လိင် အမြတ်ထုတ်မှုဖြင့် စွပ်စွဲခံထားရသော NUG အရာရှိအား အရေးယူရန် အမျိုးသမီးများ ဖိအားပေး

လိင် အမြတ်ထုတ်မှုဖြင့် စွပ်စွဲခံထားရသော NUG အရာရှိအား အရေးယူရန် အမျိုးသမီးများ ဖိအားပေး

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ အိန္ဒိယ-မြန်မာ ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဆလိုင်းအိုက်ဇက်ခင်က လက်အောက် ဝန်ထမ်းအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို အမြန်ဆုံး အရေးယူပေးရန် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက NUG အား တောင်းဆိုလိုက်သည်။

အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ခြိမ်းခြောက်နေသည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်သော ဖြစ်စဉ်များ ကို အပြစ်ပေး အရေးယူမှု မလုပ်ဆောင်ဘဲ ကင်းလွတ်ခွင့် ပေးနေမည်ဆိုပါက ကောင်းမွန်သည့် လူ့အသိုင်း အဝိုင်းတစ်ရပ်ကို တည်ဆောက်နိုင်မည် မဟုတ်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အတွင်းရေးမှူး နာင်းမို့မို့က “စစ်တပ်ကို တော်လှန် နေရင်းနဲ့ တော် လှန်နေတဲ့ ဒီအဖွဲ့အစည်းတွေ ကိုယ်တိုင်က အဲလိုလုပ်နေတယ်ဆိုရင်တော့ ကျမတို့ တကယ် မျှော်မှန်းတဲ့ လူ့ ဘောင်သစ် တစ်ရပ်ပေါ့နော်၊ တကယ့်ကို ငြိမ်းချမ်းပြီးတော့ တရားမျှတတဲ့ လူ့ဘောင်တစ်ခုကို မဖော်ဆောင်နိုင် မှာကိုတော့ ကျမတို့ စိုးရိမ်တယ်။ ပြီးရင် ဒီလိုပဲသွားနေမယ်ဆိုရင် သေချာတယ်ပေါ့နော် ပြစ်ဒဏ်ပေးခြင်း က နေပြီးတော့မှ ကင်းလွတ်ခွင့် ပေးမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ ဘဝတွေက မလုံခြုံနေဘူး ဆိုရင် ငြိမ်းချမ်း ပြီး တရားမျှတတဲ့ လူ့ဘောင်အဖွဲ့အစည်းတွေလည်း ပေါ်လာမှာ မဟုတ်ဘူးပေါ့” ဟု ပြောသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယကိုယ်စားလှယ်ရုံး ကိုယ်စားလှယ်မှ လက်အောက် ဝန်ထမ်းအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သည်ဟု အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူများမှ ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြပြောဆိုခဲ့ပြီးနောက် ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူဆောင် ရွက်လျက်ရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇွန်လ ၂၅ ရက်နေ့ တွင်  ပြန်လည် အသိပေးထုတ် ပြန်ထားသည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများမှ ကြိုဆိုလိုက်ပြီး NUG အနေဖြင့် အပြောဖြင့်မဟုတ်ပဲ လက်တွေ့  အရေးယူဆောင်ရွက်ရန် လိုအပ်သည်ဟု အမျိုးသမီးအရေး တက်ကြွ လှုပ်ရှား သူ မမီးငယ်က ပြောသည်။

“လူပြလို့ကောင်းအောင်ပဲ ဘယ်မူရှိတယ် ဘာမူရှိတယ် ဒီဟာကသိပ်ပြီးတော့ အကျိုးမရှိဘူးပေါ့နော်။ အဲ့ဒါ ထက် ရှိတဲ့မူတွေကို ကျမတို့ တစ်ကယ် လိုက်နာကျင့်သုံးဖို့လိုတယ်၊ မဟုတ်ဘူးဆိုရင် ဒီဟာတွေက ကျမတို့ အချင်းချင်းကြားမှာ ယုံကြည်မှုတွေ လျှော့နည်းစေတယ်။ အချင်းချင်းကြားမှာ အဆင်မပြေမှုတွေ ပိုမိုပြီးမှ ကျမတို့ကြားမှာ အအက်အကွဲကြောင်းတွေ ပိုမိုပြီးများစေတယ်။”

