စစ်တွေတွင် အရပ်သားများကို စစ်ကောင်စီက လိုက်ဖမ်းနေ (ရွှေပြားရပ်ကွက်တစ်ခုတည်းက ၇၀ ကျော်ခန့် ဖမ်းဆီးခံရဟုဆို)

စစ်တွေတွင် အရပ်သားများကို စစ်ကောင်စီက လိုက်ဖမ်းနေ (ရွှေပြားရပ်ကွက်တစ်ခုတည်းက ၇၀ ကျော်ခန့် ဖမ်းဆီးခံရဟုဆို)

ရခိုင်ပြည် စစ်တွေမြို့ ရွှေပြားရပ်ကွက် အပါအဝင် ကမ်းနားလမ်းတစ်လျှောက်မှ အရပ်သား အများအပြားကို ယနေ့ ညနေက စစ်ကောင်စီက စစ်ကား ၇ စီးဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မျက်မြင် ရွှေပြားရပ်ကွက်သား တစ်ဦးက " ကျနော်တို့ ရပ်ကွက်ကဆိုရင် အယောက် ၇၀ ကျော် လောက် ရှိမယ်ထင်တယ်။ ဒီနေ့ ညနေပိုင်း ၃ နာရီလောက်မှာ ဝင်ဖမ်းသွားတာ။ စစ်ကောင်စီ စစ်သား ၃၀ ကျော်က စစ်ကား ၇ စီးနဲ့ လာရာက်ပြီး ဝင်ရောက် ဖမ်းဆီးသွားပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူ ၇၀ ကျော်အထဲတွင်  ဦးဦးသာကျော် (၆၆)နှစ်၊ ကိုပလာတူး (၄၀)နှစ်၊ ကိုကြိုးကြာ အသက် (၁၈)၊ ကိုကြိုးကြာဖခင် (၄၀)နှစ်၊  ကိုမောင်မျိုး အသက် (၄၀) ကျော်နှင့် ကိုနဒီ အသက် (၄ဝ) ဝန်းကျင်တို့ ပါဝင်သည်ဟု ဆိုသည်။

ရွှေပြားရပ်ကွက်သာမက စစ်‌တွေမြို့ စာတိုက်နားရှိ  သူနာပြုအိမ်ရာနားကနေ ကမ်းနားလမ်း တောက်လျှောက်က လူတွေကို လိုက်ဖမ်းသည်ဟု ကြားသိရသည်ဟု ၎င်းက ဆက်ပြောသည်။

" အခုက ကမ်းနားလမ်းတောက်လျှောက်ဖမ်းနေတာဗျာ။ ဘာလို့ဖမ်းနေတာလဲဆိုတာ ကျနော် မသိဘူး။ သူတို့ပဲ သိမယ်။ ဖမ်းဆီးခံရသူတွထဲမှာ အမျိုးသမီးတွေလည်းပါတယ်။ အမျိုးသားတွေ များတယ်။"

ဖမ်းဆီးခံရသူများကို မည်သည့် နေရာသို့ ယူဆောင်သွားသည်ကို မသိရသေးကြောင်း ၎င်းက ပြောကြားသည်။

လွတ်မြောက်‌ ‌နယ်မြေရောက် စစ်တွေဒေသခံ လူငယ်တစ်ဦးက "စစ်ကောင်စီက အေအေဆီမှာ စစ်ရှုံးနေတယ်။ ဘာလို့မှာ တိုက်မနိုင်ဖြစ်နေတော့ သူနိုင်တဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာပဲ။ စစ်ကောင်စီ အနေနဲ့ ပြည်သူကို ပြည်သူလို မြင်ဖို့ လိုတယ်ဗျာ" ဟု ပြောသည်။

ယခု ဖမ်းဆီးမှုနှင့် စစ်တွေမြို့နယ်ရဲစခန်းနှင့် မြို့မရဲစခန်းအား ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် ဖမ်းဆီးခံရသည့် လူအရေအတွက်ကို အတိအကျ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

စစ်တွေမြို့ပေါ်တွင် လက်ရှိ အချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော် စစ်တွေမြို့နယ် အရှေ့ မြောက်ဘက် မင်းလှကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ သည် ဩဂုတ် ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေး တင်းမာနေသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ အလောင်း ၃၀ ကျော်နှင့် လက်နက် ၅၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟု  AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။

ထိုသို့ စစ်ရေး တင်းမာနေချိန်တွင် ရဲနှင့်စစ်တပ်သည်  အပြစ်မဲ့ အရပ်သားများအား အကြောင်း အမျိုးမျိုးပြကာ ဖမ်းဆီးနေရပြီး အချို့ဖမ်းဆီးခံရသူများကို ငွေကြေးဖြင့် ရွေးခိုင်းကာ အချို့မှာ လည်း ငွေကြေး မတတ်နိုင်သဖြင့် မိသားစုဝင်များနှင့် အဆက်အသွယ် မရ ပျောက်ဆုံးနေသူများလည်း ရှိကြောင်း  သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်ပြီ; ရွာသူ/ရွာသား များအား ဖမ်းဆီးကာ ထိုအထဲမှ  (၇၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ပြီး လူပေါင်း ၃၀၀ကျော်ကို စစ်ကောင်စီ ခလရ (၂၀) တပ်ရင်းကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

စစ်ကောင်စီသည် စစ်တွေမြို့အား နောက်ဆုံးခံတပ်အဖြစ် စစ်ရေးအရ အကြီးအကျယ်ပြင်ဆင်နေပြီး ကမ်းနားလမ်း တောက်လျှောက်လုံးကို ခြံစည်းရိုးခတ်ထားသည့်သာမက လုံခြုံရေး ပိုမိုတင်းကျပ်ပြီး  လမ်းသွားလမ်းလာများကို စစ်ဆေးနေသည်ဟု သိရသည်။

မြို့သူ မြို့သားများကိုလည်း မြို့ကနေ ထွက်သွား၍မရအောင် ပိတ်ဆို့ထားပြီး ဓားစာခံများအဖြစ် အသုံးချထားသည်ဟု သိရသည်။

Most read this week

September 18, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်းရှိ ရွှေပြည်သာကျေးရွာမှ နှင်ထုတ် ခံခဲ့ကြရသည့်...
September 17, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ လူပေါင်း ၇၀ ကျော်အထဲမှ အမျိုးသမီးများနှင့်...
September 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာမှ ကျေးရွာသူ/သားများကို စစ်ကောင်စီတပ်က...