ထီးချိုင့်မြို့နယ် မောင်းကုန်းရွာကို လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူချို့သေဆုံးမှုရှိ

ထီးချိုင့်မြို့နယ် မောင်းကုန်းရွာကို လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူချို့သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာကို စစ်ကောင်စီက စက်တင်ဘာလ ၁  ရက်နေ့မှာ လေကြောင်းနဲ့  ၂ ကြိမ် ဗုံးကြဲ တိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူ အရပ်သား ၆ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။

မောင်းကုန်းကျးရွာရှိ ပိပိယိယိ မြန်မာထမင်းဆိုင် နဲ့  ဇာခြည်ဦးဆိုင်ရှေ့ ဆီပေပါတင်ထားတဲ့ ကားအနီး လေကြောင်းမှ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူတစ်ချို့ထိမှန်သေဆုံးမှုရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ပိပိိရိရိထမင်းဆိုင်၊ ကားတစ်စီးပါသွားတယ်။ မောင်းကုန်းထမင်းဆိုင်လေ၊ လူထိတာတွေကိုတော့ သေချာမသိဘူး။ တိုက်လေယာဉ်နဲ့ချသွားတာ အဲ့ဒီတစ်ဆိုင်တည်း” လို့ သူက ပြောပါတယ်။

မောင်းကုန်းကျေးရွာမှာ  စစ်ကောင်စီက  လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း  ထီးချိုင့်မြို့နယ် တော်လှန်ရေးသတင်းများကို ဖော်ပြနေတဲ့ Tigyaing Revoluation - TR က ရေးသားထားပါတယ်။

ဒါ့အပြင် တရုတ်ကြေးနီစီမံကိန်းရဲ့ အဝင်ဂိတ် အနီးမှာလည်း ဗုံးကျရောက်မှုရှိခဲ့တယ်လို့ Tigyaing Revoluation - TR  က ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူသေဆုံးမှုများကာ  သေဆုံးသူတွေရဲ့ အမည်ကို မသိရသေးဘူးပါဘူး။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့နေရာဟာ  မောင်းကုန်းကျေးရွာစျေးအနီးမှာဖြစ်ပြီး  အများပြည်သူ  ဝင်ထွက်သွားလာတဲ့ နေရာဖြစ်တယ်လို ဒေသခံ သတင်းအရင်းအမြစ်တွေဆီ ကသိရပါတယ်။

မောင်းကုန်းကျေးရွာဟာ ဇူလိုင်လအတွင်းမှာ စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် NUG က ကြေညာထားပြီး တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တကောင်းနီကယ်ကြေးနီစီမံကိန်းရှိရာ ကျေးရွာလည်းဖြစ်ပါတယ်။

KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ဟာ သြဂုတ်လ ၂၂ ရက်နေ့တွင်  ထီးချိုင့်မြို့နယ် မြတောင်ကျေးရွာ နှင့် ထီးချိုင့်တံတား(ဧရာဝတီမြစ်ကူးတံတား)  ကာကင်းစခန်းကို သိမ်းပိုက်ထားပါတယ်။

September 17, 2024
ဖားကန့်မြို့နယ်မှာ  စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း...
September 12, 2024
ထီးချိုင့်မြို့နယ် ပသုံးလုံးအဖွဲ့ကိုဆန္ဒပြတဲ့ဖြစ်စဉ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ကို...
September 5, 2024
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာရှိတဲ့...
September 4, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံအထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့...