အင်းတော်မြို့နယ် နန့်သာရွာစခန်းကို သိမ်းပိုက်ပြီး အလောင်း(၁၄)လောင်းနှင့် လက်နက်များသိမ်းဆည်းရမိ

အင်းတော်မြို့နယ် နန့်သာရွာစခန်းကို သိမ်းပိုက်ပြီး အလောင်း(၁၄)လောင်းနှင့် လက်နက်များသိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီအထက်ပိုင်း အင်းတော်မြို့နယ် နန့်သာကျေးရွာမှာ တပ်စွဲထားတဲ့  စစ်ကောင်စီရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးအင်အားစုများက ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အလောင်း(၁၄)လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိတယ်လို့ အမှတ်(၁)စစ်ဒေသက ဖော်ပြလာပါတယ်။

အင်းတော်မြို့နယ် နန့်သာကျေးရွာစခန်းတွင် ဗိုလ်ကြီး ပြုံးမောင်မောင် ဦးစီးတဲ့ တပ်မ - ၇၇ လက်အောက်ခံ ခလရ-၆ ကို တော်လှန်ရေးအင်အားစုတွေဖြစ်သည့် ကသာခရိုင် တပ်ရင်း-၂၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တွေက ယမန်နေ့ ၄ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အင်းတော်-ဗန်းမောက်လမ်းပေါ်ရှိ နန့်သာကျေးရွာတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီအလောင်း(၁၄)လောင်း၊ လက်နက်မျိုးစုံ(၂၀)လက်၊ ဒရုန်းဖြတ်လက်နက်(၁)လက်၊ ကျည်မျိုးစုံ (၈၄၉၂)တောင့်၊ ဗုံးသီးမျိုးစုံ(၄၂)လုံး၊ မိုင်းမျိုးစုံ(၁၅)လုံး၊ ကျည်အိမ်မျိုးစုံ(၄၁)ခု၊ ဆက်သွယ်ရေးစက် (၁၂)လုံး၊ ကြားဖြတ်စက်(၁)လုံး၊ Power Station(၁)လုံး၊ ဦးထုပ်(၁၁)လုံး၊ ဆန်အိတ်(၄၁)အိတ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီက သက္ကယ်ကျင်းကနေ နန့်သာဘက်ကို စစ်ကူသွားခဲ့ပေမယ့် တော်လှန်ရေးအင်အားစုများ၏ ဟန့်တားတိုက်ခိုက်မှုကြောင့် ရှေ့မဆက်နိုင်ဖြစ်ကာ လေယာဥ်ပစ်ကူနှင့် အမြောက်ပစ်ကူများ အကူအညီတောင်းပြီး နောက်ဆုတ်သွားရတယ်လို့ နန့်သာဒေသခံတစ်ဦးထံကနေ သိရှိရပါတယ်။

“နန့်သာက ဆုတ်လိုက်ရတယ်တဲ့။ သက္ကယ်ကျင်းဘက် ဆုတ်လိုက်တယ်။ မနေ့ညကကြီးနဲ့ ဆုတ်နေတာ ပြောတာကြီးကို။  အနောက်က သက္ကယ်ကျင်းက တပ်က စစ်ကူလာတယ်တဲ့။ ဒါပေမယ့် မထိုးဖောက်နိုင်တာကြောင့်မို့ နန့်သာဘက် မရောက်နိုင်ဘူး။ မရောက်နိုင်တာကြောင့်မို့ လေယာဥ်ပစ်ကူတောင်းပြီးမှ အမြောက်ပစ်ကူ တောင်းပြီးမှ နောက်ဆုတ်သွားတယ်ပြောတယ်။” လို့

အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်သွားလမ်းပေါ်ရှိ နန့်သာကျေးရွာသည် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် တပ်စွဲနေသည့် နေရာတစ်ခုပဲ ဖြစ်ပါတယ်။

နန့်သာကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့မှာလည်း  လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ နီးပါးသေဆုံးခဲ့တယ်လို့ indaw revolution IR အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Most read this week

June 28, 2024
စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် နဲ့ KIA+PDF...
June 27, 2024
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသအတွင်းမှာ  တိုက်ပွဲများဖြစ်ပွားခဲ့ပြီး...
June 26, 2024
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာမှာ ဒီနေ့ဇွန်လ(၂၆)ရက်နေ့တစ်ရက်တည်းမှာပင် ...
June 12, 2024
ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှာ  ဇွန်လ ၁၀ ရက်နေ့ည ၇ ခွဲကျော်အချိန်က...