Published
Friday, July 05, 2024
မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်
- ချင်းပြည်တောင်ပိုင်းမှာ အကြီးဆုံးသော စစ်ဗျူဟာအခြေစိုက်ရာ မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။
- ချင်းပြည်မြောက်ပိုင်း တွန်းဇံမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် တစ်လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ မြို့ခံပြည်သူအများစုမှာ အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။
- ချင်းပြည် တွန်းဇံမြို့သိမ်းစစ်ဆင်ရေးမှာ ဒဏ်ရာရှိထားတဲ့စစ်ကောင်စီရဲဘော် ၃ ဦးကို သတ်ဖြတ်မှု ကျူးလွန်တဲ့တပ်ဖွဲ့ဝင်တွေကို စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်ပါတယ်။