တောင်ငူမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူ ထောင်ချီရှိလာပြီး ကယ်ဆယ်ရေးစခန်း ၁၀ ခုကျော် ဖွင့်လှစ်ထားရ

တောင်ငူမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူ ထောင်ချီရှိလာပြီး ကယ်ဆယ်ရေးစခန်း ၁၀ ခုကျော် ဖွင့်လှစ်ထားရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တောင်းမြစ် ရေမြင့်တက်လာမှုကြောင့် အရေးပေါ်ပြောင်းရွှေ့နေရသည့် ရေဘေးသင့်ပြည်သူ ထောင်နှင့်ချီရှိလာပြီး ယာယီခိုလှုံရန်ကယ်ဆယ်ရေးစခန်း (၁၀) ခုကျော် ဖွင့်လှစ်ထားရကြောင်း မြို့နယ်လူမှု ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ရေလွှမ်းမိုးမှုဖြစ်ပွား‌နေသည့် မြစ်အနီး၊ မြေနိမ့်ပိုင်းတွင် ဒိုးအင်း၊ ဆင်ရွာ(အရှေ့)၊ ကျေးအင်း၊ ထုံးဘို၊ ကွမ်းသီးပင်၊ သဖန်းပင်၊ ချောင်းကမ်း၊ လက်ပံတံခါးနှင့် သရက်တော အစရှိသဖြင့် ကျေးရွာ ပေါင်း(၃၀)ဝန်းကျင်ရှိသည်။

ထိုရွာများတွင် ရေကြီးရေလျှံမှုနှင့်ရင်ဆိုင်နေရသည့် ပြည်သူထောင်နှင့်ချီရှိလာပြီး ၎င်းတို့အား ရေဘေး ကယ်ဆယ်ရေးစခန်းများနှင့် ဘေးလွတ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများသို့ သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့အလိုက် တာဝန်ယူပြောင်းရွှေ့ပေး‌နေသည်ဟု မြေပြင်ကယ်ဆယ်ရေးလုပ်‌ဆောင် သူများက ပြောသည်။

T Rescue လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ ကျနော်တို့အဖွဲ့ တာဝန်ယူရ တဲ့အပိုင်းမှာတော့ အိမ်‌ထောင်စု ‌အနေနဲ့ (၁,၅၀၀) ကျော်၊ လူဦးရေကတော့ (၃,၀၀၀) ဝန်းကျင်လောက် ရှိတယ်။ ကယ်ဆယ်ရေးစခန်းကတော့ ကျနော့်အဖွဲ့က (၄) နေရာလောက် တာဝန်ယူထားတယ်။ အဖွဲ့ အလိုက် ခွဲပြီး တာဝန်ယူကြတာပေါ့ “ ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းသဖြင့် နေပြည်တော်နယ်‌မြေရှိ ဆင်သေဆည် ရေလွှတ် ချမှု အပါအဝင်တောင်ကျချောင်းရေများကြောင့် စစ်တောင်းမြစ်‌ရေမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန် လာရာ ဖော်ပြပါကျေးရွာများတွင် နေအိမ်ခေါင်မိုးအထိ ရေနစ်မြှုပ်နေပြီး ကယ်ဆယ်ရေး လုပ်ဆောင်ရာ တွင်လည်း အခက်အခဲတွေ့ကြုံရကြောင်း မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်သူများထံမှ သိရသည်။

“ရွာ (၈) ရွာလောက်က တော်တော်ရေလွှမ်းနေတယ်။ စပိဘုတ်တို့ စက်လှေတို့ သုံးပြီး ရွာထဲနေ ရွှေ့ ပြောင်းပြီး ပို့ပေးနေတယ်။ ပိတ်မိနေတဲ့ လူတွေကို ခုလက်ရှိ ကယ်ဆယ်နေတယ်။ ရေကျော်တဲ့ နေရာ တွေဆို လမ်းခရီးအသွားအလာတွေမှာ ကယ်ဆယ်ရေးလုပ်ရတာ အခက်အခဲရှိတယ်။ ” ဟု Save the Trees ကယ်ဆယ်‌ရေးအဖွဲ့မှ အဖွဲ့ဝင်အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် တောင်ငူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အကူအညီ ပေးရေးနှင့် နေရာချထားရေးအတွက် မြို့နယ်အခြေစိုက် ပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့ ဝင်များအပါအဝင် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက် ပေးနေခြင်းဖြစ် သည်ဟုလည်း ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

တောင်ငူခရိုင်အတွင်း တောင်ငူမြို့နယ်အပြင် ရေတာရှည်မြို့နယ် အတွင်းရှိ ကျေးရွာများ၊ ထန်း တပင်မြို့နယ်၊ ထန်းတပင်မြို့တို့အထိ ရေရောက်ရှိဖုံးလွှမ်းနေသည့်အတွက် ကယ်ဆယ်ရေးအင်အား အများအပြားသုံး ကူညီပေးနေသော်လည်း ပိတ်မိနေသည့်ပြည်သူအချို့ ကျန်ရှိနေသေးသည်ဟု ရေဘေးသင့်ပြည်သူများက လူမှုကွန်ရက်မှတဆင့် အကူအညီတောင်းခံချက်အရ သိရသည်။

ယနေ့ မွန်းလွဲပိုင်းအချိန်ထိ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေပြီး စက်တင်ဘာလ(၁၄)ရက်နေ့အထိ  စိုး‌ရိမ်ရေအမှတ်အထက် (၃)ပေခန့်တွင် ဆက်လက်တည်ရှိနိုင်ကြောင်းလည်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝဿနှင့်ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

September 17, 2024
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ...
September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...
September 16, 2024
မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အများစုရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့...
September 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး...