Published
Monday, July 01, 2024
မျောက်ချောကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ရေဖြူဒေသကို စစ်တပ်က အင်အားအလုံအရင်းနဲ့ ဝင်ရောက်လာ
- မျောက်ချောကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ရေဖြူဒေသကို စစ်ကောင်စီတပ်ဟာ အင်အားအလုံအရင်းနဲ့ ဝင်ရောက်လာနေတယ်လို့ တော်လှန်ရေးမဟာမိတ် အင်အားစုတွေက ပြောပါတယ်။
- တိုက်ပွဲအခြေအနေပြန်လည်ငြိမ်သက်သွားတဲ့အတွက် နေရပ်ပြန်ဝင်လာတဲ့ မွန်-ကရင် ဂျိုင်းမြစ်ဝှမ်းဒေသတစ်လျှောက်က ဒေသခံအမျိုးသမီးတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခံနေရပါတယ်။
- တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံ ရာနဲ့ချီ ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာနေကြပါတယ်။