ထို့အပြင် နစ်နာသူအတွက် အမှန်တရားရရှိရန် သက်ဆိုင်သော အဖွဲ့အစည်းများ အနေဖြင့် ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် ဆောင်ရွက်သွားရန် လိုအပ်သည်ဟု မမီးငယ်က ဆက်ပြောသည်။

“အာဏာရှိတဲ့သူတွေက သူတို့ရဲ့အာဏာကို အလွဲသုံးစားလုပ်ပြီးမှ အားနည်းတဲ့သူတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ တွေ့ရတယ်ပေါ့နော်။ အဲ့တော့ မီဒီယာသော်လည်းကောင်း၊ ဝန်ကြီးဌာနတွေ သော်လည်း ကောင်း မှန်မှန်ကန်ကန် ရပ်ဖို့လိုတယ်၊ ဒါမှမဟုတ်ရင် ကျမတို့ရဲ့ တော်လှန်ရေးအတွက်ကို အင်မတန် နစ်နာစေ တဲ့ အရာဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် အခုအမှုသော်လည်းကောင်း တခြားအမှုတွေကိုလည်း တကယ် ပွင့် လင်းမြင်သာစွာနဲ့ မှန်မှန်ကန်ကန် အမှန်တရားဘက်ကို ရပ်ရဲဖို့လိုတယ်။”

ဆလိုင်းအိုက်ဇက်ခင်၏ လိင်အမြတ်ထုတ်သည့်အမှု အဖြစ်မှန် ပေါ်ပေါက်ရေးနှင့် တရားမျှတမှု ရရှိသည်အထိ ဆက်လက် တွန်းအားပေး လုပ်ဆောင်သွားမည်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

ကျူးလွန်ခံရသူ အမျိုးသမီးသည် NUG ၏ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးတွင် အတွင်းရေးမှူးအဖြစ် ၂၀၂၃ ဧပြီလမှ စတင်ခန့်အပ်ခံရပြီးနောက် (၁၀) လ တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဆိုကြသည်။

ထိုသို့ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း အထက်လူကြီးဖြစ်သူ ဆလိုင်းအိုင်းဇက်ခင်က လိင်ပိုင်းဆိုင် ရာ အကြမ်းဖက် အမြတ်ထုတ်မှု လုပ်ခဲ့သည့်အတွက် အရေးယူဆောင်ရွက်ပေးရန် NUG နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်းဇွန်လ ၂၅ ရက်နေ့တွင် ဆလိုင်းအိုက်ဇက်ခင်မှ Mizzima  သတင်းဌာန နှင့် အင်တာဗျူးတွင် ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် ကွဲလွဲမှုများရှိနေသည်ကို တွေ့ရသည်။ လိင်ပိုင်းဆိုင်ရာ အားကျူးလွန်ခဲ့သည် ဆိုသော စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်းနှင့် မိမိ၏ လက်အောက် ဝန်ထမ်းများအား မိသားစုကဲ့သို့သာ ဆက်ဆံခဲ့သည်ဟု ဖြေကြားထားသည်။

July 6, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းအချို့အား ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက...
July 6, 2024
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ အရပ်သားပြည်သူ...
July 5, 2024
ထားဝယ်ခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းက သံဃာတော်များသည် စစ်ကောင်စီကို ဆန့်ကျင်ကံ...
ရဲဝံ့စွန့်စာ ပြည့်ချစ်သား (အမှတ်-၉ စစ်အခြေခံ ခြေလျင်တပ်သားသစ် သင်တန်းဆင်းပွဲ)
July 5, 2024
စစ်မှုထမ်းရှောင်ရန် ပိုက်ဆံပေးထားသူများအတွက် လူအစားထိုးရန် အပြစ်မဲ့ပြည်သူများကို စစ်ကောင်စီက...