မြန်မာဆန် ပြတ်တောက်မှု မဲဆောက်ဈေးကွက်အထိ သက်ရောက်လာနေ

မြန်မာဆန် ပြတ်တောက်မှု မဲဆောက်ဈေးကွက်အထိ သက်ရောက်လာနေ

ယခုဇွန်လအတွင်း မိုးရက်ဆက်ရွာသွန်း၍ မြဝတီ-ကော့ကရိတ်လမ်းပိုင်းပျက်စီးပြီး ပြည်တွင်း ဆန်ကားများ မရောက်ရှိနိုင်ခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ဆန်ဆိုင်များတွင် အရောင်းပြတ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်အထိ တင်ပို့ရောင်းချမှုပါ မြန်မာဆန်အဝင် မရှိတော့ကြောင်း မဲဆောက်မြန်မာကုန်စုံနှင့်ဆန်အရောင်းဆိုင်များထံမှ သိရသည်။

‌“မြန်မာဘက်မှာ လမ်းတွေပျက်နေတော့ ဆန်ကားတွေ တက်မလာနိုင်ဘူး။ အရင်က လမ်း အကောက် အစား ကြီးပေမယ့် ဆန်ရောက်တယ်။ အခုက လမ်းပျက်တော့ ကားပျက်တာ ရှိတယ်။ ကားပိတ်တာ ရှိ တယ်။ အခုဆန်က သယ်ဖို့ရောင်းဖို့ စစ်တပ်က ဖမ်းတာရှိလာတော့ မြဝတီနယ်စပ်ကို ဆန်ရောက်ဖို့ မလွယ်တော့ဘူး။ မြန်မာပါးစပ်က မြန်မာဆန်ဘဲ စားကြတာဆိုတာ့ အခုထိုင်းခေါက်မလိ ဆန်ပဲ ရောင်းပေးရတော့တယ်။ မဲဆောက်ဘက်မြန်မာဆန်မဝင်ဘူး ဖြစ်နေတယ်”ဟု မဲဆောက်ဈးက မြန်မာ ကုန်စုံနှင့် မြန်မာဆန် ရောင်းချသူက ပြောသည်။။

ယခုလတ်တလော မြဝတီမြို့တွင် ပြည်တွင်းဆန်ကား ဝင်ရောက်လာမှုအခြေအနေကို ချင့်ချိန် ပြီး ဆန် ဆိုင်များက ဆန်ကြမ်း ၆ ပြည် အိတ် အသေးတစ်အိတ်ကို ၃၅၀၀၀ မှ ၄၀၀၀၀ ကျပ်နှုန်းနှင့် လူဦးရေ အကန့်အသတ်ဖြင့်ရောင်းချမှုမျိုးရှိပြီး ဆန်ဆိုင်အများစုမှာ ဆန်အဝင်မရှိ၍ ဆိုင်ပိတ်ထားရကြောင်း မြဝတီမြို့ခံ ဆန်ဆိုင်ရှင်များက ပြောသည်။

မြဝတီမြို့မဈေးကြီးတွင် ဆန်ဝယ်ယူခဲ့သူ ရပ်ကွက်သားတစ်ဦးက “ဆန်ကား မြဝတီဝင်တဲ့ဆိုင် တချို့ ကတော့ ဝင်တဲ့ဆန်ကို ချရောင်းပေးတယ်။ ဝယ်တဲ့သူကလည်း ဘယ်နှစ်ပြည်လည်း မမေးအားဘူး၊ ရောင်းပေးရင်တော်ပြီ။ ၆ ပြည်အိတ် သေးလေးတွေကိုရောင်းပေးနေတာ၊ အိတ်ကြီးတွေ ကတော့ ပြန်ခွဲရောင်းဖို့၊ ဈေးထိန်းရောင်းဖို့ ချန်ထားကြတာမျိုးတော့ တွေ့ရတယ် ”ဟု  ပြောသည်။

လက်ရှိတွင် မြဝတီဆန်ပေါက်ဈေးမှာ ဆန်ချောပေါ်ဆန်းမွှေး တစ်အိတ်ကို ၂၈၀၀၀၀ ကျပ်အထိဈေး ရှိနေပြီး မဲဆောက်မြို့ ဘက်တွင်မူ ဘတ် ၃၂၀၀ မှ ၃၅၀၀ ခန့်အထိဈေးရှိသလို ၆ ပြည်အိတ် သေးတစ်အိတ်လျှင် ဘတ် ၅၇၀ ခန့် မှ ဘတ် ၆၀၀ အထိ ကမ်းကူးခ ပေါ်မူတည်ပြီး ဈေးခေါ်ရောင်းချ ကြသော်လည်း မြန်မာဆန်အရောင်းပြတ်နေကြောင်း သိရသည်။

မဲဆောက်ဘက်အခြမ်း နေထိုင်ကြသည့် မြန်မာနိုင်ငံသားအများစုမှာ ထိုင်းခေါက်မလိ ဆန်အမျိုး အစား အကြမ်း/အချော အလိုက်  ၆ ပြည်အိတ် ၊ ၅ ကီလိုအိတ်၊ ၁၀ ကီလိုအိတ် ဈေးနှုန်း မှ ပျမ်းမျှဘတ် ငွေ ၂၀၀ ဝန်းကျင်သာရှိသည့် ဆန်ကိုသာဝယ်ယူ စားသုံးနေကြကာ စားသောက်တတ်မှုအလေ့အကျင့် ဖြစ် လာပါက ဈေးချို ပြီးစား၍အဆင်ပြေသော ထိုင်းဆန်ကိုသာ အစားများလာမည်ဟု မဲဆောက်ဈေး အတွင်း ဆန်ရောင်းချသူများက ပြောဆိုကြသည်။

Most read this week

July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...
July 1, 2024
မြဝတီမြို့သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် မြဝတီ အာရှလမ်းသစ်...
July 1, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်ရှိ ကရင်အမျိုး...
June 28, 2024
ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်အတွင်း လူ (၅) ဦးထက်ပိုမစုရအမိန့်ကို စစ်ကောင်စီက...