောင်မြင်မှုရတဲ့အထိ...
January 8, 2025
- ရိုးရာဖက်ရှင်အလှတွေနဲ့ ရိုးရာယဉ်ကျေးမှု ဘာသာစကားကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ Miss &...