ရှားတောမြို့မှာ နာတာရှည်ရောဂါသည်တွေအတွက် ဆေးဝါးမလုံလောက်

ရှားတောမြို့မှာ နာတာရှည်ရောဂါသည်တွေအတွက် ဆေးဝါးမလုံလောက်

ကရင်နီပြည်၊ ရှားတောမြို့နယ်ထဲက စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ နာတာရှည်ရောဂါသည်တွေအတွက် မှီဝဲသုံးစွဲဖို့ ဆေးဝါးမလုံလောက်မှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

ရှားတောမြို့နယ်က ဒေသခံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ဆေးဝါးတွေကို ကိုယ်တိုင်မဝယ်ယူနိုင်ကြဘဲ ဆေးဝါးတွေကိုသာ အဓိက မှီခိုနေရတာပါ။

“ခုနကပုံစံလိုမျိုးဆိုရင် လူနာတွေက အရမ်းများတယ်ပေါ့နော။ စောနကပြောတဲ့ နာတာရှည်ရောဂါသည်လိုမျိုး ပုံမှန်ဆိုရင် ရှားတောက ကျန်းမာရေးစောင့်ရှောက်မှု အစကတည်းက မလုံလောက်မှုတွေ ရှိနေတဲ့အတွက် ဆေးခန်းတွေ တစ်ရက်တစ်ရက်လာတာက တအားများတယ်ပေါ့နော။ ဆေးခန်းတွေက သူတို့အတွက်နဲ့ ကုန်သွားတာမျိုးတွေရှိတဲ့အတွက် ဒီဆေးတွေက မသွင်းနိုင်သေးဘူး။ ဆေးပြတ်လပ်မှုတွေမျိုးနဲ့လည်း ပြန်ကြုံတွေ့ရတယ်ပေါ့နော။” လို့ ရှားတောမြို့နယ် ( ဆိုမို ဖရေဆိုးလဲမြို့နယ်ရဲ့ အတွင်းရေးမှူး) မမဲမိုးက ပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ ၁ လေးလုံး စစ်ဆင်ရေးနောက်ပိုင်း ရှားတောမြို့နယ်ထဲကို ကုန်စည်စီးဆင်းဖို့ ပိုမိုခက်ခဲလာပါတယ်။

အဲ့ဒါကြောင့် အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးတွေလည်း ပြတ်လပ်နေတဲ့ အခြေအနေနဲ့ ကြုံနေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်စျေးနှုန်း ပိုမိုမြင့်တက်လာသလို၊ လမ်းပန်းဆက်သွယ်ရေးပိုမိုခက်ခဲလာတာကြောင့်လည်း ဆေးခန်းတွေမှာ ဆေးဝါး မပြတ်အောင်ထားဖို့က ပိုမိုခက်ခဲနေတယ်လို့ ဆိုပါတယ်။

“ ပိုက်ဆံတွေက အလှူငွေတွေလည်း မရှိဘူး။ ရှိတဲ့ အလှူငွေတွေ တခါတလေရှိရင်လည်း သွားဝယ်ရတာလည်း အဆင်မပြေဘူး။ ကိုယ်က ပိုက်ဆံရှိသလောက်လည်း အဲဒီဆေးဝါးတွေကို ဝယ်ရ ပြုရတာလည်း အဆင်မပြေဘူး။ အဲဒီလိုမျိုးကို ကြုံတွေ့ရတယ်ပေါ့နော။ ရှားတော ခါကျတော့ ဝယ်ရတာလည်းမပြောနဲ့။ ရှိလည်းမရှိဘူး။ ပြီးတော့ သယ်ရတာလည်း တကယ် အဆင်မပြေဘူး။ အဲဒီလိုမျိုးဖြစ်ပါတယ်။” လို့ မမဲမိုက ဆက်ပြောပါတယ်။

ဒီလိုအခက်အခဲတွေကြောင့် နာတာရှည်ရောဂါခံစားနေရသူတွေဟာ ဆေးဝါးပုံမှန် မမှီဝဲနိုင်တဲ့အတွက် ရောဂါပိုပြင်းထန်စေနိုင်တဲ့ အစားအသောက်တွေကို ရှောင်ရှားတာမျိုးတွေကိုသာ ပိုမိုလုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ နာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါတွေ အဖြစ်များနေပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကနေ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးတွေကို ကူညီဆောင်ရွက်ပေးနေတာရှိပေမယ့် လုံလောက်မှုမရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိ ရှားတောမြို့နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့သူ ၁၈၀၀ ကျော်ရှိနေသေးတယ်လို့ သိရပါတယ်။

Most read this week

July 1, 2024
ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ဇွန်လနောက်ဆုံးအပတ်ကစပြီး ကလေးအပါအဝင်...
June 28, 2024
ရှမ်းပြည်တောင်ပိုင်းမှာ ဇွန်လ ၉ ရက် ကနေ ၂၂ ရက်နေ့အတွင်း ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့ရတဲ့...
June 27, 2024
ဒီးမော့ဆိုမြို့နယ်အနာက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကျူးလွန်သူ...
June 26, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ဌာနဆိုင်ရာအလိုက်...