ဗန်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်က လယ်ဧက(၈)ရာနီးပါး ရေနစ်မြှုပ်ပျက်စီးနေ

ဗန်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်က လယ်ဧက(၈)ရာနီးပါး ရေနစ်မြှုပ်ပျက်စီးနေ

ဗန်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်အတွင်းက လယ်ဧက(၈)ရာနီးပါးဟာ ဧရာဝတီမြစ်ရေကြီးရေလျှံမှုတွေကြောင့်  ရေနစ်မြှုပ်ဆုံးရှုံးနေပြီဖြစ်တယ်လို့  ဒေသခံများထံကနေ သိရပါတယ်။

ရွှေကျီးနားရပ်ကွက်ရှိ လယ်များအပါအဝင် ဗန်းမော်မြို့နယ်အတွင်းက တာမိုင်းလုံကျေးရွာ၊ မိုးဖိန်းကျေးရွာ၊  မိုးမောက်မြို့နယ်အတွင်းက  မိုးမောက်လယ်ယာကွင်းအားလုံးနီးပါး ရေနစ်မြှုပ်နေတာ (၁၀)ရက်ကျော်ခန့်ရှိလာပြီဖြစ်တယ်လို့ ဗန်းမော်မြို့နယ်က တောင်သူတစ်ဦးကပြောပြပါတယ်။

“အနေအထားက ပြန်စိုက်ရမယ့်သဘောတော့ရှိတယ် အခုဟာက ပုတ်နေတဲ့သဘောလည်းရှိနေတယ် ရက်ကတော့ တော်တော်ကြာနေပြီ (၁၀)ရက်ဝန်းကျင်ရှိနေပြီ တချို့ဆို (၁၀)ရက်တောင်ကျော်နေလောက်ပြီ စပါးက(၁၀)ရက်လောက်ပဲခံတာလေ  ပျက်စီးနေလောက်ပြီ ပျက်စီးတဲ့ရာခိုင်နှုန်းကတော့ ၈၀ရာခိုင်နူန်းလောက်ရှိသွားပြီ” လို့  သူကဆိုပါတယ်။

ဗန်းမော်ခရိုင်အတွင်းက ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ကာ   ရေကြီးရေလျှံမှုဖြစ်ပွားနေတာဟာ တစ်ပတ်တင်းတင်းရှိလာပြီဖြစ်ပြီး လယ်ယာမြေတွေထဲ ရေဖုံးလွှမ်းနေတာကတော့ ဆယ်ရက်ကျော်ရှိလာပြီလည်း ဖြစ်ပါတယ်။

ဒေသတွင်းက လယ်စပါးတွေဟာ  စိုက်ပျိုးပြီးပြီးချင်းမှာပဲ အခုလိုရေနစ်မြှုပ်ဖုံးလွှမ်းခဲ့တာကြောင့် အခြေမခိုင်သေးပဲဲ ပိုမိုပျက်စီးမှုများတာဖြစ်တယ်လို့လည်း သိရပါတယ်။

“ ကျွန်တော်တို့ကတော့ ရေလျော့သွားရင် ပြန်ပြီးမှထွန်ယက်ပြန်စိုက်ရမှာပါ့အေး အချိန်မှီရင်မှီသလိုတော့  လုပ်ရမှာပေါ့ ရေကျသွားရင်တော့ အချိန်မှီမလားမမှီမလားမသိသေးဘူး ကျွန်တော်တို့အခုက လောလောဆယ်ပြောဖို့တော့နည်းနည်းတော့စောသေးလားလို့လေ ရေကပြန်ထပ်လာရင် ကျွန်တော်တို့ကပတ်ကြဲဆိုတော့ စောလေကောင်းလေဖြစ်တဲ့အခါကြတော့ အခုကတော့နည်းနည်းလေးတော့ အချိန်တော့လုရတော့မှာ အခုလျော့ရင်တော့မှီနိုင်သေးတယ်’ ဟု သူကဆက်ပြောပြပါတယ်။

အခုနောက်ပိုင်းမှာ စပါးကို တိုက်ရိုက်မျိုးချတဲ့စနစ် တစ်တန်ကြဲ(ပတ်ကြဲ)ကိုသာ အသုံးပြုစိုက်ပျိုးနေကြတာဖြစ်ပြီး ရေပြန်လည်လျော့ကျသွားတဲ့ချိန် နောက်ကျပြီး ပြန်လည်စိုက်ပျိုးလို့မရတော့မှာကို စိိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်းမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေအနည်းငယ်ကျဆင်းလာပြီဖြစ်သော်လည်း လယ်ယာမြေတွေကိုတော့ ရေများဖုံးလွှမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဗန်းမော်နဲ့ မိုးမောက် နှစ်မြို့နယ် ပေါင်း မိုးစပါးစိုက်ပျိုးမှုဟာ နှစ်စဉ် ဧက ငါးသောင်းကျော်ရှိနေတာတယ်လို့ ဒေသဆိုင်ရာအချက်အလက်အရ သိရပါတယ်။

September 30, 2024
စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် ဆက်သွယ်ထားသည့် မန္တလေး-မြစ်ကြီးနား...
September 27, 2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းက မိုးညှင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်ရှိ တောင်သူတွေဟာ...
September 25, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နဲ့ ဆိပ်မူကျေးရွာတွေကနေ မြို့ကြီးတွေဆီဘက်ကို အခုရက်ပိုင်းမှာ...
September 23, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ စက်တင်ဘာလဒုတိယအပတ်အတွင်း ...