Published
Monday, September 09, 2024
သံတွဲမြို့နယ်ထဲက မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော် AA က ပထမဆုံးအနေနဲ့ သိမ်းပိုက်
- ရှမ်းပြည်မြောက်ပိုင်းထဲက နမ့်ခမ်းမြို့နဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၈ ယောက်အပါအဝင် အရပ်သား ၁၈ ယောက်သေဆုံးခဲ့ပါတယ်။
- ရခိုင်ပြည် သံတွဲမြို့နယ်ထဲက ရေတပ်စခန်းတစ်ခုကို အာရက္ခတပ်တော် AA က ပထမဆုံးအနေနဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
- မြန်မာငွေတန်ဖိုးကျဆင်းလာတဲ့အတွက် ထိုင်း-မြန်မာနယ်စပ် ကရင်နီပြည်ထဲက စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေ စားနပ်ရိက္ခာ ဝယ်ယူရရှိဖို့ ပိုခက်ခဲလာနေပါတယ်။